အသည်းကို သန့်စင်ပေးဖို့အတွက် ဒီအစားအစာတွေ စားသုံးပေးပါ

4-11-2020-yyl-015.jpg

အသည်းကင်ဆာကလည်း ကမ္ဘာ့တစ်ဝှမ်းမှာ အဖြစ်များတဲ့ရောဂါဖြစ်ပါတယ်။ အသည်းရဲ့အဓိကလုပ်ဆောင်ချက်ဟာ ခန္ဓာကိုယ်က အလဟဿတင်ကျန်နေတဲ့ အရာတွေကို ဖယ်ရှားပေးဖို့ပါပဲ။ အသည်းဟာ သွေးအတွင်းက ကာဗွန်ဟိုက်ဒရိုတ်တွေကို ကောင်းကောင်းလည်ပတ်နိုင်ဖို့၊ သွေးကနေ အဆိပ်အတောက်တွေ ဖယ်ရှားဖို့၊ အင်ဇိုင်းဓာတ်တွေ လှုပ်ရှားလာဖို့ ကူညီပေးနိုင်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ အရေးကြီးတဲ့အသည်းကို အဆိပ်အတောက်တွေ သန့်စင်ဖို့ ထောက်ပံ့ကူညီပေးနိုင်တဲ့အစားအစာရှိပါတယ်။ အသည်းကင်ဆာမဖြစ်အောင် အသည်းရဲ့လုပ်ဆောင်ချက်တွေကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ အောက်မှာဖော်ပြပေးထားတဲ့အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။

အမျှင်ဓာတ်များတဲ့အစားအစာများ

သင် တစ်နေ့တာစားတဲ့အစားအစာမှာ အမျှင်ဓာတ်ပိုပါဝင်မယ်ဆိုရင် သင့်အသည်းကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ အသည်းထဲမှာတင်ကျန်နေတဲ့ သကြားပမာဏကို ဖြတ်တောက်ပေးတဲ့နေရာမှာ ကူညီပေးပါတယ်။ ဒါကြောင့် အသည်းကျန်းမာရေးအတွက် ခန္ဓာကိုယ်က အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့နေရာမှာကူညီပေးတဲ့ အမျှင်ဓာတ်များတဲ့အစားအစာတွေကို စားပေးသင့်ပါတယ်။

လက်ဖက်စိမ်းရေနွေးကြမ်း

လက်ဖက်စိမ်းရေနွေးကြမ်းသောက်ပေးတာကလည်း များစွာသော ကျန်းမာရေးအကျိုးကျေးဇူးတွေရပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်ကျချင်နေတဲ့ သူတွေအတွက်ပါ။ ဒါပေမဲ့ လက်ဖက်စိမ်းရေနွေးကြမ်းက အသည်းမှာရှိနေတဲ့ အဆီတွေကိုလည်း ဖယ်ထုတ်ပေးနိုင်ပါတယ်။ အသည်းအဆီဖုံးတာတွေမဖြစ်အောင် လက်ဖက်စိမ်းရေနွေးကြမ်းက ကာကွယ်ပေးနိုင်ပါတယ်။ အသည်းရဲ့လုပ်ဆောင်ချက်ကိုလည်း တိုးတတ်စေနိုင်ပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းရဲ့အကျိုးကျေးဇူးတွေကို မြင်တွေ့ချင်ရဖို့အတွက် နေ့တိုင်း လက်ဖက်စိမ်းရေနွေးကြိမ်း (၁) ခွက် သောက်ပေးလို့ရပါတယ်။

အချဉ်ဓာတ်ပါတဲ့သစ်သီးများ

အသည်းကို သဘာဝအလျောက်သန့်စင်ပေးနိုင်တဲ့ သစ်သီးများစွာရှိပါတယ်။ အချဉ်ဓာတ်ပါတဲ့သစ်သီးတွေက အင်ဇိုင်းဓာတ်ကို သန့်စင်ပေးဖို့အတွက် မြှင့်တင်ပေးတဲ့ ဗီတာမင်စီပမာဏ ကောင်းစွာပါဝင်ပါတယ်။ လိမ္မော်သီးအပြင် ပန်းသီး၊ ထောပတ်သီးနဲ့ စပျစ်သီးတို့ကိုလည်း စားပေးနိုင်ပါတယ်။

သစ်ကြားသီး

သစ်ကြားသီးက အိုမီဂါ ၃ အက်ဆစ်နဲ့ အမီနိုအက်ဆစ်ဓာတ်တွေနဲ့ ပြည့်ဝနေတာပါ။ အဲဒါတွေက အသည်းကို သန့်စင်ပေးနိုင်တဲ့ Arginine အက်ဆစ်ပါဝင်ပါတယ်။ အိုမီဂါ ၃ က အသည်းကောင်းမွန်ဖို့အတွက် အဆိပ်အတောက်တွေ သန့်စင်တဲ့နေရာမှာ အကူအညီဖြစ်စေပါတယ်။

အရွက်များတဲ့အစိမ်းရောင်ဟင်းသီးဟင်းရွက်

အစိမ်းရောင်ဟင်းသီးဟင်းရွက်ကို နေ့တိုင်းပါအောင် စားသုံးပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက် ကောင်းပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေဟာ အသည်းက အဆိပ်အတောက်တွေကို သန့်စင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။

နနွင်းနဲ့ ကြက်သွန်ဖြူ

နနွင်းနဲ့ ကြက်သွန်ဖြူလို အမွေးအကြိုင်တွေကို ဟင်းလျာကြော်လှော်ချက်ပြုတ်တဲ့နေရာမှာ တော်တော်လေးသုံးကြပါတယ်။ ကြက်သွန်ဖြူမှာ အသည်းကို ထောက်ပံ့ပေးတဲ့၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဆာလဖာဒြပ်ပေါင်း ပါဝင်ပါတယ်။ နနွင်းကလည်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ကာကူမင်ဓာတ်ပါဝင်ပါတယ်။ အဲဒီဓာတ်ကို အသည်းဆဲလ်တွေကို ပြန်လည်ပြုပြုပေးတဲ့၊ ကျန်းမာတဲ့အသည်းဆဲလ်တွေဖြစ်လာအောင်လုပ်ပေးတဲ့အရာအဖြစ် သိကြပါတယ်။

ဒီအစားအစာတွေက ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်။ ဒါပေမဲ့ သင်က ကျန်းမာရေးပြဿနာတစ်ခုခုခံစားနေရရင် (သို့) ဆေးကုသမှုခံယူနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။

Ref: Detoxify your liver with these five simple foods

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top