နိုင်ရာဂရာရေတံခွန်မှာ (၁၁၈) ပေအမြင့်ကပြုတ်ကျခဲ့သူ အသက်ရှင်

66666245_2475126799184892_1917650653681811456_n.jpg

နိုင်ရာဂရာရေတံခွန်မှာ (၁၁၈) ပေအမြင့်က ပြုတ်ကျခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့ ဒေသစံတော်ချိန် (၄) နာရီအချိန်က နိုင်ရာဂရာရေတံခွန်ရဲ့ မြေထိန်းနံရံပေါ် တက်ခဲ့တဲ့ အမျိုးသားတစ်ယောက် ပြုတ်ကျသွားတာကို ရဲတပ်ဖွဲ့က မြင်တွေ့ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ရေတံခွန်အောက်ဘက်မှာ လိုက်ရှာတော့ ကျောက်ဆောင်ပေါ် ထိုင်နေတဲ့ ဒီအမျိုးသားကို တွေ့ရှိခဲ့တာပါ။ သူဟာ အသက်အန ္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာဒဏ်ချက်မျိုး မရခဲ့ပါဘူး။

ဒါပေမဲ့ အမည်ခွဲခြားဖော်ပြခြင်းမရှိတဲ့ အဲဒီအမျိုးသားကို ဆေးရုံတင်ပို့ခဲ့ပါတယ်။ နိုင်ရာဂရာရေတံခွန်မှာ ရေပမာဏများနေတဲ့အတွက် အသက်ဘေးက လွတ်မြောက်ခဲ့တာလို့ နိုင်ရာဂရာရေတံခွန် တည်ရှိရာနေရာက မြို့တော်ဝန် ဒီယိုဒါတီက ပြောပါတယ်။ နိုင်ရာဂရာရေတံခွန်ဟာ မြောက်အမေရိကတိုက်ရဲ့ အကြီးဆုံး ရေတံခွန်ဖြစ်ပြီး အမေရိကန်-ကနေဒါနယ်စပ်မှာ တည်ရှိပါတယ်။ နိုင်ရာဂရာရေတံခွန် တည်ရှိတဲ့ နိုင်ရာဂရာဥယျာဉ်ကို နှစ်စဉ်နှစ်တိုင်း ခရီးသည် (၁၀) သန်း လာရောက်လေ့ရှိပါတယ်။ Buffalo News သတင်းဌာနရဲ့ ဖော်ပြချက်အရ နှစ်စဉ်နှစ်တိုင်း နိုင်ရာဂရာရေတံခွန်ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သေဆုံးကြံစည်သူ (၂၅) ယောက်ရှိတယ်လို့ သိရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top