အရက်မူးပြီး လမ်းဘေးခွေးကို အိမ်ခေါ်လာခဲ့မိတာက‌နေ မွေးစားဖြစ်သွားတဲ့ ထိုင်းအမျိုးသား

7-10-2020-yyl-012.jpg

စာဖတ်ပရိသတ်တွေရော အရက်မူးတဲ့အခါ ဘာလုပ်မိတတ်ကြလဲ..။ တချို့တွေကတော့ အရက်မူးရင်စကားအရမ်းများတာ၊ အရမ်းရယ်တာ၊ ကခုန်တာတွေလုပ်တတ်ကြပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံက အမျိုးသားတစ်ယောက်ကတော့ သူ အရက်မူးတဲ့အချိန်မှာ လုပ်မိခဲ့တာအရာက ထူးထူးဆန်းဆန်းပါပဲ။ Yutthaphum “Boom” Kaewekhem ဆိုတဲ့ အမျိုးသားတစ်ဦးက သူ အရက်မူးသွားတဲ့အခါမှာ လမ်းဘေးခွေးတစ်ကောင်ကို အိမ်ကို ခေါ်သွားခဲ့တာပါ။ သူ့ရဲ့အဖြစ်က ရယ်တော့ရယ်ချင်စရာပါပဲ။ ဒါပေမဲ့ လမ်းဘေးခွေးတစ်ကောင်အတွက် သခင်ရှိတဲ့ ထာဝရအိမ်လေးမှာ နေထိုင်ခွင့်ရသွားခဲ့ပါတယ်။

Boom ရဲ့အဖြစ်က ဒီလိုပါ။ Boom က Saimai ရပ်ကွက်ထဲက BBQ ဆိုင်လေးရဲ့ပုံမှန်လာနေကျဖောက်သည်တစ်ယောက်ပါ။ အောက်တိုဘာ ၂ ရက်နေ့မှာ Boom ဟာ သူ့သူငယ်ချင်းနဲ့ အဲဒီဆိုင်လေးကို သွားစားခဲ့ပြီး ဘီယာသောက်ကာ မူးသွားခဲ့ပါတယ်။ သူ အိပ်ရာကနိုးလာတော့ ခွေးတစ်ကောင်ရဲ့ဘေးမှာ သူ အိပ်မိတာကို သိလိုက်ရပါတယ်။ ဒီခွေးက ဘာလို့ သူ့အိပ်ရာဘေးမှာ ရှိနေတာလည်းဆိုတာ သူ နားလည်ရခက်နေခဲ့ပါတယ်။ နောက်တော့ သူ မူးတဲ့အချိန် ရိုက်ထားတဲ့ ဗီဒီယိုကို ကြည့်မိရာမှ သူ အမှတ်ရသွားပါတော့တယ်။

အောက်တိုဘာ ၃ ရက်နေ့မှာ Boom က အိမ်ကို ခွေးခေါ်လာခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ခဲ့ပါတယ်။ ဗီဒီယိုလေးတွေထဲမှာ Boom က သူ့ကားထဲ ခွေးကို ထည့်ဖို့ အကြိမ်ကြိမ်ကြိုးစားနေတာတွေ့မြင်ခဲ့ရပါတယ်။ ကားထဲ ခွေးကို ထည့်လိုက်တိုင်း ခွေးက ခုန်ထွက်နေပါတယ်။ နောက်တော့ Boom က အဲဒီခွေးကို အိမ်ခေါ်သွားနိုင်ခဲ့ပါတယ်။ အိပ်ရာနိုးလာတဲ့အချိန်မှာ ခွေးကိုတွေ့တော့ နည်းနည်းတော့ ခေါင်းရှုပ်သွားခဲ့ရပါတယ်။ သူ တင်ခဲ့တဲ့ ဗီဒီယိုတွေက ဖေ့စ်ဘွတ်ခ်မှာ တော်တော်လေးကို နာမည်ကြီးသွားခဲ့တာပါ။ အင်တာနက်အသုံးပြုသူတွေကလည်း သူ့ရဲ့ဇာတ်လမ်းလေး ဘယ်လိုအဆုံးသတ်မလဲ သိချင်တဲ့အတွက် သူ့အကောင်းကို Follow လုပ်ခဲ့ကြပါတယ်။

နောက်တော့ Boom က ခွေးကို သူခေါ်လာခဲ့တဲ့ BBQ ဆိုင်ကို ပြန်ခေါ်သွားခဲ့ပြီး စားစရာတွေကျွေးမွေးခဲ့ပါတယ်။ ဒါပေမဲ့ ခွေးလေးက စတိုးဆိုင်မှာ စွန့်ပစ်ခံထားရတယ်ဆိုတာ Boom သိခဲ့ရပါတယ်။ ဒါကြောင့် သူ့နဲ့အတူ နေထိုင်ဖို့အတွက် သူ့အိမ်ကို ပြန်ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခွေးလေးကလည်း Boom ကို တွေ့ရတော့ အရမ်းပျော်နေတာပါ။ Boom က ခွေးလေးကို သူ ပထမဆုံးတွေ့ခဲ့တဲ့ နေရာလေးကို inspire လုပ်ပြီး Moo Ta ဆိုတဲ့ နာမည်တောင် ပေးခဲ့ပါတယ်။ Moo Ta ကို ကျန်းမာရေးစစ်ဆေးဖို့နဲ့ ကာကွယ်ဆေးထိုးပေးဖို့အတွက် တိရစ္ဆာန်ဆေးကုခန်းကို မခေါ်သွားခင် Boom က ရေတောင်ချိုးပေးခဲ့ပါတယ်။

Boom အရက်မူးပြီး ခွေးလေးကို အိမ်ခေါ်သွားခဲ့တဲ့ ရယ်စရာအဖြစ်အပျက်က စွန့်ပစ်ခံခွေးလေးအတွက် ကံကောင်းတဲ့ ဖြစ်ရပ်လေးဖြစ်သွားခဲ့ပါတယ်။ အဲဒီနေ့က Boom ကို Moo Ta တွေ့ဆုံမိခဲ့တာ အရမ်းကံကောင်းခဲ့ပါတယ်။ အခုဆိုရင် ဆာလောင်မှုတွေ၊ သခင်မရှိဘဲ နေထိုင်ရတဲ့ အထီးကျန်မှုတွေ ခံစားရတော့မှာမဟုတ်ပါဘူး။ Moo Ta က သူ့အပေါ် ကြင်နာတတ်တဲ့သခင်နဲ့အတူ နေထိုင်နေရပါပြီ။ Boom နဲ့ Moo Ta တို့အကြောင်း သိချင်သေးရင် Boomရဲ့ ဖေ့စ်ဘွတ်ခ်အကောင့် https://www.facebook.com/boom.drohnen မှာ သွားကြည့်လို့ရပါတယ်။ Boom ရဲ့အကြောင်းကတော့ ထိုင်းမီဒီယာတွေမှာ တွေ့မြင်နေရပါတယ်။

ဗီဒီယိုကြည့်ရှုရန်

Ref: TheSmartLocakThailand “Drunk Man Brings Random Stray Dog Home, Wakes Up Confused & Decides To Adopt Her”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top