ရေငုပ်အသက်ရှူမျက်နှာဖုံးကို အသက်ကယ် Mask တွေအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ အီတလီလူမျိုးအင်ဂျင်နီယာများ

27-3-2020-yyl-024.jpg

တရုတ်နိုင်ငံက COVID 19 ပျံ့နှံမှုကို ထိန်းချုပ်နိုင်သွားပုံရပေမဲ့ အီတလီ၊ အမေရိကန်တွေလို နိုင်ငံတွေကတော့ COVID 19 ကူးစက်ခံရသူ ပိုပြီးများပြားလာခဲ့ပါတယ်။ အရေအတွက်များလာတဲ့အတွက် ကျွမ်းကျင်ဆရာဝန်တွေနဲ့ လိုအပ်တဲ့ဆေးဘက်ဆိုင်ရာပစ္စည်းတွေ လိုအပ်လို့နေပါတယ်။ ပစ္စည်းမလုံလောက်မှုတွေရှိနေတဲ့အတွက် ISINNOVA ကုမ္ပဏီက အင်ဂျင်နီယာတွေဟာ ဉာဏ်ကြီးရှင်တွေအနေနဲ့ နည်းလမ်းတစ်ခု ဖော်ထုတ်ခဲ့ပြီး ကျွမ်းကျင်ဆရာဝန်တွေနဲ့အတူ COVID 19 လူနာရှင်တွေကို ကူညီဖို့အတွက် ဆေးဘက်ဆိုင်ရာအသက်ရှုစက်တွေအဖြစ် လုပ်ဆောင်နိုင်တဲ့ Maskတွေအဖြစ် ရေငူပ်အသက်ရှူမျက်နှာဖုံးတွေကို ပြောင်းလဲပစ်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းက ဆေးဘက်ဆိုင်ရာနည်းစနစ်တွေက အထွပ်အထိပ်ရောက်နေပြီး ဆေးဘက်ဆိုင်ရာ ပစ္စည်းမလုံလောက်တဲ့အခါ လူတွေက ဆက်စပ်ပစ္စည်းတွေကို ရှာဖွေကြရပါတယ်။ အင်ဂျင်နီယာတွေဖြစ်တဲ့ ခရစ်ရှန် ဖရက်ကာဆီ နဲ့ အက်လက်ဆန်ဒရို ရိုမိုင်တို့က Gardone Valtrompia Hospital က လက်ရှိမှာC-PAP Mask တွေ ပြတ်လပ်မှုရှိနေတဲ့အတွက် ဆေးရုံအုပ်ဟောင်း ဒေါက်တာ ရီနာတို ဖာဗီရိုရဲ့ အကူအညီနဲ့ အကြံရခဲ့ပါတယ်။ အဲဒီMaskတွေ လိုအပ်နေတဲ့အတွက် အသက်ရှူစက်နဲ့ ချိတ်ဆက်လို့ရတဲ့ Maskတွေအဖြစ် ရေငုပ်အသက်ရှူမျက်နှာဖုံးတွေကို ပြောင်းလဲဖို့ ဒေါက်တာ ဖာဗီရိုက အကြံပြုပေးခဲ့ပါတယ်။

အင်ဂျင်နီယာနှစ်ယောက်က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့အတူ Maskတွေကို ဖန်တီးပြီး စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။ ရေငုပ်အသက်ရှူစက်တွေကို Easybreath နဲ့ Decathlon တို့က ပံ့ပိုးပေးခဲ့ပါတယ်။ အင်ဂျင်နီယာနှစ်ဦးက ပုံကြမ်းရရှိခဲ့ပြီး လိုအပ်တဲ့မွမ်းမံမှူတွေပြုလုပ်ခဲ့ပါတယ်။ နမူနာပစ္စည်းကို Chiari Hospital မှာရှိတဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲက တစ်ဦးမှာ စမ်းသပ်ခဲ့ပြီး စမ်းသပ်မှုက အောင်မြင်ခဲ့ပါတယ်။ ဆေးရုံကလည်း အသက်ရှူစက်လိုအပ်နေတဲ့လူနာမှာ ပစ္စည်းကို စမ်းသပ်ခဲ့ပါတယ်။ ဒီပစ္စည်းစမ်းသပ်မှုက အောင်မြင်မှုရရှိပါတယ်။

ISINNOVA အင်ဂျင်နီယာကုမ္ပဏီက ပစ္စည်းလုပ်လို့ရတဲ့ နည်းလမ်းတွေ၊ အသေးစိတ်စီမံချက်တွေကို ဆေးရုံတွေအတွက် အွန်လိုင်းမှာ အခမဲ့ပြုလုပ်ပေးထားပါတယ်။ C-PAP Maskတွေကို ယူရို ၁၀၀ ဝန်းကျင်ကနေ ဝယ်ယူနေရတဲ့ ဆေးရုံတွေက ရေငုပ်အသက်ရှူမျက်နှာဖုံးတွေကို Decathlon ကနေ ယူရို ၂၅ နဲ့ ဝယ်ယူရမှာဖြစ်ပြီး ကိုယ်တိုင်ဒီဇိုင်းလုပ်ဖန်တီးရမှာပါ။ ဒါက mask မလုံလောက်မှုကို ဖြေရှင်းနိုင်ရုံသာမက လုပ်ရတာလည်းလွယ်ကူပြီး ဈေးချိုတဲ့ ဖြေရှင်းနည်းပါပဲ။

Ref :Italian Engineers Turn Snorkeling Masks Into Life-Saving Ventilators

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top