ခွဲစိတ်မှုပြီးရင် အသံကို ထိခိုက်နိုင်တာတောင် ဖခင်ဖြစ်သူအတွက် အသည်းတစ်ခြမ်းလှူဒါန်းပေးခဲ့တဲ့ ထိုင်ဝမ်အဆိုတော်

4.12.23-yyl-1.jpg

မကြာသေးခင်က ပေါလ်ချန်လို့ အမည်ရတဲ့ ထိုင်ဝမ်အဆိုတော်ဟာ ၂၀၂၃ ခုနှစ် Top Star သီချင်းဆိုပြိုင်ပွဲမှာ အနိုင်ရပြီး စင်ကာပူဒေါ်လာ ၄၂၅၀၀ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ခွဲစိတ်မှုကြောင့် သူ့အသံထိခိုက်မှာကို မမှု့ဘဲ အသည်းကင်ဆာခံစားနေရတဲ့ ဖခင်ဖြစ်သူကို ကယ်တင်ဖို့အတွက် သူ့အသည်းတခြမ်းကို လှူဒါန်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ခွဲစိတ်ကုသမှုခံယူရင် လည်ချောင်းနဲ့အဆုတ်တွေမှာ ပိုးဝင်နိုင်ပြီး သူ့ရဲ့အသံကို ထိခိုက်စေနိုင်တယ်လို့ သူ့ကို ဆရာဝန်တွေက သတိပေးခဲ့ပေမဲ့လည်း ဖခင်ဖြစ်သူ အသက်ရှင်ဖို့ ၆ လ – ၁ နှစ်သာရှိတော့တဲ့အတွက် အသည်းတခြမ်းလှူဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ အသည်းအစားထိုးကုသမှုကို နိုဝင်ဘာ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တာပါ။ ပေါလ်က သူ ကောင်းကောင်းသက်သာနေပြီး သူ့ဖခင် ပြန်လည်ကျန်းမာလာပြီး မိသားစုအားလုံးနဲ့ ဘေးကင်းစွာအတူနေနိုင်ဖို့ပဲ မျှော်လင့်တယ်လို့ ပြောပါတယ်။

အင်တာနက်အသုံးပြုသူတွေကတော့ သူနဲ့သူ့ဖခင်နှစ်ဦးလုံး အမြန်ပြန်ကောင်းလာဖို့ ဆုတောင်းပေးခဲ့ကြသလို သူ သီချင်းပြန်ဆိုတာကိုလည်း ထပ်ကြားရဖို့ မျှော်လင့်နေကြပါတယ်။

Ref: Taiwanese Singer Donates Part Of His Liver To Save Dad’s Life Even After Doctors Say His Singing Voice Would Be Affected After The Operation

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top