အီတလီနိုင်ငံက ဘားဆိုင်တွေရဲ့ အတုယူဖွယ်ရာ ပလတ်စတစ် လျော့ချခြင်းနည်းလမ်း

yyl-9-9-026.jpg

အခုဆိုရင် ပလတ်စတစ်သုံးစွဲမှုကို လျော့ချပေးဖို့ နည်းလမ်းတွေကို ရှာဖွေနေကြတဲ့အချိန်မှာ အီတလီနိုင်ငံက ဘားဆိုင်တွေက ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေအတွက် ဖြစ်နိုင်တဲ့ဖြေရှင်းနည်းနဲ့ စတင်လုပ်ဆောင်နေတာကြောင့် သတင်းမီဒီယာတွေရဲ့ခေါင်းကြီးပိုင်းမှာ နေရာယူလို့ထားပါတယ်။ အီတလီနိုင်ငံက ဘားဆိုင်တွေက ပလတ်စတစ်ပိုက်တွေအစား ပါစတာနဲ့ပြုလုပ်ထားတဲ့ပိုက်တွေကို အသုံးပြုနေကြပါပြီ။

မကြာသေးခင်က လူမှုကွန်ယက်အကောင့်အသုံးပြုသူတစ်ဦးက အီတလီနိုင်ငံက တချို့ဘားတွေက ပါစတာပိုက်တွေကို အသုံးပြုပြီး ပလတ်စတစ်သုံးစွဲမှုလျော့ချနေကြောင်း ပုံတစ်ပုံကို တင်ခဲ့ပါတယ်။ အဲဒီလိုလျော့ချမှုကို ထောက်ခံပေးတဲ့သူ (၇၇၀၀၀) လောက်နဲ့ ကောင်းတဲ့ကွန်မန့်တွေလည်း ပေးခဲ့ကြပါတယ်။

အဲဒီလိုပါစတာပိုက်တွေကို ရောင်းချတဲ့ကုမ္ပဏီလည်းရှိနေပါပြီ။ အဲဒီကုမ္ပဏီရဲ့ပါစတာပိုက်တွေက အချိန်တစ်နာရီထိ ခံနိုင်ရည်ရှိပြီး ဘာအရသာမှာတော့မရှိပါဘူး။ ပါစတာပိုက်တွေက အအေးအတွက် အချိန်တစ်နာရီခံပေမဲ့ အပူအတွက်ကတော့ ပိုက်နဲ့လည်း မသောက်ကြတဲ့အတွက် မွှေတဲ့ပိုက်အဖြစ် စက္ကန့်အနည်းငယ်လောက် အသုံးပြုရင် အဆင်ပြေပါတယ်။ လူတွေက ပါစတာပိုက်တွေကို အသုံးပြုပြီးတာနဲ့ မြေဆွေးဖြစ်အောင် စုပုံထားခဲ့လို့ရပါတယ်။

ပါစတာပိုက်တွေကို ရောင်းချပေးတဲ့ကုမ္ပဏီ Stroodles က ပိုက်တစ်မျိုးတည်းကိုသာ ရောင်းချတဲ့ကုမ္ပဏီမဟုတ်ကြောင်း၊ ဒီနည်းနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ပြောင်းလဲမှုဖြစ်သွားဖို့အတွက် ရေရှည်လုပ်ဆောင်နိုင်မယ်လို့ ခံစားမိကြောင်း ကုမ္ပဏီတည်ထောင်သူ မာဇင်မ် ဂျယ်လ်မန်း (Maxim Gelmann) က ပြောပါတယ်။

Ref: Boredpanda “Bars In Italy Are Starting To Use Pasta Straws To Reduce Plastic Waste”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top