ရုရှားခရီးစဉ်အတွက် တရုတ်သမ္မတရဲ့လက်ဆောင် ပန်ဒါနှစ်ကောင်

61959429_2414369965260576_7527247232135856128_n.jpg

အရင်ခေတ်ကတည်းက နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ရွှေလမ်းငွေလမ်းခင်းရင် လက်ဆောင်ပဏ္ဍာတွေ ပေးအပ်လေ့ရှိပါတယ်။ တချို့ကလည်း သမီးကညာပါဆက်သပြီး ချစ်ကြည်ရေးတည်ဆောက်ကြပါတယ်။ ရုရှားနိုင်ငံကို (၃) ရက်ကြာခရီးစဉ်သွားရောက်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ ပန်ဒါဝက်ဝံနှစ်ကောင် ယူသွားပြီး ချစ်ကြည်ရေးတည်ဆောက်ခဲ့ပါတယ်။ ဒါကြောင့်လည်း မီဒီယာတွေက တရုတ်နိုင်ငံရဲ့ ”panda diplomacy”လို့ သုံးနှုန်းခဲ့ကြပါတယ်။

ကုန်သွယ်ရေးပဋိပက္ခကနေ အစပြုပြီး အမေရိကန်နဲ့ ဆက်ဆံရေးတင်းမာလာချိန်မှာ ရှီကျင့်ဖျင်ရဲ့ ရုရှားခရီးစဉ် ဖြစ်ပေါ်လာတာပါ။ ရုရှားနိုင်ငံကလည်း ယူကရိန်းအရေးကြောင့် အနောက်အုပ်စုနဲ့ ဆက်ဆံရေးတင်းမာနေပါတယ်။ ဒီခရီးစဉ်ဟာ ဟွာဝေးကုမ္ပဏီကိုလည်း ဖောက်သည်အသစ်ရှာပေးနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဟွာဝေးကုမ္ပဏီဟာ လာမယ့်နှစ်အတွင်း ရုရှားနိုင်ငံမှာ 5G ကွန်ရက်တည်ဆောက်နိုင်ဖို့အတွက် ရုရှားနိုင်ငံရဲ့ MTS ဆက်သွယ်ရေးကုမ္ပဏီနဲ့ သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ ရုရှားသမ္မတပူတင်ဟာ သူ့ရဲ့အကောင်းဆုံးမိတ်ဆွေပါလို့ ဆိုခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top