ကလေးတွေရဲ့ဉာဏ်ရည်ထက်မြက်စေဖို့ဆိုရင်

yyl-013-12.jpg

ဘယ်မိဘမဆို ကိုယ့်သားသမီး တော်ပြီး ထက်မြက်တာကို လိုချင်ကြတာချည်းပါပဲ။ ဉာဏ်ရည်မြင့်မားတဲ့သူတွေက ပိုပြီး အောင်မြင်ကြတယ်ဆိုတဲ့ လေ့လာချက်တွေလည်း ရှိပါတယ်။ ဉာဏ်ရည်ဆိုတာ ဘုရားကပေးတဲ့လက်ဆောင်လို့ ပြောလို့ရပါတယ်။ မိဘတွေက ကိုယ့်သားသမီးတွေကို ဉာဏ်ရည်ထက်မြက်လာအောင် ပြုစုပျိုးထောင်ပေးလို့ရတဲ့ နည်းလမ်းတွေရှိနေပါတယ်။ ဉာဏ်ကောင်းအောင်လုပ်ဖို့ဆိုတာ အသက်အရွယ်သတ်မှတ်ချက်မလိုပေမဲ့ ကလေးတွေကို ငယ်ငယ်လေးကတည်းက ဉာဏ်ရည်ထက်မြက်အောင်လုပ်တာက အကောင်းဆုံးပါပဲ။ ဒါကြောင့် ဒီဆောင်းပါးကနေတဆင့် ကလေးတွေရဲ့ ဉာဏ်ရည်ထက်မြက်စေမဲ့ နည်းလမ်းတွေကို မျှဝေပေးလိုက်ရပါတယ်။

တူရိယာတွေ တီးတတ်အောင်သင်ပေးပါ

တူရိယာတွေကို တီးတတ်အောင် သင်ယူတာက ကလေးတွေရဲ့ဉာဏ်ရည်မြင့်မားစေတဲ့ ကောင်းတဲ့ဦးနှောက်လုပ်ဆောင်ချက်တစ်ခုပါ။ ဒါက သင်္ချာဆိုင်ရာတွေးခေါ်နိုင်စွမ်းကိုလည်း မြင့်မားစေပါတယ်။ တူရိယာတီးတာက ဦးနှောက်လုပ်ဆောင်ချက်ကို မြင့်မားစေတယ်လို့လည်း လေ့လာချက်တွေက ဆိုပါတယ်။ မိဘတွေက ကလေးတွေကို ဂစ်တာ၊ ကီးဘုတ်၊ ဒရမ် အပါအဝင် ဘယ်တူရိယာမဆို တီးတတ်အောင် သင်ပေးလို့ရပါတယ်။

အားကစားလိုက်စားအောင် သင်ကြားပေးပါ

ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်ချက်က ကလေးတွေရဲ့ဖွံ့ဖြိုးမှုအတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေလိုပဲ အရေးကြီးပါတယ်။ ဘယ်အားကစားမဆို ကစားတာက အန်ဒေါ်ဖင်ဟော်မုန်း (Endorphins) တွေကို ထုတ်လွှတ်ပေးတဲ့အတွက် ဦးနှောက်လုပ်ဆောင်ချက်ကို တိုးစေပါတယ်။ အားကစားလုပ်အောင် ကလေးတွေကို တိုက်တွန်းပေးတာ (ဒါမှမဟုတ်) သူတို့ရဲ့စိတ်ဝင်စားမှုမြင့်မားလာအောင် သူတို့နဲ့အတူ မိဘတွေက ကစားပေးလို့ရပါတယ်။

သင်္ချာအတွက်အချက်တွေကို လုပ်ခိုင်းပါ

သင်္ချာအတွက်အချက်တွေက ဦးနှောက်လုပ်ဆောင်ချက်ကို တိုးစေပြီး ကလေးရဲ့ဉာဏ်ရည်ကို တိုးတတ်လာစေပါတယ်။ ကလေးတွေကို (၂+၂ =?)၊ (၁၂-၂=?) စတဲ့ သင်္ချာအတွက်အချက်တချို့မေးတာကို နေ့တိုင်း (၁၀) မိနစ်လောက် လုပ်ပေးသင့်ပါတယ်။

အသက်ရှုလေ့ကျင့်ခန်းလုပ်ခိုင်းပါ

အသက်ပြင်းပြင်းရှုတာက ဦးနှောက်အားကောင်းစေတဲ့နည်းတွေထဲက တစ်ခုပါ။ အတွေးတွေကို ရှင်းလင်းတာ၊ စိတ်ဖိစီးမှုကို လျော့ချတာ၊ အာရုံစိုက်မှုအားကောင်းစေတာတွေမှာ အကူညီပေးနိုင်ပါတယ်။ ကလေးတွေကို မနက်ခင်းတွေမှာ (၁၀ -၁၅) မိနစ်လောက် အသက်ပြင်းပြင်းရှုခိုင်းကြည့်လို့ရပါတယ်။

Ref: Easy ways to boost your Kid’s IQ

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top