မှားရေးထားတဲ့ စျေးနှုန်းအထိ တီဗီဝယ်ခွင့်မပေးလို့ စျေးဝယ်သူတွေက စျေးဝယ်စင်တာကို ပိတ်ဆို့

yyl-026-3.jpg

ပြင်သစ်နိုင်ငံရဲ့ ဈေးဝယ်စင်တာတစ်ခုမှာ တီဗီတွေကို မှားရေးထားတဲ့ဈေးနှုန်းအတိုင်း ဝယ်ယူခွင့်မပေးလို့ ဈေးဝယ်သူတွေက စင်တာထဲကနေ ထွက်သွားဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ရဲခေါ်ပြီး ဖယ်ရှားခဲ့ရပါတယ်။ ပြင်သစ်နိုင်ငံ တောင်ပိုင်း မွန့်ပယ်လီယာမြို့မှာရှိတဲ့ ရီယန့်ကာစီနို ဈေးဝယ်စင်တာမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တီဗီဈေးနှုန်းတွေကို ယူရို ၃၉၉ လို့ ဖော်ပြရမယ့်အစား ယူရို ၃၀.၉၉ လို့ မှားယွင်းဖော်ပြမိခဲ့ပါတယ်။ အဲဒီအတွက် တချို့သူတွေက ဈေးဝယ်လက်တွန်းလှည်းထဲမှာ တီဗီ ၃၊ ၄ လုံး ထည့်လာပြီး ငွေရှင်းမယ့်နေရာမှာ တန်းစီခဲ့ကြပါတယ်။

ဒါပေမဲ့ ရီယန့်ကာစီနို ဈေးဝယ်စင်တာက တီဗီတွေကို မှားရေးထားတဲ့ ဈေးနှုန်းအတိုင်း ရောင်းချဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဲဒါကြောင့် ဈေးဝယ်သူတွေက ငွေရှင်းတဲ့ကောင်တာကို ပိတ်ဆို့ခဲ့ကြပြီး မှားရေးထားတဲ့ ဈေးနှုန်းအတိုင်း တီဗီဝယ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြလို့ ဈေးဝယ်စင်တာက ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ ဈေးဝယ်စင်တာပိတ်ချိန် ကျော်လွန်ပြီး တစ်နာရီကြာမှာပဲ ဈေးဝယ်သူတွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ စားသုံးသူဥပဒေအရဆိုရင်တော့ ရောင်းချသူတွေအနေနဲ့ ဈေးနှုန်းမှားရေးမိရင်တောင် မှားရေးမိတဲ့ ဈေးနှုန်းအတိုင်း ရောင်းချဖို့ လိုအပ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top