“Fast & Furious” နောက်ဆက်တွဲမှာ ပြန်ပါဝင်မှာဖြစ်ပြီး ဗင်ဒီဇယ်နဲ့ သဘောထားမတိုက်ဆိုင်မှုကို အတိတ်မှာ ထားခဲ့ပြီဆိုတဲ့ ဒွိန်း ဂျွန်ဆင်

2.6.2023-yyl-15.jpg

မင်းသားကြီး ဒွိန်း ဂျွန်ဆင်က Fast & Furious နောက်ဆက်တွဲမှာ ပြန်ပါဝင်လာတော့မှာပါ။ ဗင်ဒီဇယ်နဲ့ သဘောထားမတိုက်ဆိုင်မှုတွေကို အတိတ်မှာ ထားခဲ့ပြီလို့ သူက ဆိုပါတယ်။ ပရိသတ်တွေက သူ့ကို Fast & Furious ဇာတ်ကောင် လုခ် ဟော့ဘ်စ်အဖြစ် Fast X Part 2 မှာ မြင်တွေ့ရမှာဖြစ်တယ်လို့ ဒွိန်းဟာ ကြာသပတေးနေ့က ဗီဒီယိုနဲ့တကွ ပြောကြားလာခဲ့တာပါ။

“မင်းတို့ကို အကြာကြီးစောင့်ဆိုင်းခဲ့ရတဲ့ သတင်းတချို့ မျှဝေပေးချင်တယ်။ ကျွန်တော် အတည်ပြုပေးဖို့ မင်းတို့တွေ တစ်ပတ်ကျော်လောက် စောင့်ဆိုင်းနေခဲ့ရတယ်။ ဒါကြောင့် မင်းတို့ကို ကျွန်တော် ၁၀၀ ရာခိုင်နှုန်း အတည်ပြုပေးတော့မှာပါ။ ဟုတ်ပါတယ်။ ဟော့ဘ်စ်ပြန်လာပါပြီ။ ဟော့ဘ်စ်က Fast and Furious နောက်ဆက်တွဲမှာ ပြန်ပါမှာပါ။ ဟော့ဘ်စ်ပြန်ပါမယ်ဆိုတာက ထိန်းသိမ်းရခက်တဲ့ လျှို့ဝှက်ချက်ပါပဲ”လို့ ဒွိန်းက ဆိုပါတယ်။

Fast and Furious ၅ ကားမြောက်၊ ၆ ကားမြောက်၊ ၇ ကားမြောက်တွေမှာ ပါဝင်ခဲ့တဲ့ ဒွိန်းဟာ သူနဲ့ဗင်ဒီဇယ်ကြားက သဘောထားမတိုက်ဆိုင်မှုကို အတိတ်မှာ ချန်ထားခဲ့ပြီ။ သူနဲ့ ဗင်မှာ ကွဲလွဲမှုတွေရှိပေမဲ့ ကျွန်တော်တို့တွေ နှစ်တော်တော်ကြာ ညီအစ်ကိုတွေလိုဖြစ်ခဲ့တာပါလို့လည်း သူက ပြောပါတယ်။ အရင်က အက်ရှင်မင်းသားကြီး နှစ်ဉီးကြားမှာ အငြင်းပွားစရာရှိခဲ့ပါတယ်။ The Rock က ဗင် ဒင်ဇယ်နဲ့သူ The Fate of the Furious ဇာတ်ကားအတွက် ဘယ်ဇာတ်ဝင်ခန်းမှ အတူတူမရိုက်ကူးခဲ့ရဘူးလို့ ပို့စ်တင်ခဲ့ပြီးတဲ့နောက်မှာ သူတို့နှစ်ဉီးအချင်းချင်း သဘောထားမတိုက်ဆိုင်ဖြစ်ခဲ့ရတာပါ။

ပြီးခဲ့တဲ့လကမှ ရုံတင်ပြသခဲ့တဲ့ Fast X မှာတော့ ဒွိန်းက ဧည့်သည်အဖြစ် ပါဝင်ထားပါတယ်။ လုခ် ဟော့ဘ်စ်အဖြစ် ဒွိန်းဂျွန်ဆင် ပြန်ပါဝင်မယ့် Fast & Furious ဇာတ်ကားသစ် (အမည်မသတ်မှတ်ရသေး) ကို ရိုက်ကူးထုတ်လုပ်ဖို့ လုပ်နေတယ်လို့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Universal Pictures ကလည်း အတည်ပြုပေးခဲ့ပါတယ်။

Ref: Dwayne Johnson on mending relationship with Vin Diesel, his return to ‘Fast & Furious’ franchise

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top