အနက်မှောင်ဆုံးအရောင်ရှိပစ္စည်းကို MIT သိပ္ပံပညာရှင်တွေ ဖန်တီးနိုင်ခဲ့

yyl-043-2.jpg

အမေရိကန်ဒေါ်လာ (၂) သန်းတန် အဝါသွေးစိန်တစ်ပွင့်ကိုရမယ်ဆို ဘာလုပ်ပစ်မယ်လို့ စာဖတ်သူတွေးမိပါသလဲ။ MIT က ပညာရှင်ဖြစ်နေသူဆိုရင်တော့ ဒီစိန်ပွင့်ကို အဆင့်မြင့်နည်းပညာပစ္စည်းတစ်မျိုး ဖုံးအုပ်ပြီး အသွင်ပြောင်းပစ်ဖို့တွေးမိလောက်မှာပါ။ MIT က လေကြောင်းနဲ့ အာကာသပညာပါမောက္ခ ဘရိုင် ဝါဒဲလ် (Brian Wardle) နဲ့ အနုပညာ၊ သိပ္ပံ၊ နည်းပညာဌာနက အနုပညာရှင် ဒိုင်းမတ် စထရီးဘ် (Diemut Strebe) တို့ကတော့ အဲဒီလိုစိန်တစ်ပွင့်ကို ဝင့်ကြွားဖွယ်ရာပြောင်းလဲခြင်း (The Redemption of Vainty) လို့ အမည်ပေးထားတဲ့ အနုပညာမြောက်ပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲခဲ့ကြပါတယ်။ MIT ကပညာရှင်တွေရဲ့ ဖန်တီးမှုအသစ်ဖြစ်တဲ့ (The Redemption of Vainty) ကာဘွန်နာနိုကျု့ဘ်ပစ္စည်းကို လေ့လာလိုရင် နယူးယော့ခ်စတော့အိတ်ချိန်းမှာ နိုဝင်ဘာ (၂၅) နေ့ထိ သွားရောက်လေ့လာနိုင်မှာပါ။

“သစ်ပင်ငယ်လေးတွေစုနေတဲ့ တောအုပ်တစ်ခုသဏ္ဍာန် အလူမီနီယမ်အလွှာပါးလေးပေါ်က ကာဘွန်အစအနလေးတွေ” လို့ MIT က ဖော်ပြခဲ့ပြီး ဒီသတ္ထုအလွှာပါးလေးက ဝင်လာတဲ့အလင်းမှန်သမျှရဲ့ ၉၉.၉၆ % ကိုဖမ်းယူပြီး စံချိန်တင်အောင် နက်မှောင်တဲ့အရောင်ရှိပစ္စည်းကိုဖြစ်လာစေပါတယ် လို့ ဖော်ပြထားပါတယ်။

ထူးထူးခြားခြားနက်မှောင်တဲ့အရောင်ရှိ CNT ပစ္စည်းတွေဟာ စက္ခုဆိုင်ရာကိရိယာတွေနဲ့ လေကြောင်းနဲ့ အာကာသသုံးပစ္စည်းတွေအတွက် စိတ်ဝင်စားစရာဖြစ်ပါတယ်။ အရင်က အနက်မှောင်ဆုံးလို့နာမည်ကြီးခဲ့ဖူးတဲ့ အရောင်ကကေတော့ အင်္ဂလန် နာနိုနည်းပညာကုမ္ပဏီ Surrey က ၂၀၁၄ မှာ ဖန်တီးခဲ့တဲ့ Vantablack အမည်ရ ကာဘွန်နာနိုကျု့ဘ်ပစ္စည်းပါ။

Wardle ဦးဆောင်တဲ့ MIT ပညာရှင်အဖွဲ့က သူတို့ဖန်တီးထားတဲ့ CNT ပစ္စည်းကို Vantablack အပါအဝင် တခြား CNT ပစ္စည်းတွေနဲ့ နှိုင်းယှဉ်တိုင်းတာခဲ့ရာမှာ သူတို့ရဲ့ပစ္စည်းက အလင်းပြန်ထွက်မှုပိုနည်းပါးတာကိုတွေ့ရတာကြောင့် The Redemption of Vanity ကိုအနက်မှောင်ဆုံးပစ္စည်းလို့ သတ်မှတ်ခဲ့ကြတာပါ။ ဒါပေမဲ့ သာမန်မျက်လုံးအမြင်နဲ့ဆိုရင် CNT ပစ္စည်းနဲ့ Vantablack တို့ကို ဘယ်ဟာက ပိုနက်မှောင်သလဲဆိုတာ ခွဲခြားလို့ရမှာမဟုတ်ပါဘူး။

MIT ပညာရှင်အဖွဲ့ကဖန်တီးထားတဲ့ CNT အနက်ရောင်ကို ပန်းချီနဲ့ ဒီဇိုင်းအနုပညာရှင်တွေအတွက် (စီးပွားရေးလုပ်ငန်းသုံးကလွဲလို့ ) လွတ်လပ်စွာအသုံးပြုခွင့်ပေးထားပါတယ်။ အရင်ကတော့ Black 3.0 ကို ပန်းချီနဲ့ ဒီဇိုင်းအနုပညာနယ်ပယ်မှာ အနက်မှောင်ဆုံးအရောင်အဖြစ်သုံးခဲ့ကြပေမဲ့ MIT ရဲ့ ဖန်တီးမှုက ပန်းချီနဲ့ ဒီဇိုင်းအနုပညာရှင်တွေအတွက် နောက်တစ်ဆင့်ရွေးချယ်စရာအရောင်တစ်မျိုးဖြစ်လာခဲ့ပါပြီ။

“အနုပညာလက်ရာပစ္စည်းတစ်ခုခု၊ အနုပညာလက်ရာအတွက် စိတ်ကူးစိတ်သန်းတစ်ခုခုကို မူပိုင်ထားမျုဆိုတာကို ကျွန်တော်တို့က လက်မခံပါဘူး။ အခုကျွန်တော်တို့ရဲ့နည်းလမ်းကိုလည်း အနုပညာရှင်တိုင်းကို အသုံးပြုခွင့်ပေးထားပါတယ်” လို့ စထရီးဘ် (Strebe) နဲ့ ဝါဒဲလ် (Wardle) တို့က The Redemption of Vanity အကြောင်းထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။

Ref: Cnet “MIT unveils new ‘blackest black’ material and makes a diamond disappear”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top