အပတ်စဉ်ဗေဒင်ဟောစာတမ်းကဏ္ဍ (၂၈-၇-၂၀၁၉ မှ ၃-၈-၂၀၁၉ ရက်နေ့အထိ)

Bay-Din-28-july-to-3-august.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂၈-၇-၂၀၁၉ မှ ၃-၈-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့

စီးပွားရေး – ရေလုပ်ငန်း၊ ငါးလုပ်ငန်း၊ သင်္ဘော၊ မော်တော်နှင့်ဆိုင်သောလုပ်ငန်း၊ ရေခဲ-ရေသန့်လုပ်ငန်းများ ကောင်းပါသည်။ ငွေကြေးအနေနှင့် အစုအစပ်လုပ်ငန်းညံ့ပါသည်။

ကျန်းမာရေး – ခေါင်းကိုက်ခြင်း၊ အဆုတ်တွင်းရေဝင်သည့်ဝေဒနာများ ခံစားရတတ်သည်။ ဆီးချိုဝေဒနာရှင်များ သတိပြု၍ စားသောက်သင့်သည့်ကာလဖြစ်သည်။

အချစ်ရေး/အိမ်ထောင်ရေး – အချစ်ရေးအနေနှင့် ကံမျက်စိလည်ပြီး မိမိကြိုးစားပန်းစားပိုးပန်းခဲ့ရသောချစ်သူထံမှ အဖြေကောင်းရမည်။ ပျော်ရွှင်ရမည်။ အိမ်ထောင်သည်များလည်း ကံကောင်းပါသည်။

ပညာရေး – ပညာရေးအနေနှင့် နိုင်ငံခြားဘာသာစကားလိုက်နေသူများ အဆင်ပြေလိမ့်မည်။

အထွေထွေ – ယခုတစ်ပတ်အတွင်း အိမ်ထောင်ပရိဘောဂအသစ်များဝင်လာလိမ့်မည်။ ကံကောင်းပါသည်။ ဝန်ထမ်းများ အနည်းငယ်စိတ်ညစ်ရမည်၊ လူကြီးအပြောင်းအလဲတွင် စိတ်ညစ်ရမည်။

အကျိုးပေးဂဏန်းမှာ – ၁၊ ၇၊ ၉ ယတြာ – အုန်းထမင်းဖြင့် ရဟန်းတစ်ပါးကို နေ့ဆွမ်းလှူပေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့

စီးပွားရေး – စားသောက်ကုန်လုပ်ငန်း၊ အထည်အလိပ်၊ ရေမွှေး၊ ဆပ်ပြာ စသည့်အိမ်သုံးကုန်ပစ္စည်းများ၊ တိုင်းရင်းဆေးလုပ်ငန်း၊ နိုင်ငံခြားဆေးလုပ်ငန်းများ ကောင်းပါသည်။ ပြည်ပမှ စားဆေးနှင့် ဆေးရုံသုံးပစ္စည်းများ တင်သင်းသူများလည်း အဆင်ပြေပါလိမ့်မည်။ လူယုံသတိထားရန်လိုပါသည်။

ကျန်းမာရေး – ခါးနာခြင်း၊ဆီးနှင့်ပတ်သက်သောရောဂါများ သတိထားပါ။ အထူးသဖြင့် အသည်းဝေဒနာရှင်များ ဆေးမှန်ရန်လိုအပ်ပြီး သက်ဆိုင်ရာသမားတော်ထံ အချိန်ပြ၍ကုသမှုခံယူသင့်ပါသည်။

အချစ်ရေး/အိမ်ထောင်ရေး – အချစ်ရေးအနေနှင့် ကံညံ့သည့်ဘက်သို့ပါနေပြီး ချစ်လက်စချစ်သူနှင့် အဆင်မပြေ သံသယများနေမည့်အချိန်ဖြစ်သည်။ ကိုယ်ကလျှော့ပေးမှတည်မြဲမည်။အိမ်ထောင်ရေးသမားများ အနည်းငယ် ပြဿနာရှိနေတတ်သည်။ ခရီးသွားများမည်။ သံသယကိုလျှော့ထားရန်လိုပါသည်။

ပညာရေး – ပညာရေးအနေနှင့် အတန်းစာမေးပွဲဖြေမည့်သူများ အင်္ဂလိပ်စာတွင်အားနည်းမည်။ ဝန်ထမ်းအဆင့် စာမေးပွဲများ အဆင်ပြေလိမ့်မည်။

အထွေထွေ – ယခုတစ်ပတ်အတွင်း စိတ်လေနေတတ်သည်။ မတော်တဆတစ်ခုဖြစ်တတ်သဖြင့် မိမိကိုယ်တိုင် ယာဉ်၊ ကားမောင်းနှင်ရပါက သတိပြုပါ။

အကျိုးပေးဂဏန်း – ၂၊ ၃၊ ဝ ယတြာ– ဘုရား၏ တနင်္လာထောင့်တွင် ဆီမီး (၉) တိုင်ပူဇော်ပြီး လိုရာဆုတောင်းပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတို့

စီးပွားရေး – ဆောက်လုပ်ရေးလုပ်ငန်း၊ လက်သမားလုပ်ငန်း နှင့် ဆောက်လုပ်ရေးပစ္စည်းလုပ်ကိုင်သူများ ကံကောင်းပါမည်။ ကျောက်ထုတ်လုပ်ငန်း၊ သတ္တုလုပ်ငန်း၊ ရတနာတန်းဝင် ကျောက်မျက်ရတနာတူးဖော်ခြင်း လုပ်ငန်းများ ကံကောင်းသောအချိန်ဖြစ်ပါသည်။ ကုမ္ပဏီလုပ်ငန်းများ သတိထားလုပ်ကိုင်ပါ။

ကျန်းမာရေး – မတော်တဆထိခိုက်ခြင်းကြောင့် အရိုးထိခိုက်မိခြင်း ဖြစ်တတ်သည်။ အထူးသဖြင့် သွေးနှင့်ပတ်သက်သောရောဂါသတိပြုပါ။

အချစ်ရေး/အိမ်ထောင်ရေး – အချစ်ရေးအနေနှင့် ပုံမှန်သာဖြစ်နေသော်လည်း လက်ထပ်ရန်မဖြစ်နိုင်သေးပါ။ အိမ်ထောင်ရေးအနေနှင့် နှစ်ဘက်မိဘတို့ အိမ်တွင်းရေးတွင် ပါဝင်ပတ်သက်နေတတ်သည်။

ပညာရေး – ပညာရေးအနေနှင့် တက္ကသိုလ်ပညာရေးလိုက်စားသူများ မေဂျာဘာသာအား ပို၍အလေးပေးပါ။ ဝန်ထမ်းစာမေးပွဲများအောင်မြင်ပါလိမ့်မည်။

အထွေထွေ – ယခုတစ်ပတ်အတွင်း ငွေကြေးနှင့်ဆိုင်သောစာချုပ်စာတမ်းများတွင် လက်မှတ်ထိုးရပါက သတိထားပါ။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၂၊ ၅၊ ၀ ယတြာ – ဂြိုဟ်ပြေနံပြေဘုရားရှိ အင်္ဂါနံဘုရားတွင် ရေသက်စေ့သပ္ပယ်ပူဇော်ပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့

စီးပွားရေး – အကျိုးဆောင်လုပ်ငန်း၊ ကုန်သည်၊ ပွဲစားနှင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ၊ အနုပညာနှင့်ဆိုင်သော စီးပွားရေးလုပ်ငန်းများကောင်းပါသည်။ ယခုတစ်ပတ်အတွင်း ငွေချေးငှားခြင်းမလုပ်ရန်အရေးကြီးသည်။ ကိုယ်ကချေးလိုက်ပါက ပြန်မရဘဲရှိမည်။ ကိုယ်ကယူလိုက်ပါက ပြန်မဆပ်နိုင်ဖြစ်မည်။ သတိပြုပါ။

ကျန်းမာရေး – ယောင်္ကျားနှင့်ဆိုင်သောရောဂါ၊ ဒူလာရောဂါနှင့် အရိုးပွသောရောဂါများ ရတတ်သည်။ အရိုးသတိထားရမည်။ ခါးနာမည်။

အချစ်ရေး/အိမ်ထောင်ရေး – အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ မိမိအားအလွန်ချစ်တတ်သောချစ်သူကို ပိုင်ဆိုင်ရမည်။ အိမ်ထောင်ဘက်များအနေနှင့် သားသမီးကိုအကြောင်းပြု၍ အိမ်ထောင်ဘက်ခရီးထွက်ရမည်၊ အဆင်ပြေပါလိမ့်မည်။

ပညာရေး – ပညာရေးအနေနှင့် အလုပ်နှင့်မသက်ဆိုင်သော သင်တန်းများကိုမတက်သင့်ပါ။ ရွေးချယ်ရန်အထူးလိုအပ်ပါသည်။

အထွေထွေ – ယခုတစ်ပတ်အတွင်း လက်ဆောင်ပစ္စည်းများရနေတတ်သည်။ အိမ်ခြံမြေနှင့်ပတ်သက်သော ကိစ္စရပ်များအောင်မြင်မည်။ နိုင်ငံဝန်ထမ်းများအနေနှင့် အလုပ်များမည်၊ ရာထူးမတက်ဘဲ နေရာပြောင်းရတတ်သည်။

ရာဟု – ရာဟုသားသမီးတို့ကတော့ ကျန်းမာရေးအထူးညံ့ပါလိမ့်မည်။ အချစ်ရေးတွင်လည်း မိဘတို့ သဘောမတူသဖြင့် အသည်းကွဲနေရတတ်သည်။ စီးပွားရေးတွင် ဆောက်လုပ်ရေးကို ဦးစားပေးသင့်ပါသည်။ ဝန်ထမ်းဖြစ်ပါက မိမိကိုင်ရသောလုပ်ငန်းကို ကိုယ်တိုင်လုပ်ပါ။

အကျိုးပေးဂဏန်း – ၅၊ ၇၊ ၉ ယတြာ – ဗုဒ္ဓဟူးနေ့တွင် ရေသန့်ဗူးများအား လမ်းသွားလမ်းလာများအား တတ်နိုင်သလောက်လှူပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသပတေးသားသမီးတို့

စီးပွားရေး – ပညာရေးနှင့်ဆိုင်သောလုပ်ငန်းများ၊ စာသင်ကြားသည့်လုပ်ငန်း၊ သင်တန်းဖွင့်ခြင်းနှင့် အတတ်ပညာဆိုင်ရာသင်တန်းများနှင့် ပတ်သက်သောလုပ်ငန်းများ ကံကောင်းပါလိမ့်မည်။ ဘဏ်ကိစ္စများလည်း ကောင်းပါသည်။ အစုစပ်လုပ်ငန်းမှ အမြတ်ရမည်။

ကျန်းမာရေး – ကျောက်ကပ်နှင့်ပတ်သက်ပြီး စစ်ဆေးသင့်ပါသည်။ အမျိုးသမီးများ သားအိမ်ရောဂါသတိပြုသင့်သည်။

အချစ်ရေး/အိမ်ထောင်ရေး – အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်ရသောသူနှင့် ရေခြားမြေခြား ဝေးကွာနေတတ်သည်။ အိမ်ထောင်သည်များလည်း အလုပ်ကိစ္စများနှင့်ပတ်သက်ပြီး ခရီးဝေးသွားရပြီး ခွဲနေရမည်။

ပညာရေး – အဆင့်မြင့်ပညာရေးရရှိမည်။ ပါရဂူဘွဲ့ကိစ္စ၊ စာတမ်းကိစ္စများအတွက် များစွာစိတ်များနေမည်။

အထွေထွေ – ယခုတစ်ပတ်အတွင်း ဘာသာရေးဆိုင်ရာအလုပ်တစ်ခုခုတွင် ပရဟိတလုပ်ကိုင်ရမည်။ နိုင်ငံဝန်ထမ်းများအနေနှင့် သင်တန်းတက်ရမည်။

အကျိုးပေးဂဏန်း – ၅ ၊ ၇ ၊ ၉ ယတြာ – မေမြို့ပန်းများကို တန်ခိုးကြီးဘုရားတွင်လှူပေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့

စီးပွားရေး – သစ်ထုတ်လုပ်သည့်လုပ်ငန်း၊ သစ်တော်ထွက်ပစ္စည်းလုပ်ငန်း၊ ပရိဘောဂနှင့် သံထည်ပစ္စည်း၊ အလူမီနီယံလုပ်ငန်း၊ မှန်လုပ်ငန်းလုပ်ကိုင်သူများ ကံကောင်းသောကာလဖြစ်သည်။ အလှကုန်လုပ်ငန်းလုပ်သူများ သတိပြုရမည့်အချိန်ဖြစ်သည်။

ကျန်းမာရေး – သည်းခြေအိတ်၊ ဆီးအိတ်တို့နှင့် ဆိုင်သောရောဂါဖြစ်တတ်သည်။ မျက်လုံးနှင့် နားကိုလည်း သတိပြုပါ။

အချစ်ရေး/အိမ်ထောင်ရေး – ချစ်ရေးအနေနှင့် ကံညံ့သည့်ဘက်သို့ပါနေပြီး ချစ်သူနှင့် ဘာမဟုတ်သည့် ကိစ္စအတွက် လမ်းခွဲစာကားပြောရတတ်သည်။ အိမ်ထောင်သည်များအနေဖြင့် မိမိအိမ်ထောင်ဘက်အပေါ် သစ္စာရှိရန်လိုပါသည်၊ အိမ်ထောင်ရှင်များစန်းပွင့်ပြီး အခြားတစ်ယောက်ကို တွေ့နေတတ်သည်။

ပညာရေး – ပညာရေးအနေနှင့် အခြားသောသင်တန်းများကောင်းသော်လည်း လက်နက်ကိုင်နှင့်ပတ်သက်သော သင်တန်းတက်ရောက်နေသူများအနေဖြင့် စိတ်ညစ်ရတတ်သည်။ ရာထူးသင်တန်းတက်နေသူများ အထူးကြိုးစားဖို့လိုပါသည်။

အထွေထွေ – ယခုတစ်ပတ်အတွင်း မိမိထံသို့ လူမှားပြီးရောက်လာသော ဘာသာရေးဆိုင်ရာပစ္စည်းတစ်ခု လက်ခံရရှိပါက ထီထိုးပါ။ ဝန်ထမ်းများ စိတ်သောကရောက်ရမည်။ အထက်လူကြီးနှင့် မိမိအောက်လက်ငယ်သား၏အကြား စိတ်ညစ်ရမည်။

အကျိုးပေးဂဏန်း – ၂ ၊ ၈ ၊ ၉ ယတြာ – သောကြာနေ့တွင် အိမ်ဘုရားတွင် သောက်တော်ရေ (၆) ခွက်ပူဇော်ပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့

စီးပွားရေး – စက်ပစ္စည်းများတင်ပို့ရောင်းချခြင်း၊ ပြည်ပမှတင်သွင်းခြင်း၊ ယာဉ်၊ ကားပြင်ဆင်သည့်အလုပ်ရုံ၊ ကားအလှဆင်၊ ရေဆေးလုပ်လုပ်ငန်း၊ အင်ဂျင်နှင့် သက်ဆိုင်သည့်လုပ်ငန်း၊ လယ်ယာသုံးစက်ပစ္စည်းလုပ်ငန်းများ၊ တောင်သူလုပ်ငန်းများ ကံကောင်းသောအချိန်ဖြစ်သည်။ ယခုအချိန်တွင် သစ်လုပ်ငန်းလုပ်ကိုင်သူများ တရားရင်ဆိုင်ရတတ်သဖြင့် သတိထားပါ။

ကျန်းမာရေး – သာမန်နေမကောင်းဖြစ်မည်။ ဒူး၊ ညာဘက်ခြေထောက် ထိခိုက်မိတတ်သည်။ အပူနာလည်း ဖြစ်မည်။

အချစ်ရေး/အိမ်ထောင်ရေး – အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်သူနှင့်ပတ်သက်သော လုပ်ကိုင်ရန်ကိစ္စများ လိုက်ပါဆောင်ရွက်ပေးရမည်။ အိမ်ထောင်ပြုရန် ရက်ရွေးရလိမ့်မည်၊ အိမ်ထောင်သည်များအနေနှင့် သားသမီးကျန်းမာရေးကို အကြောင်းပြု၍ စိတ်သောကရောက်နေမည်။ ငွေကုန်ကြေးကျများမည်။

ပညာရေး – ပညာရေးအနေနှင့် စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး လေ့လာသင်ယူရမည်။ ပညာရေးနှင့် စီးပွားရေး ရောထွေးပါက ပညာရေးအားနည်းမည်။ စာမေးပွဲများတွင် အမှတ်နည်းတတ်သည်။

အထွေထွေ – ယခုတစ်ပတ်အတွင်း ကား၊ ဆိုင်ကယ် စသည့်စက်ပ္စည်းများ၊ ယာဉ်များ ဝင်မည်၊ ထွက်မည်၊ ငွေကုန်မည့်ကိစ္စများ ဆက်တိုက်ဖြစ်ပေါ်နေမည်။ ဝန်ထမ်းများ ဘာသာရေးဆိုင်ရာကိစ္စတစ်ခုတွင် အစုအဖွဲ့အနေနှင့် ပါဝင်ဆောင်ရွက်ရမည်။

အကျိုးပေးဂဏန်း – ၇၊ ၈၊ ၉ ယတြာ – ဆင်းရဲနွမ်းပါးသည့် သက်ကြီးဝါကြီးပုဂ္ဂိုဟ်တစ်ဦးအား စားသောက်ဖွယ်ရာများပေးလှူပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top