အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၁၂-၈-၂၀၁၈ မှ ၁၈-၈-၂၀၁၈ အထိ)

Bay-Din-4-Week-3.jpg

ရိုးရာလေးပရိသတ်တွေအတွက် ဆရာ ကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၂-၈-၂၀၁၈ မှ ၁၈-၈-၂၀၁၈ အထိ

တွက်ချက်လမ်းညွှန်ထားမှုတွေကို ပုံတစ်ခုချင်းစီမှာ ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေ သားသမီးတို့ကတော့ စီးပွားရေး လုပ်ငန်းများ အနည်းငယ် ညံ့လာပြီဖြစ်သည်။ အညံ့တွင်း ကျရောက်လာသဖြင့် စကားများရခြင်း၊ သဘောထားကွဲခြင်း၊ ငွေကြေး ရရန်၊ ပေးရန်တို့ ထင်သည့်အတိုင်း မဖြစ်ခြင်း စသည့်တို့ ဖြစ်မည်။ စိတ် သောကရောက်ရမည့်အချိန်ဖြစ်သည်။ ကျန်းမာရေးအနေနှင့် ဒူးနာ၊ ခါးနာသမားများ အထူးသတိထားရလိမ့်မည်။ အရိုးဆေးရုံး တက်ရောက်နေသူများ သေချာဂရုစိုက်ပါ။ အချစ်ရေးကတော့ ကံကောင်းနေပြီး ချစ်သူနှင့် ခရီးတို ထွက်ရမည်။ အိမ်ထောင်ရှင်များ သားသမီး ကျန်းမာရေး သတိထားပါ။ သင်တန်းတက်နေသူများ ဆက်တက်ပါ ကောင်းပါသည်။ အစိုးရဝန်ထမ်းများ ကောင်းနေပါလိမ့်မည်။

အကျိုးပေးဂဏန်းမှာ – ၆၊ ၂၊ ၅။

ယတြာ – အိမ်ဘုရားတွင် အုန်းထမင်း ကပ်လှူပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာ သားသမီးတို့ကတော့ စီးပွားရေးလုပ်ငန်းများ အောင်မြင်လာပါပြီ။ စပ်တူလုပ်ငန်း လုပ်သူများတွင် အနည်းငယ် အညံ့ဖြစ်ပြီး ရှယ်ယာ စကားပြောရမည်။ လုပ်ငန်းတွင် လူယုံကြောင့် သောကများရလိမ့်မည်။ ကျန်းမာရေးအနေနှင့် အစာအိမ်ရောဂါ ရှိသူတို့ ဆေးခန်းပြထားသင့်ပြီး ရောဂါဝေဒနာ ခံစားရလိမ့်မည်။ ချစ်ရေးချစ်ရာတွင် သံသယများသော ချစ်သူလေးကြောင့် စိတ်ကသိကအောင့် ဖြစ်ရပြီး သိပ်မပျော်ရသော အခြေအနေဖြစ်မည်။ အိမ်ထောင်သည်များကတော့ ငွေကြေးအခက်အခဲ ရှိနေပြီး အေးစက်နေတတ်ပါသည်။ ပညာရေးသမားများ အတော်ကြိုးစားယူရမည်။ ဝန်ထမ်းများ ငွေဝင်ကောင်းနေမည်။

အကျိုးပေးဂဏန်း – ၀၊ ၅၊ ၆။

ယတြာ – ငှက်ကလေးများကို အစာကြွေးပါ။

 

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါ သားသမီးတွေကတော့ စီးပွားရေးလုပ်ငန်းမှာ အနည်းငယ် ပြန်ဦးမော့လာသည့်အချိန် ဖြစ်သည်။ စီးပွားရေးလုပ်မည်ဆိုပါက ယခုချိန် စလုပ်သင့်သည်၊ စပ်တူလုပ်ငန်းလည်း အကျိုးပေးလာပါသည်။ သို့သော် လူကိုယ်တိုင်က စိတ်လေနေသောအချိန် ဖြစ်သဖြင့် အနည်းငယ် သတိထားလုပ်ကိုင်ပါ။ ကျောက်ကပ်ရောဂါ၊ ဆီးရောဂါ ရှိသူ အင်္ဂါသား/သမီးများ ညံ့သဖြင့် ရောဂါ ဖေါက်ပြန်တတ်သည်။ ပြင်ပတွင်လည်း ထိမိ၊ ခိုက်မိတတ်သဖြင့် သတိပြုပါ။ အချစ်ရေးကတော့ အနည်းငယ်ညံ့သွားပါပြီ၊ ချစ်သူ၏ ဆွေမျိုးများကြောင့် စိတ်သောကရောက်နေရဖို့ များပါသည်။ အိမ်ထောင်ရှင်မျာလည်း ဆွေမျိုးများကို အကြောင်းပြုပြီး သောကရောက်ရတတ်ပါသည်။ ပညာရေးသမားများကတော့ ကောင်းပါသည်။ ဝန်ထမ်းများ ရန်ပေါ်တတ်ပြီး သတိရှိရန် လိုပါသည်။

အကျိုးပေးဂဏန်း – ၁၊ ၆၊ ၄။

ယတြာ – အင်္ဂါနေ့တွင် ဆီးသီးယိုများကို သူငယ်ချင်းများအား ကြွေးပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူး သားသမီးတို့ကတော့ စီးပွားရေး အတက်၊ အကျ ကြမ်းနေမည့်ကာလ ဖြစ်သည်။ ခရီးသွားလိုက်ပါက ကံကောင်းလာပါလိမ့်မည်။ စီးပွားရေး ပြိုင်ဘက်တို့၏ တိုက်ခိုက်ခြင်းကိုလည်း ခံရနိုင်သည်။ ကျန်းမာရေးအနေဖြင့် အဆုတ်ရောင်ရောဂါနှင့် ခါးနာရောဂါများ အထူးသတိထားရမည်။ အချစ်ရေးတွင် ချစ်သူနှင့် ယာယီ ခွဲခွါရမည့် အခြေအနေ ဖြစ်သည်။ အိမ်ထောင်သည်များလည်း တာယန်များဖြင့် ခွဲနေရတတ်ပါသည်။ ပညာရေးတွင် မိမိက ဆရာလုပ်နေပါက ကျောင်းသူကြောင့် စိတ်သောက ရောက်ရတတ်သဖြင့် သတိထားစေချင်သည်။ လူမှု့ရေးလုပ်ငန်းများတွင် ပါဝင်နေရတတ်သည်။ ကား၊ ဆိုင်ကယ် စသည့် စက်ပစ္စည်း ဝင်မည်။ ထီးထိုးထားသင့်ပါသည်။ ဝန်ထမ်းများ အောက်လက်ကြောင့် သောကများမည်။

ရာဟု သားသမီးတို့ကတော့ စိတ်ချမ်းသာနေမည်။ အချစ်ရေးတွင် ကြားလူ အဖျက်ရှိသဖြင့် သတိထားပါ။ စီးပွားရေးတွင် တွင်းထွက်လုပ်ငန်း ကောင်းပါသည်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနှင့် တည့်အောင်ပေါင်းပါ။

အကျိုးပေးဂဏန်း – ၊ ၅၊ ၁။

ယတြာ – ဗုဒ္ဓဟူးနေ့တွင် ခွေးများအား အစာကြွေးပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတက် စီးပွားရေး အခြေအနေမှ မိမိလုပ်သလောက် အမြတ်မထွက်သောအချိန် တစ်ခုဖြစ်သည်။ လုပ်အား အရင်းထည့် လုပ်ရသည့်အချိန်ဟု ပြောရမည့် ကာလ တစ်ခုဖြစ်သည်။ ယခုကာလအတွင် ကျန်းမာရေးအနေဖြင့် ခေါင်းကိုက်ခြင်း၊ သာမန်ဖျားခြင်းတို့ ဖြစ်လိမ့်မည်။ ဆေးရုံး ဆေးခန်းသွားရောက်ရမည်။ ချစ်သူ၏ နွေးထွေးသော ချစ်ခြင်းကြောင့် လောက အရာရာပြည့်စုံနေလိမ့်မည်။ အိမ်ထောင်သည်များ ကံကောင်းသည့်အချိန်ဖြစ်ပြီး ထီထိုးပါ။ ပညာရေးလိုက်စားသူ ကျောင်းသူ၊ ကျောင်းသားများ စိတ်မလေဘဲ ကျောင်းစာတွင် အာရုံစိုက်ဖို့လိုသည်။ အိမ်၊ ကား ဝင်မည်။ အမွေရတတ်သည့်အချိန်လည်း ဖြစ်သည်။ ဝန်ထမ်းများ အောက်လက်ကြောင့် သောကရောက်ရမည်။

အကျိုးပေးဂဏန်း – ၃၊ ၆၊ ၂။

ယတြာ – ကြာသာပတေးနေ့တွင် ရဟန်းများကို ဆွမ်းလောင်းပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာ သားသမီးတို့သည် စီးပွားရေး လုပ်ငန်းလုပ်ရာတွင် ကံကောင်းနေလိမ့်မည်။ သို့သော် ငွေကြေးကို အခြေခံသော ငွေတိုးချေးလုပ်ငန်း လုပ်သူများကတော့ ဆုံးရှုံးရကိန်း မြင်သဖြင့် ရပ်ထားသင့်သည်။ စိတ်ကိုအခြေခံသော စိတ်ကျရောဂါမျိုး ဖြစ်တတ်သဖြင့် အထူးသတိထားရမည်။ မတော်တဆ အရိုးလည်း ကျိုးတတ်သေးသည်။ ချစ်ရေးချစ်ရာတွင် မိမိစိတ်တိုင်းကျ ချစ်သူလေးကို ရရှိလိမ့်မည်။ အိမ်ထောင်သည်များကတော့ ငွေကြေးကိစ္စကို အကြောင်းပြုပြီး ရန်ပေါ်တတ်သဖြင့် သတိထားပါ။ ပညာရေးသမားများကတော့ အနုပညာပိုင်းဆိုင်ရာတွင် အားပိုထည့်ရမည်။ ကုမ္ပဏီဝန်ထမ်းများ သောကများရမည်။ အစိုးရ ဝန်ထမ်းများ အရာရှိကြောင့် စိတ်ညစ်ရမည်။

အကျိုးပေးဂဏန်း – ၄၊ ၀၊ ၃။

ယတြာ – သောကြာနေ့တွင် ဘုရားအား သောက်တော်ရေလှူပါ။

စနေ

ယခုအပတ်အတွင်း စနေ သားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ ပြိုကျသွားနိုင်သည်။ လူယုံသတ်သဖြင့် သေရသည့်သဘော ဖြစ်သည်။ ဆုံးဖြတ်ချက် အမှားများ ချမှတ်တတ်သဖြင့် အထူးသတိထားရမည်။ ပြိုင်ဘက်စီးပွား ရေးသမားတို့ သူလျှိများ ဝင်ရောက်နေတတ်သည်။ ကျန်းမာရေးအနေဖြင့် ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာများ ရတတ်ပါသည်၊ သတိထားပါ မျက်လုံးရောဂါများလည်း ဖြစ်တတ်သည်။ အချစ်ရေးတွင် ချစ်သူ၏ သစ္စာမဲ့ခြင်းကြောင့် အချစ်ကို မုန်းသွားသူဖြစ်လိမ့်မည်။ အိမ်ထောင်ရှင်များလည်း ညံ့ပါသည် သစ္စာမဲ့သော လုပ်ရပ်များကို ဆင်ခြင်ပါ။ ပညာရေးသမား ကျောင်းသားများ အလွန်စာကြိုးစားပါ။ ဝန်ထမ်းများ အထက်လူကြီးအတွက် ကြားမှအပြစ်ခံရတတ်သည်၊ အထူးသတိပြုပါလေ။

အကျိုးပေးဂဏန်း – ၅၊ ၁၊ ၄။

ယတြာ – စနေနေ့တွင် စနေနံ့ဒေါင့် ဘုရားတွင် ထီးအနီရောင်လှူပါ။

ဆရာကင်္ကသူ

Doctoral Thesis Of Astro-Palmist.

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top