ကလေးတွေကို ကျန်းမာစေမယ့် အစားအသောက်များ

milk-concept-PFK4XLH.jpg

မိခင်တစ်ယောက်အနေနဲ့ သားသား၊ မီးမီးတို့ရဲ့ ကျန်းမာရေး၊ လေ့လာသင်ယူနိုင်စွမ်း၊ ကစားလှုပ်ရှား၊ အစားအစာနဲ့ အာဟာရ အစရှိတာတွေကို အကောင်းဆုံး ဖြည့်ဆည်းပေးဖို့ အမြဲတမ်း တွေးတောရပါတယ်။ ကလေးတွေကို ကျန်းမာစေတေဲ့ အစာအာဟာရလို့ ပြောရင် ဘယ်လို အစားအစာတွေကို ပြေးမြင်မိကြလဲ။

ဒီဆောင်းပါးမှာတော့ နွားနို့နှင့် နို့ထွက်ပစ္စည်းတွေက ကလေးများအတွက် ဘယ်လို အကျိုးကျေးဇူးများသလဲ ဆိုတာကိုအဓိက ပြောပြချင်ပါတယ်။

ကလေးတွေအတွက် နေ့စဉ် ထည့်သွင်းစဉ်းစားရမယ့် အစားအစာက နွားနို့ပါ။ ကျန်းမာတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို နွားနို့က ပေးစွမ်းနိုင်ပါတယ်။

နွားနို့က ကလေးငယ်တွေ စားသုံးလိုက်တဲ့ အစားအစာကနေ စွမ်းအင်တွေကို ထုတ်ပေးရာမှာ အရေးပါတဲ့ ဗီတာမင် B ရနိုင်ဖို့ အကောင်းဆုံး ရင်းမြစ်ပါ။ သွေးဆဲလ်တွေကို ကျန်းမာစေပြီး ကိုယ်ခံအားနဲ့ မျက်စိအမြင်ကောင်းမွန်စေရာမှာ အရေးပါပါတယ်။ ဒါ့အပြင် နွားနို့မှာ ကလေးရဲ့ ကြီးထွားမှု၊ အာရုံကြောနဲ့ ဇီဝကမ္မ လုပ်ငန်းစဉ်တွေ ကောင်းမွန်စေပြီး ခွန်အားပြည့်စေတဲ့ ဗီတာမင် B 12 ပါဝင်ပါတယ်။

သတ္တုဓာတ်တွေအနေဲ့ အရိုးသန်မာစေပြီး အရပ်ရှည်စေတဲ့ ကယ်ဆီယမ်၊ သွေးပေါင်ချိန် ပုံမှန်ဖြစ်စေပြီး ကြွက်သားသန်မာစေတဲ့ ပိုတက်ဆီယမ်၊ အရိုးနဲ့ သွားကျန်းမာစေတဲ့ ဖော့စဖောရပ်စ်၊ သိုင်းရွိုက် ဟော်မုန်း ပုံမှန်ဖြစ်စေပြီး နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ် အလေးချိန်နဲ့ ဇီဝကမ္မ လုပ်ငန်းစဉ်တွေ ပုံမှန်ဖြစ်စေတဲ့ အိုင်အိုဒင်ဒင်းဓာတ်တွေ ပါရှိပါတယ်။

ဒါ့အပြင် နွားနို့မှာ ကလေးတွေ ကွက်သားသန်မာမှုကို အထောက်အပံ့ပေးတဲ့ အမိုင်နိုအက်ဆစ်နဲ့ ပရိုတိန်းဓာတ် ကြွယ်ဝပါတယ်။ နွားနို့မှာပါရှိတဲ့ ကာဗိုဟိုက်ဒရိတ်ကလည်း ကယ်ဆီယမ်နဲ့ ဖော့စဖောရပ်စ်ကို စုပ်ယူပြီး စွမ်းအင်တွေ ပြန်လည်ပေးစွမ်းတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

ကလေးတွေအတွက် ဗီတာမင် D ရနိုင်တဲ့ အခြားရင်းမြစ်တွေကတော့ နေရောင်ခြည်နဲ့ ဗီတာမင်ထပ်တိုးထားတဲ့ ဖြည့်စွက်စာတွေပါ။

နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နို့ချဉ်၊ milkshake၊ ချိစ်နဲ့ ထောပတ်တို့ကနေ ကယ်ဆီယမ်ဓာတ် ရရှိနိုင်ပါတယ်။ ပဲနို့၊ အခွံမာသီး၊ တို့ဟူး၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်နဲ့ အစိမ်းရောင် အသီးအနှံတွေကလည်း ကယ်ဆီယမ်ပေးစွမ်းနိုင်တဲ့ အကောင်းဆုံးရင်းမြစ်တွေပါ။

ဒါကြောင့် သားသား၊ မီးမီးလေးတွေ ခန္ဓာကိုယ် ကြီးထွား ကျန်းမာဖို့ နွားနို့တစ်ခွက် နေ့စဉ် တိုက်ပြီး ဗီတာမင်နဲ့ ကယ်ဆီယမ်ကြွယ်ဝတဲ့ အခြားသော အစားအစာများကိုပါ ဖြည့်စွက် ကျွေးသင့်ကြောင်း တိုက်တွန်းလိုက်ပါရစေ။

Ref: kiddieversity.com/what-is-a-healthy-diet-for-kids/

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top