ဘေဘီလေးတွေ ဆံပင်မြန်မြန်သန်စွမ်းစေဖို့ လုပ်ရမယ့် အလွယ်ကူဆုံးနည်းလမ်းများ

24-10-2020-yyl-012.jpg

ဘေဘီလေးတွေ လမ်းလျှောက်ခါစအရွယ်ရောက်တဲ့အခါ ဆံပင်အရမ်းမသန်တာကို မိဘတွေ ကြုံတွေ့ရတတ်ပါတယ်။ ဆံပင်သန်လာဖို့အတွက် လတော်တော်ကြာကြာစောင့်ဆိုင်းရတတ်ပါတယ်။ မိဘတွေက ဘေဘီလေးကို ဆံပင်မြန်မြန်သန်စေချင်ရင် နည်းလမ်းတချို့ကို အသုံးပြုလို့ရပါတယ်။ အဲဒီနည်းလမ်းတွေက ဆံပင်သန်စွမ်းအောင် ကူညီပေးမယ့် ဘေးကင်းတဲ့နည်းလမ်းတွေပါပဲ။ ဘေဘီလေးတွေကို မိဘတွေလုပ်ပေးရမှာက

ဆံသားကို ညင်ညင်သာသာလေး ဖြီးပေးပါ

လမ်းလျှောက်ခါစကလေးတွေက ဆံပင်သန်တာ နှေးပြီး ကျယ်တတ်ပါတယ်။ ဒါပေမဲ့ ဦးရေပြားမှာ သွေးလည်ပတ်မှုကောင်းဖို့အတွက် ပုံမှန်ဆံပင်ဖြီးပေးဖို့ လိုအပ်ပါတယ်။ နူးညံ့တဲ့ဘီးကို သုံးပြီး ကလေးရဲ့ဆံပင်ကို ဖြည်းဖြည်းသာသာဖြီးပေးပါ။ ဒီနည်းက သင့်ကလေးရဲ့ခေါင်းကိုလည်း နှိပ်နယ်ပေးသလိုဖြစ်စေတဲ့အပြင် ဆံပင်ကိုလည်း သန်စွမ်းလာစေနိုင်ပါတယ်။

အုန်းဆီလိမ်းပေးပါ

အုန်းဆီက ဆံသားကို အာဟာရဓာတ်ဖြည့်ပေးတဲ့ အာနိသင်များစွာပါဝင်ပြီး အပျော့စားဆံပင်လိမ်းဆီတွေထဲက တစ်ခုပါ။ ဦးရေပြားကို ကုသပေးတဲ့အပြင် ဆံသားကိုလည်း သန်စွမ်းစေပါတယ်။ ကလေးရဲ့ဆံပင်ကို အုန်းဆီလိမ်းပြီး ဦးရေပြားကို ပုံမှန်နှိပ်နယ်ပေးတာက သူတို့လေးတွေရဲ့ဆံသားကို ထူပြီး ပျော့ပြောင်းလာစေနိုင်ပါတယ်။

ဆံပင်တွေကို ချည်နှောင်ထားတာမလုပ်ပါနဲ့

မိဘအများစုက ကလေးတွေရဲ့ဆံပင်ကို စည်းပေးရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ကလေးတွေက ဆံပင်စည်းထားရင် ချစ်ဖို့ကောင်းကြပါတယ်။ ဒါပေမဲ့ ဆံသားတွေကို ချည်နှောင်ထားတာက ဆံသားတွေကို ပျက်စီးစေနိုင်ပါတယ်။ ကလေးဆံပင်ရဲ့အမြစ်တွေ အားနည်းလာပြီး ဆံပင်ပျက်ထွက်တာတွေဖြစ်လာကာ ဆံသားမသန်ဘဲဖြစ်တတ်ပါတယ်။

ဆံသားကို ဗီတာမင်အီအဆီနဲ့ အားဖြည့်ပေးပါ

ကလေးရဲ့ဦးရေပြားကို အားဖြည့်ပေးဖို့အတွက် ဗီတာမင်အီအဆီကိုလည်း အလွယ်တကူအသုံးပြုပေးနိုင်ပါတယ်။ အုန်းဆီထဲကို ဗီတာမင်အီအဆီအနည်းငယ်ရောစပ်ပြီး ကလေးရဲ့ဆံပင်ကို လိမ်းပေးနိုင်ပါတယ်။ ဗီတာမင်အီအဆီက ဦးရေပြားကို ရေဓာတ်ဖြည့်ပေးပြီး ဆံသားတွေကို သန်စွမ်းလာအောင် ကူညီပေးနိုင်ပါတယ်။

ပုံမှန် ခေါင်းလျှော်ပေးပါ

သန့်ရှင်းတဲ့ဦးရေပြားကလည်း ဆံပင်သန်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ သင့်ကလေးရဲ့ဆံပင်ကို ပုံမှန် ခေါင်းလျှော်ပေးပါ။ ကလေးတွေနဲ့ကိုက်ညီတဲ့ခေါင်းလျှော်ရည်ကို အသုံးပြုပေးဖို့တော့လိုအပ်ပါတယ်။ ကလေးဆံပင်သန်ဖို့အတွက် ဘယ်လိုခေါင်းလျှော်ရည်အမျိုးအစားသုံးပေးရမလဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ကြည့်လို့ရပါတယ်။

ရှားစောင်းလက်ပက်သုံးပေးပါ

ဆံပင်သန်စွမ်းဖို့အတွက် လွယ်ကူတဲ့သဘာဝနည်းလမ်းကတော့ ရှားစောင်းလက်ပက်အသုံးပြုတာပါပဲ။ ရှားစောင်းလက်ပက်က ဂျယ်လ်ကို ခြစ်ပြီး ကလေးရဲ့ဦးရေပြားမှာ လိမ်းပေးပြီး နှိပ်နယ်ပေးပါ။ (၁၅-၂၀) မိနစ်လောက်ထားပြီးမှ ခေါင်းလျှော်ပေးရမှာဖြစ်ပါတယ်။

Ref: Easy tips to make your baby’s hair grow quicker

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top