ရော်နယ်ဒိုကို ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်စေတဲ့ စားသောက် နေထိုင်မှုပုံစံ

yyl-022-7.jpg

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒိုက သူ့ရဲ့ကြံ့ခိုင်မှုပိုင်းကို အရမ်းဂရုစိုက်သူပါ။ ဒါကြောင့်လည်း ဆင်နှာမောင်း ဆံပင်စတိုင်ရှိတဲ့ လူဖလံလေးအဖြစ်ကနေ ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်တဲ့ ဘောလုံးသမားတစ်ယောက် ဖြစ်လာတာပေါ့။ ရော်နယ်ဒိုကို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်လာစေမယ့် စားသောက်နေထိုင်မှုပုံစံအကြောင်း ဖော်ပြပေးချင်ပါတယ်။

ရော်နယ်ဒိုဟာ မြန်ဆန်တဲ့ ဇီဝကမ္မဖြစ်စဉ်ကို အထောက်အပံ့ဖြစ်စေဖို့အတွက် တစ်နေ့ကို အစားအစာ ၆ နပ်စားပြီး တစ်နပ်နဲ့ တစ်နပ်ကြားမှာ ၃ နာရီ၊ ၄ နာရီခြားပါတယ်။ သူက ဂျုံကြမ်း၊ လတ်ဆတ်တဲ့ သစ်သီးတွေ၊ နှုတ်သီးရှည်ငါး၊ ကက်ကတစ်နဲ့ ငါးကြီးတွေလို ငါးတွေမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်တွေ စားသုံးခဲ့ပါတယ်။ ရော်နယ်ဒိုစားတဲ့ အစားအစာတွေက လတ်ဆတ်နေဖို့လိုပြီး အေးခဲထားတဲ့ အစားအစာလုံးဝမဖြစ်ရဘူးလို့ သတ်မှတ်ထားပါတယ်။

ရော်နယ်ဒိုဟာ မနက်စာအဖြစ် ဒိန်ခဲ၊ ဝက်ခြေထောက်၊ အဆီမပါတဲ့ ဒိန်ချဉ်၊ သစ်သီးနဲ့ ထောပတ်သီးသုတ်တွေ စားလေ့ရှိပါတယ်။ သူဟာ ကာဗွန်ဒိုင်အောက်ဆိုက် ဖြည့်စွက်ထားတဲ့ ဖျော်ရည်တွေကို ရှောင်ကျဉ်လေ့ရှိသလို အနီရောင်အသားကိုလည်း မစားပါဘူး။ ပရိုတိန်းဓာတ် ကြွယ်ဝပြီး အဆီဓာတ်နည်းတဲ့ ကြက်သားကို ရော်နယ်ဒိုက မှော်ဆန်တဲ့ အစားအစာလို့ ယူဆထားပါတယ်။

ရော်နယ်ဒိုက အစားအသောက်တင်မကဘူး၊ အိပ်ချိန်ကိုလည်း ဂရုစိုက်ပါတယ်။ သူ့ရဲ့အိပ်စက်မှုပုံစံက သာမန်လူတွေလို ၈ နာရီဆက်တိုက် အိပ်စက်တာမဟုတ်ပါဘူး။ သူက တစ်နေ့လုံးမှာ မိနစ် ၉၀ စီ ၅ ကြိမ် အိပ်စက်ပါတယ်။ ခန္ဓာကိုယ်ကို အဲဒီလို ဂရုစိုက်လို့လည်း ပြီးခဲ့တဲ့နှစ်တုန်းက သူ့ခန္ဓာကိုယ်ကို စစ်ဆေးချိန်မှာ ၂၃ နှစ်သားတစ်ယောက်ရဲ့ ကြံ့ခိုင်မှုမျိုးရှိနေတာလို့ တွေ့ရှိခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အခုချိန်မှာ အသက် ၃၄ နှစ်ရှိနေပါပြီ။ ရော်နယ်ဒိုဟာ အချိန်ရတိုင်း ရေကူးလေ့ရှိပါတယ်။ ဒါကလည်း သူ့ရဲ့လျှို့ဝှက်လက်နက် ဖြစ်နေလောက်ပါတယ်။ ဘောလုံးပွဲပြီးရင် တခြားကစားသမားတွေအားလုံးက အိမ်တန်းပြန်ကြလေ့ရှိပေမဲ့ ရော်နယ်ဒိုက ရေကူးလေ့ရှိပါတယ်။

ရေကူးပြီးရင် ကြွက်သားတွေ နုပျိုလန်းဆန်းစေဖို့ အပူချိန်မတူညီတဲ့ ရေတွေနဲ့ ရေချိုးလေ့ရှိပါတယ်။ ပြီးရင်တော့ ကြွက်သားနာကျင်ကိုက်ခဲမှုတွေ သက်သာစေတဲ့ ဖန်ပေါင်းချောင်(Cryo Chamber)ထဲမှာ နေလေ့ရှိပါတယ်။ ဘိုင်ယန်မြူးနစ်တောင်ပံကစားသမားဟောင်း ရစ်ဘာရီက Cryo Chamber အသုံးပြုနေတယ်လို့ သတင်းကြားပြီးနောက် ၂၀၁၃ ခုနှစ်မှာ ရော်နယ်ဒိုက သူ့အိမ်အတွင်း Cryo Chamber တပ်ဆင်ခဲ့တာဖြစ်ပါတယ်။

သူဟာ အပူချိန် -၉၀ ဒီဂရီဆဲလ်စီးယက်ရှိတဲ့ အခန်းထဲမှာ တစ်ကြိမ်ကို မိနစ်အနည်းငယ်ကြာ မတ်တတ်ရပ်လေ့ရှိပါတယ်။ အရမ်းအေးနေတဲ့အတွက် ခန္ဓာကိုယ်က အလုပ်မလုပ်တော့သလို ခံစားရစေမှာပါ။ ဒါကတော့ ကစားရင် အသားကုန်ကစား၊ မကစားရင် နားဆိုတဲ့ အခြေအနေပါပဲ။ တခြားပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေရဲ့ ခန္ဓာကိုယ်မှာ အများဆုံး ကြွက်သားထုထည်က ၄၆ ရာခိုင်နှုန်းပဲရှိပေမဲ့ ရော်နယ်ဒိုကတော့ ကြွက်သားထုထည် ၅၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။ တခြားဘောလုံးသမားတွေက အဆီ ၁၀၊ ၁၁ ရာခိုင်နှုန်းရှိပေမဲ့ ရော်နယ်ဒိုကတော့ အဆီပါဝင်မှုကတော့ ၇ ရာခိုင်နှုန်းပဲရှိပါတယ်။ ရော်နယ်ဒိုက တစ်နေ့ကို ထိုင်ထ အကြိမ် ၃၀၀၀ လုပ်နိုင်ပြီး ကိုယ်လက်လေ့ကျင့်ရေးခန်းမထဲမှာ တိုယိုတာ Prius ကား ၁၆ စီးနဲ့ညီမျှတဲ့ အလေးချိန် ၂၃၀၀၀ ကီလိုဂရမ်အထိ မနိုင်သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top