ဒိုက်ထိုးနိုင်စွမ်းကိုကြည့်ပြီး နှလုံးရောဂါဖြစ်နိုင်ချေကို ကြိုတင်ဟောကိန်းထုတ်နိုင်

1e2921bc26b82791b8a707d0640e5120.jpg

ဟားဗက်တက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့လေ့လာမှုအရ ဒိုက်ထိုးခြင်းကို (၁၀) ကြိမ်ပြည့်အောင် မပြုလုပ်နိုင်သူဟာ လေသင်တုန်းဖြတ်နိုင်ခြေနဲ့ နှလုံးတိုက်ခိုက်ခံရနိုင်ချေအများဆုံးရှိနေတယ်လို့ ယူဆနိုင်ကြောင်း သိရပါတယ်။ ဒိုက်ထိုးခြင်းနဲ့ ဒိုက်ထိုးနိုင်စွမ်းကိုဆန်းစစ်ပြီး လူတစ်ယောက်အနေနဲ့ အနာဂတ်မှာ နှလုံးရောဂါဖြစ်နိုင်ချေဘယ်လောက်ရှိကြောင်း ကြိုတင်ဟောကိန်းထုတ်နိုင်ပြီဖြစ်တယ်လို့ ဟားဗက်က သုတေသီ ဂျက်စတင်ယန်း (Justin Yang) က ထောက်ခံချက်ပေးခဲ့တာပါ။

ဒိုက်ထိုးခြင်းကို (၁၀) ကြိမ်ပြည့်အောင် မပြုလုပ်နိုင်သူဟာ လေသင်တုန်းဖြတ်နိုင်ခြေနဲ့ နှလုံးတိုက်ခိုက်ခံရနိုင်ချေအများဆုံးရှိနေ

ဒါ့အပြင် (၂၁) ကြိမ်နဲ့ အကြိမ် (၃၀) အကြား ဒိုက်ထိုးနိုင်သူတွေကတော့ သွေးလွှတ်ကြောယိုယွင်းတဲ့ နှလုံးရောဂါခံစားရမှုနဲ့ ရုတ်တရက်နှလုံးခုန်ရပ်သွားနိုင်ချေဟာ (၁၀) ကြိမ် ဒိုက်မထိုးနိုင်သူတွေရဲ့ ဖြစ်နိုင်ချေထက် လေးပုံတစ်ပုံစာပဲ ရှိနေကြောင်းလည်း သိရပါတယ်။

ဒိုက်ထိုးခြင်းကို အကြိမ် (၄၀) နဲ့ အထက်ပြုလုပ်နိုင်သူအနေနဲ့ကတော့ နောက်ထပ် (၁၀) နှစ်ကာလ အတွင်း နှလုံးသွေးကြောရောဂါပုံစံမျိုးဖြစ်နိုင်ချေက (၃) ရာခိုင်နှုန်းပဲရှိတော့တာကိုလည်း အံ့အားသင့်ဖွယ် သိရှိရပါတယ်။ ဒါဟာ ဒိုက်ထိုးနိုင်စွမ်းနဲ့ နှလုံးရောဂါရနိုင်ချေကို ဆုံးဖြတ်ချက်ထုတ်နိုင်တဲ့ ပထမဆုံးလေ့လာမှုဖြစ်လာခဲ့ပါတယ်။

ဒါဟာ ဒိုက်ထိုးနိုင်စွမ်းနဲ့ နှလုံးရောဂါရနိုင်ချေကို ဆုံးဖြတ်ချက်ထုတ်နိုင်တဲ့ ပထမဆုံးလေ့လာမှုဖြစ်

အဆီဓာတ်တွေကြောင့် နှလုံးသွေးကြောတွေကျဉ်းလာစေပြီး အဲဒီကနေတစ်ဆင့် ဆိုးရွားတဲ့နှလုံးရောဂါဖောက်နိုင်ချေက ကျွန်တော်တို့ ရဲ့ အသက် (၂၀) အရွယ်၊ အသက် (၃၀) အရွယ်ကနေ စောစောစီးစီးစတင်ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့်မို့ ကြီးသည်၊ ငယ်သည်မဆို ကြံ့ခိုင်သန်စွမ်းနေအောင် ကျန်းမာရေးလိုက်စားခြင်းက ရောဂါအကင်းဝေးနိုင်စေဆုံး အလေ့အကျင့်ကောင်း ဖြစ်တယ်လို့ ဆိုပါရစေ။

Ref: Independent “Men who can’t do 10 push-ups at greater risk of heart disease, study says”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top