သူ့ဇာတ်ကား လာကြည့်တဲ့ပရိသတ်ကို တစ်သက်မမေ့နိုင်အောင် လုပ်ပေးခဲ့တဲ့ ဒဝိန်းဂျွန်ဆင်

16-2-2022-yyl11.jpg

ဒဝိန်းဂျွန်ဆင်ရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ဇာတ်ကားသစ်ကို လာကြည့်ခဲ့တဲ့ ပရိသတ်တစ်ယောက်ကတော့ ဘဝတစ်သက်တာ မမေ့နိုင်စရာဖြစ်ရပ်နဲ့ ကြုံခဲ့ပါတယ်။ Red Notice ဇာတ်ကား အထူးပွဲပြသတဲ့နေ့မှာ ဒဝိန်းဂျွန်ဆင်က ပရိသတ်တွေကို တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ရေခဲမုန့်တွေ၊ ပြောင်းဖူးပေါက်ပေါက်တွေ အခမဲ့ကျွေးမွေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူ သဘောကျတဲ့ ပရိသတ်တစ်ယောက်ကို ကားပါကင်ဆီ ခေါ်သွားပြီး သူ့ရဲ့ကားကို ပေးအပ်ခဲ့ပါတယ်။ အဲဒီပရိသတ်ကတော့ အော်စကာရိုဒရီဂွက်ဇ်လို့ အမည်ရသူဖြစ်ပြီး ၇၅ နှစ်အရွယ် မိခင်အိုကြီးကို လုပ်ကျွေးနေသူပါ။ ရိုဒရီဂွက်ဇ်ဟာ ရေတပ်အမှုထမ်းဟောင်း တစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာ ကိုယ်ကာယနည်းပြအဖြစ် အသက်မွေးနေသူပါ။ အိမ်တွင်းအကြမ်းဖက်ခံရသူတွေကို ကူညီပေးဖို့ ပရဟိတအဖွဲ့တစ်ဖွဲ့ တည်ထောင်ထားပြီး ဒေသဘုရားကျောင်းမှာလည်း ခေါင်းဆောင်ဖြစ်ပါတယ်။

ဒဝိန်းဂျွန်ဆင်ရဲ့ သူ့ရဲ့ထရပ်ကားကို လက်ဆောင်ပေးခဲ့ချိန်မှာ ရိုဒရီဂွက်ဇ်က ဝမ်းသာလွန်းလို့ မျက်ရည်ကျတဲ့အထိပါပဲ။ ” ပထမကြံထားတာ ဇာတ်ကားထဲမှာ ကျွန်တော်စီးတဲ့ Porsche Taycan ကားကို လက်ဆောင်ပေးမလို့ပဲ။ ဒါပေမဲ့ ပေါ်ရှေးကားနား ရောက်သွားချိန်မှာ သူတို့တွေက ဒါတော့ မလုပ်ပါနဲ့လို့ ပြောကြတယ်။ အဲဒါနဲ့ ကျွန်တော်စီးလာတဲ့ကားပဲ ပေးလိုက်တာ။ အခုတော့ ကားမရှိတော့လို့ အိမ် ဘယ်လိုပြန်ရမလဲ အကြံထုတ်နေရပြီ” လို့ ဒဝိန်းဂျွန်ဆင်က ဟာသနှောပြီး ပြောခဲ့ပါတယ်။

ဟောလိဝုဒ်ရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံး မင်းသားဖြစ်တဲ့ ဒဝိန်းဂျွန်ဆင်ဟာ တခြားသူတွေ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် ကိစ္စမျိုးတွေ မကြာခဏ လုပ်ပေးလေ့ရှိပြီး ကြင်နာသနားတတ်သူဖြစ်သလို အလှူအတန်းလည်း ရက်ရောသူပါ။

Ref: Good News ” Dwayne Johnson Gifts His Own Custom Truck To Deserving Fan at New Movie Screening “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top