အမေရိကန်လေဆိပ်မှ ခိုးယူမောင်းနှင်သွားခံရတဲ့ လေယာဉ်ပျက်ကျ

pl1.jpg

အမေရိကန်နိုင်ငံ၊ ဆီရယ်တဲ့လ်လေဆိပ်ကနေ လေဆိပ်ဝန်ထမ်းတစ်ဦး ခိုးယူမောင်းနှင်ခဲ့တဲ့ခရီးသည်တင်လေယာဉ်ဟာ ကျွန်းတစ်ခုအနီးမှာ ပျက်ကျသွားခဲ့ကြောင်းသိရပါတယ်။ လေဆိပ်ဝန်ထမ်းတစ်ဦးဟာ ဩဂုတ် (၁၁) ရက်နေ့က လေဆိပ်မှာရှိနေတဲ့ခရီးသည်မရှိသေးတဲ့ လေယာဉ်ကိုခွင့်ပြုချက်မရဘဲ မောင်းနှင်ခဲ့ကြောင်း ၊လေယာဉ်ကို ခိုးယူမောင်းနှင်ခဲ့ပြီးနောက် လေတပ်မှ F 15 လေယာဉ်နှစ်စီးလိုက်သွားခဲ့ရကြောင်း၊ လေယာဉ်ပျက်ကျချိန်မှာ လေယာဉ်ခိုးခဲ့သူအသက်ရှင် မရှင်ဆိုတာကိုမသိသေးကြောင်း လေဆိပ်အာဏာပိုင်တွေကပြောပါတယ်။

အခုလေယာဉ် ခိုးမောင်းတဲ့ဖြစ်ရပ်ဟာ အကြမ်းဖက်မှုဆက်နွယ်မှုမရှိဘဲ ခိုးယူခဲ့သူဟာ ဒေသခံတစ်ဦးဖြစ်ကာ အသက် (၂၉) သာရှိသေးကြောင်း ဒေသအာဏာပိုင်တစ်ဦးကပြောပါတယ်။ မြေပြင်လေကြောင်းထိန်းချုပ်ရေးအဖွဲ့အနေနဲ့ အဆိုပါ လေယာဉ်ပျက်မကျခင်မှာ လေယာဉ်ကို မြေပြင်ကို ဆင်းသက်နိုင်စေဖို့ ကြိုးပမ်းခဲ့ကြောင်းသိရပါတယ်။ လေယာဉ်ခိုးယူခဲ့သူကို လေယာဉ်ကို ခိုးယူမောင်းနှင်ချိန်မှာ လေယာဉ်ထဲ ဆီ ဘယ်လောက် ပါရှိသလဲဆိုတဲ့အချက်အပေါ် စိုးရိမ်မှုရှိနေတဲ့ အသံများ ကြားရကြောင်း လေကြောင်းထိန်းချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။

လေယာဉ်ခိုးခဲ့သူဟာ လေယာဉ်မောင်းနှင်ခွင့်ရချိန်မှာ ပျော်ရွင်နေတဲ့ပုံစံမျိုးရှိနေခဲ့ကြောင်း ၊ လေယာဉ်ဟာ ပျံသန်းနေကျပုံစံမျိုးမဟုတ်သည့်ပုံစံမျိုး ရွေ့လျားလှုပ်ရှားနေခဲ့ကြောင်း မြေပြင်လေကြောင်းထိန်းချုပ်ရေးအဖွဲ့ကပြောပါတယ်။ လေယာဉ်ခိုးယူမောင်းနှင်ခဲ့သူဟာ ဗွီဒီယိုဂိမ်းအချို့ကိုကစားခဲ့တာကြောင့် လေယာဉ်မောင်းဖို့ဆန္ဒပြင်းပြခဲ့ပြီး လေယာဉ်ကိုခိုးယူခဲ့တာဖြစ်နိုင်ကြောင်းလည်း သုံးသပ်မှုတွေ့ရှိနေပါတယ်။

Ref: BBC Stolen plane closes Seattle-Tacoma airport before crashing
Kaung Htet ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top