၄၅ နှစ်သားအရွယ်မှာ ဘောလုံးလောကထဲ တစ်ကျော့ပြန်ဝင်ရောက်လာတဲ့ ရော်ဘီဆာဗေ့ချ်

yyl-009-10.jpg

ဘလက်ဘန်းအသင်းနဲ့အတူ ထင်ရှားခဲ့တဲ့ ဝေးလ်လက်ရွေးစင် ကွင်းလယ်လူဟောင်း ရော်ဘီဆာဗေ့ချ်ကတော့ အသက် ၄၅ နှစ်အရွယ်မှာ ဘောလုံးလောကထဲကို တစ်ကျော့ပြန် ဝင်ရောက်လာခဲ့ပါတယ်။ ရော်ဘီဆာဗေ့ချ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လိဂ်ကလပ် မဟုတ်တဲ့ စတော့ပို့တောင်းအသင်းနဲ့အတူ စာချုပ်ချုပ်ဆိုခဲ့ပြီး ပြီးခဲ့တဲ့တနင်္လာနေ့ ညနေပိုင်းမှာ အင်္ဂလန် ဒဿမတန်းကလပ်နဲ့အတူ ပွဲဦးထွက် ကစားခွင့်ရရှိခဲ့တာပါ။

အော့စ်ဝက်စထရီတောင်းအသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဆာဗေ့က စတော့ပို့တောင်းအသင်းအတွက် အရန်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။ ရော်ဘီဆာဗေ့ချ်ဟာ ၂၀၁၁ ခုနှစ် မေလက ဒါဘီအသင်းအတွက် နောက်ဆုံးပွဲစဉ် ကစားခဲ့ပြီးနောက်ပိုင်း ဘောလုံးလောကနဲ့ အဆက်အသွယ် ပြတ်ခဲ့သူပါ။ မြက်ခင်းစိမ်းတွေနဲ့ ၈ နှစ်ကျော် အဆက်ပြတ်ခဲ့ပေမဲ့ ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရတဲ့ပွဲစဉ်မှာ ရော်ဘီဆာဗေ့ချ်က သပ်ရပ်တဲ့ ဘောလုံးထိန်းသိမ်းမှုတွေ လုပ်နိုင်ခဲ့ပါတယ်။ ၄၅ နှစ်သား အရွယ်မှာ ဘောလုံးလောကထဲ ပြန်လာတာဟာ လူထုဆက်ဆံရေးရအောင် ကြိုးစားတာမဟုတ်ဘဲ လူငယ်ကစားသမားတွေ တိုးတက်စေဖို့ ရည်ရွယ်တယ်လို့ ရော်ဘီဆာဗေ့ချ်က ပြောပါတယ်။

အသက် ၁၉ နှစ်သားအရွယ်မှာ မန်ယူကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ရော်ဘီဆာဗေ့ချ်ဟာ လက်စတာ၊ ဒါဘီ၊ ဘလက်ဘန်း စတဲ့ ကလပ်တွေနဲ့အတူ ပွဲစဉ် ၆၂၃ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့သူပါ။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top