ဒီရာသီအတွင်း ရက်ရှ်ဖို့ဒ် ပြန်ကစားနိုင်ဖို့ မသေချာသေး

yyl-022-12.jpg

ကျောရိုးကွဲအက်ဒဏ်ရာ ခံစားနေရတဲ့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီ လက်ကျန်ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ မန်ယူအတွက် (၁၉)ဂိုး သွင်းယူထားသူဖြစ်လို့ အသင်းအတွက် သူမပါဝင်နိုင်ဘူးဆိုရင် (၂)ရာသီဆက်တိုက် ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့်မရမယ့် အခြေအနေ ရှောင်လွှဲနိုင်အောင် ကြိုးစားနေတဲ့ မန်ယူအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာမှာပါ။ အစောပိုင်းမှာ ရက်ရှ်ဖို့ဒ်အနေနဲ့ အနည်းဆုံး သီတင်းပတ်(၆)ပတ် အနားယူရမှာဖြစ်ပြီး မတ်လကျရင် ပြန်ကစားနိုင်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာအခြေအနေက အဲဒီထက် ပိုအနားယူရတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုးလ်ရှားက ဝန်ခံခဲ့ပါတယ်။

”ရက်ရှ်ဖို့ဒ်ကတော့ ကြံ့ခိုင်မှုပြန်ရလာဖို့ လိုအပ်တဲ့အချိန်အထိ အနားယူရမှာပါ။ သူ့ကို ဒဏ်ရာရှိနေလျက်သားနဲ့ စွန့်စားအသုံးပြုမှာမဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းမှာ အင်္ဂလန်ရဲ့အကောင်းဆုံး ဆေးအဖွဲ့ရှိနေပါတယ်။ ရက်ရှ်ဖို့ဒ်အနေနဲ့ ရာနှုန်းပြည့် ကြံ့ခိုင်လာတာနဲ့ ပြန်ကစားနိုင်မယ်လို့ သေချာပေါက်ပြောနိုင်ပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။ ဆိုးလ်ရှားဟာ ဝုဗ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ နောက်ကျောဝေဒနာ ခံစားနေရတဲ့ ရက်ရှ်ဖို့ဒ်ကို လူစားဝင် ကစားခိုင်းခဲ့လို့ ဝေဖန်မှု ရင်ဆိုင်ခဲ့ရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အဲဒီပွဲမှာ (၁၆)မိနစ်ပဲ ကစားနိုင်ခဲ့ပြီး လူစားလဲခံခဲ့ရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top