လူ့ဘောင်အဖွဲ့အစည်းနဲ့ အဆက်ပြတ်ပြီး အထီးကျန်ဆန်နေတဲ့ လူငယ်တွေကို တောင်ကိုရီးယားအစိုးရက လတိုင်း ဒေါ်လာ ၅၀၀ ထောက်ပံ့သွားမယ်

19.4.2023-yyl-iamge-7.jpg

တောင်ကိုရီးယားလူငယ်တချို့ဟာ ကမ္ဘာကြီးနဲ့ လုံးဝအဆက်ဖြတ်ထားပုံရပါတယ်။ တောင်ကိုရီးယားအစိုးရက အဲ့ဒါကို သိမြင်ပြီး သူတို့တွေကို လူ့ဘောင်အဖွဲ့အစည်းထဲ ပြန်လည်ဝင်ရောက်ဖို့ လတိုင်း ဒေါ်လာ ၅၀၀ ပေးဖို့ လုပ်နေပါတယ်။ တောင်ကိုရီးယားမှာ ကမ္ဘာကြီးနဲ့ အဆက်သွယ်ပြတ်တောက်ပြီး အထီးကျန်နေတဲ့ လူငယ်လူရွယ် ၃ သိန်းဝန်းကျင်ရှိပါတယ်။

အဲ့ဒီလူငယ်လူရွယ်တွေ စိတ်ပိုင်းဆိုင်ရာအခြေအနေတည်ငြိမ်ဖို့၊ ကျန်းမာရေး ကောင်းမွန်တိုးတတ်လာဖို့အတွက် လတိုင်း ဒေါ်လာ ၅၀၀ (ဝမ် ၆၅၀၀၀၀) ထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ကျားမတန်းတူရေးနဲ့မိသားစုဝန်ကြီးဌာနက ကြေညာခဲ့တာပါ။ အသက် ၁၉ နှစ်ကနေ ၃၀ နှစ်အတွင်း ကိုရီးယားလူမျိုး ၃.၁ ရာခိုင်နှုန်းနီးပါးက အပြင်လောကနဲ့ အဆက်ဖြတ်ပြီး တစ်သီးတစ်သန့်တည်းနေထိုင်နေကြတဲ့ အထီးကျန်လူငယ်တွေဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့အစီရင်ခံစာအရ သိရပါတယ်။ သူတို့ထဲက ၄၀ ရာခိုင်နှုန်းက ငွေကြေးအခက်အခဲတွေ၊ စိတ်ကျန်းမာရေးအခြေအနေ၊ မိသားစုပြဿနာတွေ၊ ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဒီအစီအမံအသစ်က Youth Welfare Support အက်ဥပဒေရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ လူငယ်တွေကို အဓိကထားပါတယ်။ အဖွဲ့ဝင် ၄ ဦးရှိတဲ့ အိမ်ထောင်စုတစ်ခုမှာ နေထိုင်တဲ့ အသက် ၉ နှစ် ကနေ အသက် ၂၄ နှစ်ကြား အထီးကျန်နေတဲ့လူငယ်တွေအတွက် လစဉ်ထောက်ပံ့ကြေးပေးသွားမှာပါ။ ဒါက တစ်လကို ဝင်ငွေ ဒေါ်လာ ၄၁၆၅ အောက်ရှိတဲ့ မိသားစုက လူငယ်တွေအတွက်ဖြစ်ပါတယ်။

Ref: The South Korean Govt Is Paying ‘Young And Lonely’ People Rs 40,000 To Re-Enter Society

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top