အသားရေခြောက်သွေ့တဲ့ ပျိုမေများအတွက် အစွမ်းထက်serum

yyl-007-11.jpg

အလှဆီက သဘာဝအလျောက် အသားအရေချောမွေ့သွားစေတဲ့ အေးမြသောအစွမ်းသတ္တိရှိတယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဆောင်းရာသီမှာဆိုရင် ခြောက်သွေ့တဲ့အသားရေအတွက် အလှဆီက အသားအရေစိုပြေလာစေဖို့ အစိုဓာတ်ကို ထိန်းပေးဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ အသားရေကို အလှဆီလိမ်းပေးမယ်ဆိုရင် ပြဿနာတစ်ချက်တော့ရှိပါတယ်။ အသားရေကို တိုက်ရိုက်ထိတွေ့လိုက်ခြင်းဟာ ကပ်စေးကပ်စေးဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အသားအရေခြောက်သွေ့ခြင်းကို ကုသပေးဖို့အတွက် အလှဆီနဲ့ပြုလုပ်လို့ရတဲ့ အစွမ်းထက်မျက်နှာလိမ်းserumရှိပါတယ် အသားရေခြောက်သွေ့တတ်တဲ့ ပျိုမေများအတွက် မျက်နှာလိမ်းserumကိုဘယ်လိုလုပ်ရမလဲဆိုတာကိုဖော်ပြပေးလိုက်ရပါတယ်။

အလှဆီ၊ နှင်းဆီအရည်နဲ့သံပုရာသီးတို့ကို ပေါင်းစပ်ခြင်း

ဆောင်းရာသီအတောအတွင်းမှာ ကျွန်မတို့ရဲ့အသားရေကို စိုပြေအောင် ထိန်းသိမ်းကြရပါတယ်။ ခြောက်သွေ့တဲ့အသားရေနဲ့ရင်ဆိုင်တွေရတဲ့နေ့ရက်တွေကို ဘိုင့်ဘိုင့်လို့ပြောလိုက်ဖို့အတွက် အလှဆီက အကောင်းဆုံးအရာတစ်ခုပါ။ နှင်းဆီအရည်၊ သံပုရာရည်တို့နဲ့ပေါင်းစပ်လိုက်တဲ့အခါ အလှဆီက ပြီးပြည့်စုံတဲ့moisturiserအဖြစ် လုပ်ဆောင်ပါတယ်။ နှင်းဆီအရည်က အသားရေဆဲလ်တွေကို သဘာဝအလျောက်ကျဉ်းသွားစေတဲ့ phenylethanolဓာတ်ရှိပြီး အမျိုးမျိုးသောအသားရေ မညီမညာဖြစ်ခြင်းကိုလည်း ကုသပေးပါတယ်။ သံပုရာအရည်က အသားဖြူဝင်းစေတဲ့ဓာတ်ရှိပြီး အလှဆီ၊နှင်းဆီအရည်တို့နဲ့ရောစပ်လိုက်တဲ့အခါမှာတော့ ထိရောက်တဲ့အစွမ်းသတ္တိတွေနဲ့ပြည့်နေပါတယ်။

မျက်နှာလိမ်းserumလုပ်နည်း

ဒီအစွမ်းထက်ဆေးရည်ကို ပြုလုပ်ဖို့အတွက် နှင်းဆီရည် (၂၀) မီလီလီတာ၊ အလှဆီ (၅) စက်၊ သံပုရာသီး (၁) လုံးရဲ့အရည်တွေ လိုအပ်ပါတယ်။ ဒီသုံးမျိုးကို ရောစပ်လိုက်ရုံပါပဲ။ ရောစပ်ပြီးသွားရင် ပုလင်းအသေးထဲကိုလောင်းထည့်ပြီး တစ်လလောက် ရေခဲသေတ္တာထဲ သိမ်းဆည်းထားရပါတယ်။

ဒီဆေးရည်ကို စပရေးဘူးခွံတစ်ခုထဲထည့်ပြီး မိတ်ကပ်အသားကျအောင်ဖြန်းတဲ့အရည်အနေနဲ့လည်း အသုံးပြုလို့ရပါတယ်။ မိတ်ကပ်လိမ်းပြီးသွားတဲ့အခါမှာ သင့်မျက်နှာကို ဖြန်းလိုက်ရမှာဖြစ်ပါတယ်။

Ref: Suffer from dry skin? You need this magic serum

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top