ဖခင်က ငါးမန်းကိုလက်သီးနဲ့ထိုးပြီး သမီးကိုကယ်တင်

62520865_2414369861927253_3425015756025233408_n.jpg

အမေရိကန်နိုင်ငံ မြောက်ပိုင်းကာရိုလိုင်းနားပြည်နယ်က အမျိုးသားတစ်ယောက်ဟာ ငါးမန်းကို လက်သီးနဲ့ ငါးချက်ထိုးပြီး သမီးဖြစ်သူကို ကယ်တင်ခဲ့ပါတယ်။ အသက် (၁၇) နှစ်ရှိတဲ့ ပိုင်ဂျီဝင်တာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အတ္တလန ္တိတ်ကမ်းခြေမှာ ငါးမန်းကိုက်ခံခဲ့ရပါတယ်။ ငါးမန်းက သူ့သမီးကို လွှတ်ပေးအောင်လို့ ဖခင်ဖြစ်သူ ချာလီဝင်တာက ငါးမန်းကို လက်သီးနဲ့ထိုးခဲ့ပါတယ်။ ချာလီဝင်တာဟာ မရိန်းတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီး ကျန်းမာရေးအဖွဲ့ဝင်၊ မီးသတ်တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။ အဲဒီနောက်မှာ ငါးမန်းက ပိုင်ဂျီဝင်တာကို လွှတ်ပေးခဲ့ပါတယ်။

ပိုင်ဂျီဝင်တာကို အရေးပေါ်ရဟတ်ယာဉ်နဲ့တင်ပြီး ဂရင်းဗီးလ်မြို့က ဗီဒန့်ကျန်းမာရေးစင်တာ ပို့ခဲ့ပါတယ်။ ပိုင်ဂျီဝင်တာဟာ ငါးမန်းကိုက်ခံရလို့ လက်ချောင်းတချို့ ပြတ်ထွက်သွားပြီး ဘယ်ဘက်ခြေထောက်လည်း ဒူးအထက်ကနေ ပြတ်ခဲ့ပါတယ်။ ပိုင်ဂျီဝင်တာကတော့ ငါးမန်းကိုက်လို့ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပေမဲ့ လူသားတွေအနေနဲ့ သူတို့ပတ်ဝန်းကျင်က ငါးမန်းတွေကို ဘေးအန္တရာယ်မပြုကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top