၂၀၂၂ ခုနှစ်မှာ မောင်းသူမဲ့ ဘတ်စ်ကားတွေ စတင်ပြေးဆွဲမယ့် စင်ကာပူ

98871585_image-2.jpg

စင်ကာပူဟာ ၂၀၂၂ ခုနှစ်ကစပြီး အများပြည်သူသုံး လမ်းမတွေပေါ်မှာ မောင်းသူမဲ့ ဘတ်စ်ကားတွေ စတင်ပြေးဆွဲဖို့ စီစဉ်နေပါတယ်။ ဘတ်စ်ကားတွေ ပြေးဆွဲရအဆင်ပြေစေဖို့အတွက် အရပ်ဒေသသစ် သုံးခုက လူအသွားအလာနည်းတဲ့ လမ်းတွေမှာ စတင်ပြေးဆွဲသွားမယ်လို့ စင်ကာပူ အစိုးရက ပြောပါတယ်။

ဒေသခံတွေ ဒေသအတွင်း သွားလာဖို့၊ ကားဂိတ်နဲ့ ရထားဘူတာတွေ သွားလာရာမှာ အဆင်ပြေစေဖို့အတွက် မောင်းသူမဲ့ဘတ်စ်ကားတွေကို အသုံးပြုသွားမှာပါ။ မောင်းသူမဲ့ ဘတ်စ်ကားနည်းပညာကြောင့် မြေယာနည်းပါးမှုနဲ့ လူသားစွမ်းအင် လိုအပ်ချက်ကို စီမံခန့်ခွဲရာမှာ အထောက်အပံ့ဖြစ်စေမယ်လို့ စင်ကာပူနိုင်ငံက မျှော်လင့်နေပါတယ်။ အစောပိုင်းမှာ မောင်းသူမဲ့ ဘတ်စ်ကားတွေကို လူအသွားအလာ ထူထပ်တဲ့ အချိန်တွေပဲ ပြေးဆွဲသွားမှာပါ။ ဒါ့အပြင် စင်ကာပူအစိုးရဟာ ပုံမှန်အလုပ်သွား၊ အလုပ်ပြန်လုပ်နေသူတွေ မိုဘိုင်းဖုန်းကတစ်ဆင့် မောင်းသူမဲ့ကားငယ်တွေ ခေါ်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ စင်ကာပူနိုင်ငံဟာ လမ်းအရေအတွက် များပြားပြီး ပို့ဆောင်ရေး ကဏ္ဍ တိုးတက် ကောင်းမွန်စေမယ့် မူဝါဒတွေရှိနေလို့ အရှေ့တောင် အာရှက တခြားနိုင်ငံတွေထက် ယာဉ်ကြော ပိတ်ဆို့မှု သက်သာပါတယ်။

စင်ကာပူနိုင်ငံမှာ မောင်းသူမဲ့နည်းပညာကို စမ်းသပ်နေတဲ့ ကုမ္ပဏီ အနည်းဆုံး ၁၀ ခုရှိပါတယ်။ ဒါ့အပြင် စင်ကာပူနိုင်ငံဟာ မောင်းသူမဲ့အငှားယာဉ်တွေကို စတင်စမ်းသပ်နေပြီလို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။

Ref : Singapore to use driverless buses ‘from 2022’

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply