အူစိန်ဘော့ရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့ အမျိုးသမီး

yyl-2-10-003.jpg

ကမ္ဘာ့အမြန်ဆုံးလူသားလို့ တင်စားခံခဲ့ရတဲ့ တာတိုအပြေးသမား အူစိန်ဘော့ရဲ့ စံချိန်ကို အမျိုးသမီးတစ်ယောက်က ချိုးဖျက်နိုင်ခဲ့ပါတယ်။ အမေရိကန် အိုလံပစ်တာတိုအပြေးမယ် အလီဆန်ဖီးလစ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကျား-မ မီတာ ၄၀၀ လက်ဆင့်ကမ်းအသင်းနဲ့အတူ ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီရွှေတံဆိပ်က သူ့အတွက် (၁၂)ခုမြောက် ရွှေတံဆိပ်ဖြစ်ပါတယ်။ အဲဒီအတွက် အလီဆန်ဖီးလစ်ဟာ ကမ္ဘာ့ချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် စံချိန်တင်ဆွတ်ခူးနိုင်သူ ဖြစ်လာခဲ့ပါတယ်။ သူဟာ အရင်ကတည်းက ဆုတံဆိပ်အများဆုံး ဆွတ်ခူးနိုင်တဲ့ ပြေးခုန်ပစ်မယ်တစ်ဦး ဖြစ်ပါတယ်။

သူဟာ အိုလံပစ်ပြိုင်ပွဲ(၄)ခုမှာ စုစုပေါင်း ဆုတံဆိပ်(၉)ခုရခဲ့ပြီး ဆုတံဆိပ်(၆)ဆုကတော့ ရွှေတံဆိပ်တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့တာက အလီဆန်ဖီးလစ်အတွက် တကယ့်ကို ထူးထူးခြားခြား ဖြစ်စေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ လွန်ခဲ့တဲ့ ၁၀ လကမှ မီးဖွားခဲ့သူပါ။ အလီဆန်ဖီးလစ်ဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက သွေးပေါင်ချိန်မမှန်တဲ့(သွေးဆိပ်တတ်တယ်လို့ လူသိများ)အခြေအနေ ကြုံတွေ့ခဲ့လို့ ကိုယ်ဝန်ဆောင်ချိန် ရက်သတ္တပတ် ၃၂ ပတ်မှာပဲ ဗိုက်ခွဲမွေးခဲ့ရပြီး အိုလံပစ်ပြိုင်ပွဲဝင်နွှဲခွင့်မရမှာ စိုးရိမ်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top