နျူကလီယားလက်နက်တွေ အလုံးစုံဖျက်သိမ်းဖို့ ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်တွေ ကတိပြု

1524911197_south-korean-president-moon-jae-north-korean-leader-kim-jong-un-meet-truce-village-panmunjom.jpg

တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ ဟာ ဧပြီ ၂၇ ရက်နေ့မှာ သမိုင်းဝင်တွေဆုံခဲ့ပြီးနောက် ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား လက်နက် အလုံး စုံဖျက်သိမ်းရေးလုပ်ဆောင်ဖို့ ကတိပြုခဲ့တဲ့အပြင် ၁၉၅၀ ခုနှစ်ကျော်က ဖြစ်ခဲ့တဲ့ ကိုရီးယား စစ်ပွဲတရားဝင် ပြီးဆုံးကြောင်း အခုနှစ်အတွင်းကြေညာနိုင်ဖို့ တရုတ်၊အမေရိကန်တို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

နှစ်နိုင်ငံစလုံးရဲ့ ကတိတွေဟာ တိကျသေချာမှု အားနည်းပြီး လာမယ့်သီတင်းပတ်တွေအတွင်း တွေဆုံမယ်လို့ မျှော်လင့်ထားတဲ့အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အရေးကြီးတဲ့ တွေဆုံပွဲမတိုင်ခင် မြောက်ကိုရီးယားရဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ အဓိကမေးခွန်းတွေ သေချာရှင်းလင်းမှု မရှိသေးဘူးလို့ သိရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်တို့ တွေဆုံပြီးတဲ့နောက် ကြေငြာချက်ထဲမှာ လက်နက်လျော့ချရေး၊ ရန်လိုမှုတွေ ဖြေလျော့ရေး၊ အမေရိကန်နိုင်ငံအပါဝင် အခြားနိုင်ငံတွေနဲ့ ဆွေးနွေးမှုလုပ်ဖို့ ကြိုးပမ်းရေး တို့ပါဝင်ခဲ့ပါတယ်။

နှစ်နိုင်ငံစလုံးက ခေါင်းဆောင်တွေဟာ ကိုရီးယားကျွန်းဆွယ်မှာ နောက်ထပ် စစ်မဖြစ်ရေးနဲ့ ငြိမ်းချမ်းရေး ကာလသစ်စတင်ရေးတို့ လုပ်ဆောင်ဖို့ ကြေညာခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား အစိုးရတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ သမိုင်းဝင် ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကို နှစ်ပေါင်း ၆၀ ကြာ ကိုရီးယား နှစ်နိုင်ငံကို ပိုင်ခြားထားတဲ့ နယ်စပ်ဒေသက စစ်မက်ကင်းမဲ့ဇုန်ထဲက ပန်မွန်ဂျွန်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

South Korean President Moon Jae-in and North Korean leader Kim Jong Un, right, wave during a welcoming ceremony at Sunan International Airport in Pyongyang in North Korea, Tuesday, Sept. 18, 2018. (Pyongyang Press Corps Pool via AP)

ကိုရီးယား နှစ်နိုင်ငံစလုံးဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီယား ကင်းစင်ရေးကို ဘုံရည်မှန်းချက် ထားရှိနေတာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရအဖွဲ့ကတော့ နျူကလီယား ကင်းစင်ရေးဆိုတာဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က နျူကလီယား လက်နက်စွန့်လွတ်မှု၊ နျူကလီယားလက်နက်လုပ်ဖို့ ဆန္ဒမရှိမှုဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ထားတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယား နိုင်ငံ ဟာအရင်က အမေရိကန်တပ်ဖွဲ့တွေ ရုတ်သိမ်းဖို့နဲ့ တောင်ကိုရီးယားကို အမေရိကန်က နျူကလီးယာနဲ့ ဆိုင်တဲ့အရာတွေ ထောက်ပံ့နေတာကို ဖယ်ရှားဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်ဟာ အခုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံးယမ်းကို သွားရောက်လည်ပတ်ဖို့ သဘောတူညီခဲ့တယ်လို့လည်း သိရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် ဟာ ၁၉၅၀-၅၃ ခုနှစ်က ဖြစ်ခဲ့တဲ့ ကိုရီးယား စစ်ပွဲပြီးချိန်နောက်ပိုင်း တောင်ကိုရီးယားမြေကိုခြေချတဲ့ ပထမဆုံးမြောက်ကိုရီးယား ခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply