ကမ္ဘာ့အကြီးဆုံးလုပ်ငန်းသုံး သဲဘက်ထရီ

ener.webp

ဖင်လန်နိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့မှာတော့ စွမ်းအင်ပြတ်တောက်မှု ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ကမ္ဘာ့အကြီးဆုံး သဲဘက်ထရီကို အသုံးပြုလျက် ရှိပါတယ်။

ဖင်လန်နိုင်ငံတောင်ပိုင်း ပေါ်နိုင်းနန် (Pornainen) မြို့မှာ တည်ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး သဲဘက်ထရီဟာ အမြင့် ၁၃ မီတာနဲ့ အကျယ် ၁၅ မီတာရှိပါတယ်။ ကြိတ်ခြေထားတဲ့ ဆပ်ပြာကျောက် (Soapstone) တန်ချိန် ၂,၀၀၀ ကို အသုံးပြုပြီး သန့်ရှင်းစွမ်းအင်တွေကို အပူအဖြစ် ပြောင်းလဲသိုလှောင်ထားတာပါ။

အပူစွမ်းအင် (Thermal energy) မီဂါဝပ်နာရီ ၁၀၀ သိုလှောင်ထားနိုင်ပြီး ပေါ်နိုင်းနန်မြို့မှာရှိတဲ့ လူဦးရေ ၅၀၀၀ အတွက် နွေရာသီမှာ တစ်လနီးပါးစာနဲ့ ဆောင်းရာသီမှာ တစ်ပတ်စာလောက်အထိ လိုအပ်တဲ့ အပူစွမ်းအင်ကို ထောက်ပံ့ပေးနိုင်စွမ်း ရှိပါတယ်။

ပေါ်နိုင်းနန်မြို့မှာ နေမသာတာ၊ လေမတိုက်တာ စတဲ့အခြေအနေတွေကြောင့် သန့်ရှင်းစွမ်းအင် ထုတ်လုပ်မှု ပြတ်တောက်တဲ့အခါမျိုးမှာ သဲဘက်ထရီမှာ သိုလှောင်ထားတဲ့ အပူစွမ်းအင်တွေကို ထုတ်ယူအသုံးပြုမှာ ဖြစ်ပါတယ်။

ပေါ်နိုင်းနန်မြို့ဟာ အရင်တုန်းက အပူစွမ်းအင်ရဖို့ ရေနံနဲ့ ထင်းစတွေကို မီးရှို့အသုံးပြုခဲ့ရပြီး အခုအခါမှာတော့ သဲဘက်ထရီကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၇၀ ရာခိုင်နှုန်းနီးပါးအထိ သိသိသာသာ လျှော့ချပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Ref: Finland’s radical answer to renewable energy’s biggest headache: The world’s largest sand battery

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top