မေဝယ်သာနေရာ ဆက်ခံချင်တယ်ဆိုတဲ့ အာရိုစပန့်ဂျူနီယာက မစ်ကေးဂါစီယာကို အနိုင်ယူ

54368145_2292141257483448_1870731756630441984_n.jpg

ပွဲတိုင်းနိုင် လက်ဝှေ့သမား မေဝယ်သာရဲ့နေရာကို ဆက်ခံချင်တယ်လို့ ထုတ်ပြောထားတဲ့ အာရိုစပန့်ဂျူနီယာဟာ မစ်ကေးဂါစီယာကို အပြတ်အသတ် အနိုင်ယူပြီး အောင်မြင်မှုခြေလှမ်းတစ်လှမ်း ထပ်လှမ်းနိုင်ခဲ့ပါတယ်။ အာရိုစပန့်ဂျူနီယာကို အမှတ်ပေးဒိုင်အားလုံးက တညီတညွတ်တည်း အနိုင်ပေးခဲ့ကြပါတယ်။ အဲဒီအတွက် သူဟာ ဝယ်တာဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်နဲ့ ရှုံးပွဲမရှိမှတ်တမ်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

အာရိုစပန့်ဂျူနီယာဟာ မစ်ကေးဂါစီယာကို လက်သီးချက် ရာနဲ့ချီပစ်သွင်းနိုင်ခဲ့ပြီး လက်သီးချက်တွေရဲ့ ထိချက်မှန်မှု ရာခိုင်နှုန်းကလည်း တော်တော်ကောင်းမွန်ခဲ့ပါတယ်။ အာရိုစပန့်ဂျူနီယာဟာ ပြိုင်ဘက်နဲ့ သူ့ရဲ့ကြားက အကွာအဝေးကို ချိန်ကိုက်ထိုးသတ်နိုင်ခဲ့ပြီး အချီတိုင်း ရမှတ်အသာစီး ယူနိုင်ခဲ့ပါတယ်။ အာရိုစပန့်ဂျူနီယာနဲ့ မစ်ကေးဂါစီယာတို့ ထိုးသတ်ခဲ့တဲ့ပွဲစဉ်ကို မေဝယ်သာ လာရောက်ကြည့်ရှုခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top