အသည်းကွဲတဲ့အခါ ခန္ဓာကိုယ်မှာ ဖြစ်လာနိုင်တဲ့အရာများ

yyl11919032.jpg

ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့အခါမှာ ကျွန်တော်တို့တွေ နှလုံးသားနာကျင်တာကို သေချာပေါက်ခံစားရမှာပါ။ သင်နာကျင်တဲ့အခါ အလုပ်ကို အာရုံစိုက်ပြီးလုပ်ဆောင်နိုင်ကြမှာမဟုတ်ပါဘူး။ အဲဒီလိုဖြစ်တာတွေအပြင် အသည်းကွဲခြင်းကြောင့် ဖြစ်လာနိုင်တာတွေက နောက်ထပ်ရှိပါသေးတယ်။ ဒါကြောင့် အသည်းကွဲတဲ့အခါ ကျွန်တော်တို့ခန္ဓာကိုယ်မှာ နောက်ထပ်ဘာတွေဖြစ်လာမလဲဆိုတာကို ဖော်ပြပေးလိုက်ပါရစေ။

ကြွက်သားနာကျင်ခြင်း

အသည်းကွဲလို့ငိုပါများရင် ခေါင်းကိုက်လာတာအပြင် အိပ်ရာထဲနေတာများလာရင် လည်ပင်းနာတာတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒါတွေဖြစ်တာများလာရင် သင့်ကြွက်သားတွေ နာလာပြီး ရောင်ရမ်းလာပါလိမ့်မယ်။ သင့်ခြေထောက်တွေက လှေကားတတ်ဖို့၊ လမ်းအနည်းငယ်လျှောက်ဖို့တောင် သင့်အတွက် ခက်ခဲကောင်းခက်ခဲလာနိုင်ပါတယ်။ ကြွက်သားတွေရုတ်တရက် နာကျင်မှုတွေလည်းရနိုင်ပါတယ်။

ရင်ဘက်အောင့်ခြင်း

သင် နာကျင်ခံစားရတဲ့အခါ အသက်ရှုမဝသလိုခံစားရတယ်မလား။ တကယ်တော့ ဒါက သင့်စိတ်ထဲကဖြစ်တာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာနာကျင်မှုက တကယ်တော့ ရင်ဘက်မှာနာကျင်သလို ခံစားရစေနိုင်ပါတယ်။ တစ်စုံတစ်ယောက်က ရင်ဘက်ကိုထိုးလိုက်သလိုမျိုးခံစားရစေနိုင်ပါတယ်။

မျက်လုံးတွေမို့လာခြင်း

တစ်ညလုံးငိုနေတဲ့အတွက်ကြောင့် နောက်နေ့မနက်မှာ သိသိသားသား မျက်လုံးတွေမို့အစ်နေပါလိမ့်မယ်။ စိတ်ခံစားချက်ပြင်းပြင်းနဲ့ငိုတဲ့မျက်ရည်က အခြားအချိန်တွေမှာ ငိုတဲ့မျက်ရည်တွေထက်အငန်ဓာတ်နည်းပါတယ်။ စိတ်ခံစားချက်ကြောင့်၊ နာကျင်မှုကြောင့်ငိုတဲ့အတွက် သင့်မျက်လုံးတွေ ပိုပြီးဖောင်းလာတာဖြစ်ပါတယ်။

အစာအိမ်ပြဿနာ

သင့်ကြွက်သားတွေနာကျင်တဲ့အတွက်ကြောင့် သင့်ခန္ဓာကိုယ်ရဲ့ဟော်မုန်းဓာတ်တွေက ပြောင်းပြန်ဖြစ်သွားနိုင်ပြီး ဒါက အစာခြေစနစ်အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ စားချင်စိတ်မရှိတာ၊ ဝမ်းလျောတာ၊ ဗိုက်အောင့်တာတွေ ဖြစ်လာနိုင်ပါတယ်။

ကိုယ်အလေးချိန်များလာခြင်း

အသည်းကွဲခြင်းကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှုက ကိုယ်အလေးချိန်များလာနိုင်ချေရှိပါတယ်။ သင့်ခန္ဓာကိုယ်ရဲ့ဆဲလ်တွေက အင်ဆူလင်ကို တုံ့ပြန်မှုနည်းလာပါတယ်။ အဲဒါကြောင့် သင့်ခန္ဓာကိုယ်က အင်ဆူလင်ကို ပိုပြီးထုတ်လွှတ်ပေးရပါတယ်။ အဆီအဖြစ် သကြားဓာတ်တွေကို သိုလှောင်ထားတဲ့အတွက် သင့်ခန္ဓာကိုယ်က အလေးချိန်များလာတာဖြစ်ပါတယ်။

နှလုံးပြဿနာ

သင့်ခန္ဓာကိုယ်ရဲ့ ဟော်မုန်းဓာတ်တွေ မြင့်တတ်လာတဲ့အတွက် နှလုံးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အသည်းကွဲတဲ့သူတွေက နှလုံးရောဂါဖြစ်လာနိုင်ချေပိုများပါတယ်။

အသားအရေပြဿနာ

စိတ်ဖိစီးမှုဟော်မုန်းတွေများလာတဲ့အတွက် သင့်အသားအရေက မွဲခြောက်ခြောက်ဖြစ်လာနိုင်ပါတယ်။ ဝက်ခြံ၊အနီပိမ့်တွေပေါက်လာပြီဆိုရင် သင့်အသားအရေက နောက်ထပ် ပျက်စီးလာနိုင်ချေရှိပါတယ်။

Ref: This is what happens to your body after a break-up

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top