ဘာစီလိုနာအသင်းဖော်တွေရဲ့ ကလေးဆန်တဲ့ အမှားတွေကြောင့် မက်ဆီ ဒေါသထွက်နေ

yyl-024-4.jpg

အက်သလက်တီကိုကို ရှုံးနိမ့်ခဲ့တဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘာစီလိုနာအသင်းဖော်တွေက ကလေးဆန်တဲ့ အမှားတွေ ကျူးလွန်မိခဲ့တယ်လို့ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက စွပ်စွဲခဲ့ပါတယ်။ ဆော်ဒီနိုင်ငံ ဂျက်ဒါမြို့မှာ ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ ဘာစီလိုနာက ပွဲချိန်(၈၀)မိနစ်အထိ (၂-၁)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲချိန်(၈၁)မိနစ်မှာ ပင်နယ်တီပေးခဲ့ရပြီး ပွဲချိန်(၈၆)မိနစ်မှာ ဂိုးသမား နီတိုရဲ့ အမှားကနေ တတိယဂိုးပေးခဲ့ရပါတယ်။

“စိတ်ထိခိုက်ရတယ်။ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ပွဲကို ထိန်းချုပ်၊ လွှမ်းမိုးပြီး အချိန်ပြည့် တိုက်စစ်ဆင်နိုင်ခဲ့တယ်။ အက်သလက်တီကိုအသင်း ရှုံးလုနီးပါးဖြစ်နေတော့မှ အမှားတွေကြောင့် ကျွန်တော်တို့အသင်း အခွင့်အရေးကို လက်လွှတ်ခဲ့ရတယ်။ ၁၀ မိနစ်မပြည့်ခင် အချိန်အတွင်းမှာ ကျွန်တော်တို့အသင်း နောက်တစ်ဆင့်တက်ရမယ့်ပွဲစဉ်ရလဒ်ကို သူတို့က ပြောင်းလဲပစ်ခဲ့တယ်။ ဒါက ဖလားရမယ့်အခွင့်အရေးဖြစ်လို့ နာကျင်ရပါတယ်။ ဒီနေ့ပွဲမှာ ရှုံးနိမ့်ခဲ့ပေမဲ့ အသင်းရဲ့ခြေစွမ်းက နောက်တစ်ဆင့် တက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကစားချင်တဲ့ပုံစံမျိုး မကစားနိုင်သေးပါဘူး။ ဒီလိုကလေးဆန်တဲ့ အမှားတွေ ထပ်မမှားချင်ပါဘူး’’လို့ မက်ဆီက ပြောပါတယ်။ ဘာစီလိုနာကို အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ အက်သလက်တီကိုဟာ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် ရီးရဲလ်အသင်းနဲ့ ဗိုလ်လုပွဲကစားရမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top