ဖလော်ရီဒါ Disney World မှာ အဖြူရောင်ကြံ့ပေါက်လေးမွေးဖွား

27-10-2020-yyl-005.jpg

ဖလော်ရီဒါပြည်နယ်ရဲ့ Walt Disney World မှာ ရှိတဲ့ Animal Kingdom အပန်းဖြေဥယျာဉ်မှာ ပေါင် (၁၅၀) ရှိတဲ့ အဖြူရောင်ကြံ့ပေါက်လေးကို ပြီးခဲ့တဲ့အပတ်က မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ အဖြူရောင်ကြံ့ပေါက်လေးက အထီးလေးဖြစ်ပြီး ပေါင်ချိန်က ၁၅၀ ရှိတဲ့အတွက် အရမ်းထွားတဲ့ကြံ့လို့ပြောလို့ရပါတယ်။ သူ့ကို ၁၉၉၉ခုနှစ်မှာ Animal Theme Park မှာ မွေးဖွားခဲ့တဲ့ ပထမဆုံးအဖြူရောင်ကြံ့ကြီး ကန်ဒီက မွေးဖွားခဲ့တာပါ။

လူသားဥယျာဉ်ထိန်းသိမ်းရေးဝန်ထမ်းတွေရဲ့ဂရုစိုက်မှုအောက်မှာ ကြံ့မကြီးရော၊ ကြံ့ပေါက်လေးပါ ကျန်းမာရေးကောင်းမွန်နေတယ်လို့ Disney က သတင်းထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ လာမယ့် ရက်သတ္တပတ်မှာ အပန်းဖြေဥယျာဉ်ရဲ့ ဆဗားနားမြက်ခင်းပြင်က အခြားကြံ့တွေနဲ့ ကြံ့ပေါက်လေးကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အဖြူရောင်ကြံ့တွေက ဒုတိယအကြီးဆုံးကုန်းနေ နို့တိုက်သတ္တဝါဖြစ်ပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့မျိုးစိတ်ဖြစ်ပါတယ်။ ကြံ့ပေါက်လေးရဲ့မွေးဖွားမှုကို တနင်္ဂနွေနေ့က Association of Zoos and Aqariums က အန္တရာယ်ဖြစ်စေနိုင်တဲ့မျိုးစိတ်ရဲ့ မျိုးဆက်အတွက် လာရောက်ကြည့်ရှုခဲ့ကြပြီး ကြံ့ပေါက်လေးက Species Survival Plans ရဲ့အောင်အောင်မြင်မြင်နဲ့မွေးဖွားခဲ့တဲ့တိရစ္ဆာန်ဖြစ်ခဲ့ပါတယ်။

ဒါက Disney World မှာ မွေးဖွားတဲ့ (၁၁) ကြိမ်မြောက် ကြံ့ပေါက်လေးဖြစ်ပြီး နောက်ထပ် (၂) ကောင်ကလည်း မွေးဖွားတော့မှာဖြစ်တယ်လို့ Disney က ပြောပါတယ်။ အပန်းဖြေဥယျာဉ်ရဲ့တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့က နောက်နှစ် မွေးဖွားဖို့ မျှော်လင့်ရတဲ့ အခြားကြံ့ပေါက် (၂) ကောင်ကို စောင့်ကြည့်နေကြပါတယ်။

Ref: ABCNews “It’s a boy — a big boy. White rhino born at Disney World”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top