ချစ်သူရုပ်ရှင်ဒါရိုက်တာနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ အဆိုတော်ဒူအာ လီပါ

4.12.23-yyl-4.jpg

အဆိုတော် ဒူအာလီပါဟာ ရုပ်ရှင်ဒါရိုက်တာ ရိုမိန် ဂါဗရက်နဲ့ လမ်းခွဲလိုက်ပါပြီ။ အသက် ၂၈ နှစ် ဒူအာနဲ့ အသက် ၄၂ နှစ်အရွယ် ရိုမိန်တို့က အခုနှစ်ဖေဖော်ဝါရီလမှာ ချစ်သူတွေဖြစ်ခဲ့ကြပြီး လအနည်းငယ်အကြာမှာတော့ သူတို့ရဲ့အချစ်ဇာတ်လမ်းကို အဆုံးသတ်ခဲ့ပါတယ်။

“ဒူအာနဲ့ ရိုမနိန်တို့က နွေရာသီအချစ်ပြီးတဲ့နောက်မှာ လမ်းခွဲလိုက်ကြပါပြီ။ ဒူအာက သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ ပတ်သက်လာရင် အခြားအရာတွေကို မစဉ်းစားတော့ဘူး။ အခြေအနေမတင်းမာလာခင် သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကို အဆုံးသတ်လိုက်တာပါ။ ရိုမိန်က ဒူအာကို အလုပ်သရဲလို့ တွေးတယ်။ ဒူအာက တစ်စုံတစ်ခု (သို့) တစ်စုံတစ်ယောက်အတွက် အလျှော့ပေးဖို့ အစီအစဉ်မရှိဘူး”လို့ သတင်းအရင်းမြစ်တစ်ခုက The Sun သတင်းဌာနကို ပြောကြားခဲ့တာပါ။

ဒူအာက ဒါရိုက်တာရိုမိန်နဲ့မတွဲခင် ၂၀၂၁ ခုနှစ်က မော်ဒယ် အန်ဝါ ဟာဒစ်နဲ့ ၃ နှစ်နီးပါးဆက်ဆံရေးကို အဆုံးသတ်ခဲ့တာပါ။ အန်ဝါနဲ့ လမ်းခွဲပြီးနောက် ဆင်ဂယ်ဘဝနဲ့ ဖြတ်သန်းစဉ် ကိုယ့်အကြောင်းကိုယ် တော်တော်များများသိခဲ့ရတယ်လို့ ဒူအာက ပြောခဲ့ဖူးပါတယ်။

Ref: Dua Lipa splits from filmmaker Romain Gavras

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top