အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၂၁-၄-၂၀၁၉ မှ ၂၇-၄-၂၀၁၉ ရက်နေ့အထိ)

Bay-Din-21to27-april.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂၁-၄-၂၀၁၉ မှ ၂၇-၄-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

တနင်္ဂနွေသားသမီးများအနေဖြင့် ယခုအပတ်အတွင်း စီးပွားရေးလုပ်ငန်းများတွင် လူယုံသတ်သဖြင့် ငွေကြေး၊ ပစ္စည်းများ ဆုံးရှုံးရတတ်သည်။ ငွေပေးငွေယူကိစ္စ အထူးသတိထားပါ။ အလုပ်တွင် လုပ်ဖော်ကိုင်ဘက် ရှယ်ယာရှင်များနှင့် သဘောထားကွဲပြီး လုပ်ငန်းများလည်း အရာမထင်ဖြစ်တတ်သည် ။ ကျန်းမာရေးအနေဖြင့် နှလုံးရောဂါသည်များ သတိထားရမည့် အချိန်ဖြစ်သည်။ သောကရောက်စရာကိစ္စများရှောင်ပါ။ အချစ်ရေးမှာ မိမိချစ်ရသောသူ၏ စိတ်အလိုလိုက်မလိုက်ပါနှင့်။ အထူးသတိထားရန် လိုအပ်သည်၊ အိမ်ထောင်သည်များ ကံကောင်းပါသည်။ ပညာရေးသမားများ နိုင်ငံခြားဘာသာကိုအထူး ဦးစားပေးလုပ် ဆောင်သင့်သည်။ ပြည်ပသို့ သွားရောက်မည့်သူများ ကံကောင်းသောအချိန်ပါ။ အစိုးရဝန်ထမ်းများ အလုပ်ခွင်တွင် အရေးကြီးစာရွက်စာတမ်းကို အကြောင်းပြုပြီး စိတ်သောကရောက်ရတတ်သည်။
အကျိူးပေးဂဏန်း – ၁၊ ၃၊ ၉။ ယတြာ – တနင်္ဂနွေနေ့တွင် ရဟန်းများကို ဆွမ်းလောင်းပါ။

တနင်္လာ

တနင်္လာသားသမီးများအနေဖြင့် ယခုအပတ်အတွက် စပ်တူရှယ်ယာလုပ်ငန်းများ အထူးကောင်းမွန်နေပြီး ပြည်ပသွင်းကုန်လုပ်ငန်းများတွင် အနည်းငယ်စိတ်ညစ်ရမည်။ ဆောက်လုပ်ရေး၊ သင်္ဘောလုပ်ငန်း၊ ဆန်စပါးလုပ်ငန်းနှင့် သတ္တုလုပ်ငန်းများ အဆင်ပြေနေမည်။ သတိထားရမည်မှာ ဘဏ်ချေးငွေကိစ္စဖြစ်ပြီး ထိုကိစ္စအတွက် ရင်မအေးရဖြစ်သည်။ ငွေကြေးကိစ္စ တာဝန်ခံခြင်း၊အာမခံခြင်းအတွက် တပါးသူက အထင်အမြင်လွဲမှားမှုဖြစ်လာလိမ့်မည်။ ကျန်းမာရေးအတွက် အသဲနှင့်၊အစာအိမ်ရောဂါနှင့် အရိုးပွ(ဂေါက်)ရောဂါသမားများ သတိထားပါ။ အချစ်ရေးတွင် သံသယဖြင့် ဆက်သွားနေပါက အနေဝေးရတတ်သည်။ သူတပါးအပြောများကို မယုံပါနှင့်။ အိမ်ထောင်ရေးမှာတော့ စိတ်ညစ်စရာများ စိတ်တိုင်းမကျမှုများဖြစ်မည်၊ သူများစကားမယုံပါနှင့်။ ပညာရေးအတွက် သင်တန်းတစ်ခုတက်ရမည်။ စာကိုသာသေချာလုပ်ပါ။ မြေယာကိစ္စအတွက် လူယုံမထားသင့်ပါ။ စက်ပစ္စည်းပျက်စီးတတ်သည်။ အစိုးရ လက်နက်ကိုင်ဝန်ထမ်းများ အရာရှိစာမေးပွဲအတွက် သတင်းကောင်းကြားရမည်၊ အောင်မြင်မည်။
အကျိုးပေးဂဏန်း – ၂၊ ၄၊ ၇။ ယတြာ – တနင်္လာနေ့တွင် ငှက်စာကျွေးပါ။

အင်္ဂါ

ဒီတပတ်မှာတော့ အင်္ဂါသားသမီးတို့၏ကံကြမ္မာမှာတော့ စီးပွားရေးကိစ္စများ ကံကောင်းခြင်းများ အနည်းငယ်လိုအပ်နေပါလိမ့်မည်။ အဆင်မပြေခြင်းများ ရှိနေသည့်ကာလဖြစ်မည်။ ရပ်ထားရသည့်လုပ်ငန်းများ ပြန်စဖြစ်မည်၊ သို့သော် ဝန်ထမ်းကြောင့် စိတ်သောကရောက်ရမည်။ အထူးသဖြင့် ကောက်ပဲသီးနှံများကြောင့် ငွေအမြတ်ရမည်။ ကျန်းမာရေးအနေနဲ့ကတော့ ခါးနာတဲ့ဝေဒနာ၊ ကိုက်ခဲခြင်းဝေဒနာများ အထူးသတိပြုသင့်တဲ့အချိန်ပါ။ ဒီတစ်ပတ်အတွင် ခွဲစိတ်ကုသရမည့် လူနာဖြစ်ခဲ့ပါက ဆေးထိုးမှားတတ်သဖြင့် အထူးသတိပြုပါ။ သို့သော်ဘာမှ မစိုးရိမ်ပါနှင့်။ အချစ်ရေးအနေနှင့် အဖြေရရန်စောင့်ပါ။ ချစ်သူ၏မိဘအခြေအနေကို သေချာကြည့်ပါ။ အိမ်ထောင်သည်များ ပြည်ပမှ လက်ဆောင်ပစ္စည်းရရှိတတ်သည်။ သားသမီးသတင်းကောင်း ကြားရပါမည်။ ပညာရေးသမားများ ပြည်ပသို့ သွားရောက်ရန်အကြောင်းပေါ်မည်။ ဝန်ထမ်းများ လုပ်ငန်းတွင်စကားဆင်ခြင်ပြောပါ။
အကျိုးပေးဂဏန်း – ၃၊ ဝ၊ ၉။ ယတြာ – ဇီးယိုများအား ဒါနပြုပါ။

ဗုဒ္ဓဟူး

ယခုတစ်ပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့၏ စီးပွားရေးတွင် စိတ်ချမ်းသာစရာများ ဆက်လက်ကြုံတွေ့ရမည်။ ရတနာပစ္စည်းလုပ်ငန်း၊ ရွှေနှင့်စိန်လုပ်ငန်းများ၊ ပန်းတိမ်လုပ်ငန်းများ တိုးတက်ပြီး ဝင်ငွေကောင်းမည်။ငွေဝင်ကောင်းသော်လည်း စုမိဆောင်းမိတော့မဖြစ်ပါ။ ကျန်းမာရေးအနေနှင့် အဆုတ်နှင့်ဆိုင်သော မောခြင်း၊ အသက်ရှူမဝခြင်းတို့ အထူးသတိပြုပါ။ အချစ်ရေးကိစ္စများ အနှောက်အယှက်ရှိသော်လည်း အသက်ကြီးသူမိတ်ဆွေကြောင့် အဆင်ပြေမည်။ အချစ်ရေးတွင် သဘောထားကြီးနိုင်မှကောင်းပါမည်။ အိမ်ထောင်ရေးနှင့် ပတ်သက်၍ စိတ်ဝမ်းကွဲနေမည်။ မိသားစုတစ်နေရာစီ ခွဲနေရတတ်သည်။ စက်၊ ယာဉ်၊ ကျောက်မျက်ရတနာတို့ဝင်မည်။ ပညာရေးအနေဖြင့် အလုပ်နှင့် သက်ဆိုင်သည့် ပညာရပ်ကိုသာသင်ပါ၊ သေချာသတိပြုပါ။ အစိုးရဝန်ထမ်းများ အလုပ်ကိစ္စနှင်ပတ်သက်ပြီး ခရီးသွားရပါက အထူးသတိပြု ဆက်ဆံပါ။

ရာဟု။ ။ရာဟုသားသမီးတို့ ယခုတစ်ပတ်အတွက် ကျန်းမာရေးတွင် မတော်တဆထိမိခိုက်မိတတ်သည်။ စီးပွားရေးကောင်းနေတတ်ပါသည်။ စီးပွားရေးတွင် သစ်တော်ထွက်ကုန်ကိုအကြောင်းပြုပြီး ငွေကုန်လိမ့်မည်။ အချစ်ရေးညံ့ပြီး အချစ်ရေးကိုအကြောင်းပြုလို့ ရန်ဖြစ်တတ်သည်။ အာမခံခြင်းအတူးသတိပြုပါ။
အကျိုးပေးဂဏန်း – ၂၊ ၄၊ ၆။ ယတြာ – သီလရှင်ဆရာလေးများကို ဆန်လှူပါ။

ကြာသပတေး

ကြာသာပတေးသားသမီးတို့အနေဖြင့် ယခုတစ်ပတ်အတွင်း ရေနံ၊ ဓါတ်ဆီ စသည့် လောင်စာဆီရောင်းဝယ်ခြင်းလုပ်ငန်းများ အောင်မြင်မည်။ ငွေကြေးဆိုင်ရာကိစ္စရပ်များ၊ ဘဏ်ကိစ္စများ သတိထားဆောင်ရွက်ပါ။ ယုံကြည်ရသူများဟု မိမိကထင်နေသူများကိုလည်း အနည်းငယ်သတိထားပါ၊ ပြည်ပပို့ကုန်ပစ္စည်းများတွင် ပြဿနာဖြစ်တတ်ပြီး လုပ်ငန်းရပ်ဆိုင်းရတတ်သည်။ အိမ်၊မြေ ရောင်း/ဝယ်ဖြစ်မည်။ အချစ်ရေးအတွက် ချစ်သူချင်းအဆင်ပြေသော်လည်း မိဘတို့ပါလာပါက အဆင်မပြေဖြစ်မည်။ သို့သော် လိုချင်သည့်ပုံစံတော့ ရရှိလိမ့်မည်။ အိမ်ထောင်ရေးမှာလည်း နှစ်ဘက်မိဘတို့ကြောင့် အဆင်မပြေဖြစ်ပြီး နေမည်။ ကျန်းမာရေးအတွက် ခါးနာခြင်း၊ ခေါင်းကိုက်ခြင်းစသည့် လူအများဖြစ်တတ်သည့်ရောဂါများသာဖြစ်တတ်ပြီး အခြားကြီးကြီးမားမား မဖြစ်ပါ။ အသက်ကြီးသူများ ဂရုစိုက်ပါ။ ပညာရေးသမားများ ကံကောင်းပါသည်။ ဝန်ထမ်းများ သင်တန်းသစ်တက်ရမည်။
အကျိုးပေးဂဏန်း – ၁၊ ၅၊ ဝ။ ယတြာ – နွမ်းပါးသူကို ထမင်းကျွေးပါ။

သောကြာ

သောကြာသားသမီးများ ယခုတစ်ပတ်သည်ကံကောင်းသောကာလဖြစ်ပါသည်။ အတိုက်အခံများကို ကျော်လွှားနိုင်သည့်ကလဟုဆိုပါကလည်း မမှားပေ။ အခက်အခဲများရှိသော်လည်း အောင်မြင်သွားပါလိမ့်မည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ သစ်လုပ်ငန်းလုပ်ဆောင်နေသူများ အမြတ်ငွေရမည်။ ရှယ်ယာကြောင့် ဒုက္ခတွေ့တတ်သည်ကိုတော့ သတိပြုပါ။ ယခုတစ်ပတ်အတွင်း ကျန်းမာရေးအနေနှင့် အစာအိမ်ရောဂါဖြစ်တတ်သည်။ မတော်တဆ ထိခိုက်မိခြင်း၊ မိမိကြောင့် သူတပါးထိခိုက်မိခြင်းတို့လည်း ရှိလိမ့်မည်။ သတိထားပါ၊ ဆေးရုံ၊ ဆေးခန်း ရောက်ရတတ်သည်။ အချစ်ရေးအတွက် ကံညံ့နေပြီး ချစ်သူ၏အထင်လွဲခြင်းခံရမည်။ အိမ်ထောင်ရေးအနေဖြင့် သာယာမည်။ ကား၊ စက်ပစ္စည်းကိုအကြောင်းပြုပြီး စိတ်ညစ်ရန်အကြောင်းတော့ရှိသည်၊ အနည်းငယ် သတိထားရန်ဖြစ်သည်။ ပညာရေးသမားများ တွက်စာကြိုးစားရန်ဖြစ်ပါသည်။ အစိုးရလက်နက်ကိုင်ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် သတိပိုထားပါ။
အကျိုးပေးဂဏန်း ၂၊ ၇၊ ၉။ ယတြာ – လူအများအတွက် ရေလှူပါ။

စနေ

ယခုတစ်ပတ်အတွက် စနေသားသမီးတို့ လွန်ခဲ့သည့်အချိန်များက လုပ်ဆောင်ထားသော လုပ်ငန်းများ၏ အကျိုးများ စတင်ခံစားရမည့်အချိန်ဖြစ်သည်။ ရလဒ်ကောင်းများနှင့် စီးပွားရေးအကောင်အထည်ပေါ်လာလိမ့်မည်။ ရေလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းနှင့် ၊ အကျိုးဆောင်လုပ်ငန်းများ အဆင်ပြေမည်။ ရေလုပ်ငန်း၊ သင်္ဘောသားနှင့် အရက်လုပ်ငန်းလုပ်ကိုင်သူများ သတိထားလုပ်ကိုင်ပါ၊ အညံ့ဘက်တွင်ရှိသည်။ ကျန်းမာရေးအနေဖြင့် ဦးခေါင်းတွင်ဖြစ်တတ်သည့် ရောဂါများရတတ်သည်။ မတော်တဆ မျက်လုံးထိခိုက်မိတတ်သဖြင့် သတိထားပါ။ အိုးအိမ်အတွက် စိတ်ပူပန်ရမည်။ ရှယ်ယာ၊ ဘဏ်ချေးငွေလုပ်ငန်းများအောင်မြင်မှုရမည်။ အချစ်ရေးမှာတော့ အလွန်ချစ်သော်လည်း အကြောင်းအမျိုးမျိုးဖြင့် ဝေးကွားရန်အကြောင်းများ ပေါ်နေမည်၊ နှစ်ဘက်မိဘတို့ ရန်သဘောဆောင်ပြီး ခွဲကြလိမ့်မည်၊ အထူးသတိထားပါ။ အိမ်ထောင်ရှင်များသည်လည်း မိဘတို့ကြောင့် စိတ်သောကရောက်နေရမည်။ ကိုယ်ပိုင်အိမ်ခွဲနေရန် စီစဉ်ပါ။ ပညာရေးသမားများ စာမေးပွဲများ အောင်မြင်မည်။ ဝန်ထမ်းများ မိမိအထက်လူကြီးကို အကြောင်းပြုပြီး စစ်ဆေးခံရတတ်သည်။ ကံညံ့နေပါသည်။
အကျိုးပေးဂဏန်း – ၂၊ ၇၊ ၉။ ယတြာ – စနေနေ့တွင် ရဟန်းတစ်ပါးအား ဆွမ်းလောင်းပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top