စတာလင်က PFA ဆု ရထိုက်လို့ သူ့ကို မဲပေးခဲ့တယ်ဆိုတဲ့ ဗန်ဒစ်ခ်

s3.jpg

မန်စီးတီး တောင်ပံကစားသမား စတာလင်က တစ်နှစ်တာအကောင်းဆုံး ပရော်ဖက်ရှင်နယ်ကစားသမားဆု(PFA)ရဖို့ ထိုက်တန်တဲ့အတွက် သူ့ကိုမဲပေးခဲ့တယ်လို့ လီဗာပူးနောက်ခံလူ ဗန်ဒစ်ခ်က ပြောပါတယ်။ ဒီရာသီရဲ့ PFA ဆုအတွက် ဗန်ဒစ်ခ်နဲ့ စတာလင်က အပြိုင်ရေပန်းစားနေပါတယ်။

ပရီးမီးယားလိဂ်မှာ ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့ လီဗာပူးအသင်း ခံစစ်ကြောင်းမှာ ဗန်ဒစ်ခ်က အခရာဖြစ်ပြီး စတာလင်ကတော့ မန်စီးတီးတိုက်စစ်ပိုင်းအတွက် အသက်သွေးကြောလို့ ဆိုရလောက်အောင် ခြေစွမ်းပြနေပါတယ်။ စတာလင်ဟာ ဒီရာသီမှာ မန်စီးတီးအတွက် ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) ပွဲ ကစားထားပြီး သွင်းဂိုး (၁၅) ဂိုး သွင်းယူထားသူပါ။ ”ကျွန်တော် တွေးမိသလို မဲပေးခဲ့တာပါ။ စတာလင်က ဒီဆုအတွက် ထိုက်တန်မယ် ထင်ပါတယ်။ ဒီရာသီက စတာလင်ရဲ့ အံ့မခန်းခြေစွမ်းကို မြင်ရတဲ့ရာသီပါ။ မန်စီးတီးမှာ မဲပေးသင့်တဲ့ တခြားကစားသမားတွေ ရှိပါသေးတယ်”လို့ ဗန်ဒစ်ခ်က ပြောပါတယ်။ PFA ဆုအတွက် ကိုယ့်အသင်း ကစားသမားတွေကို မဲပြန်ပေးလို့ မရဘူးဆိုတဲ့ စည်းမျဉ်းရှိပါတယ်။ PFA ဆုပေးပွဲအခမ်းအနားကို ဧပြီလ (၂၈) ရက်နေ့မှာ ကျင်းပမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top