သွေးကင်ဆာကြောင့် သေ ရတော့ပေမယ့် အမေ့ ကို ကျေးဇူးဆပ်နိုင်ခဲ့တဲ့ သား

mother-maried.gif

အသက် ၂၁ နှစ်အရွယ် ဝမ်ဖိဟောင်ဟာ သွေးကင်ဆာရောဂါကို ခံစားနေရပါတယ်။ သူ့ရဲ့ အဖေဟာလည်း ကွယ်လွန်သွားခဲ့ပြီး သူ့မှာ အမေနဲ့သာ အတူနေရပါတယ်။ ဒါကြောင့် သူ၏ သွေးကင်ဆာရောဂါကို ကုသနိုင်ဖို့ အတွက် အမေဟာ လယ်ယာစိုက်ပျိုးခြင်းဖြင့် ငွေရှာပေးရပါတယ်။

သွေးကင်ဆာကို ကြာရှည်စွာ ဆေးရုံတက် ကုသနေရတဲ့ သားကြောင့် သူတို့မိသားစု စီးပွားရေးဟာ အတော်အခြေအနေဆိုးထဲသို့ ကျရောက်ခဲ့ပါတယ်။ ဒီအချိန်မှာ အမေဖြစ်သူဟာ ၎င်းတို့မြို့မှ အမျိုးသား တစ်ယောက်နဲ့ လက်ထပ်တော့မယ်ကို သူသိခဲ့ပါတယ်။ ဒါကြောင့် ဝမ်ဖိဟောင်ဟာ သူ့ရောဂါကို ဆက်လက်မကုသဘဲ ဆေးကုသမယ့် ငွေများကို စီးပွားရှာခဲ့ပါတယ်။ ဒီလို စီးပွားရှာနေတာကို အမေဖြစ်သူ လုံးဝ မသိရှိခဲ့ပါဘူး။

ဒီလိုနဲ့ အမေဖြစ်သူရဲ့ မင်္ဂလာဆောင်ပွဲအချိန် ကျရောက်လာပါတယ်။ ဒီပွဲအတွက် သွေးကင်ဆာ ရောဂါသည် ဝမ်ဖိဟောင်ဟာ များစွာကူညီထောက်ပံ့ပေးခဲ့ပါတယ်။ သားဖြစ်သူ ထောက်ပံ့ကူညီမူကြောင့် အမေ့ရဲ့ မင်္ဂဆောင်ဟာ အတော်လေးပင် ပျော်ရွှင်စရာကောင်းခဲ့ပါတယ်။ သို့သော် သားဖြစ်ဟာ သူ၏ ယခုလို ကူညီထောင်ပံ့မူကို ဖွင့်ဟပြောပြခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ နောက်ဆုံး ပြောလိုက်သော စကားများကတော့ –

“ကျွန်တော် သေရမှာကို မကြောက်ရွံပါဘူး။ ဒါ့အပြင် ကျွန်တော့်အမေ တစ်သက်လုံး တစ်ယောက်ထဲ အထီးကျန်နေပြီး မပျော်မရွှင် ဖြစ်နေမှာကိုတော့ ကျွန်တော် ကြောက်ပါတယ်။ ကျွန်တော်က မကြာခင် သေရတော့မှာမို့ အမေ့ကို ကျွန်တော် မပြုစုနိုင်တော့ပါဘူး။ ဒါကြောင့် အမေ့ရဲ့ ဘဝကို တစ်သက်လုံး ပျော်ရွှင်စွာ ဖြတ်သန်းသွားနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ (မျက်ရည်လေးတွေ ဝဲလျက် )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top