မန္တလေးဗဟိုအကျဉ်းထောင်မှာ အသက်မွေး သင်တန်းကျောင်း ဖွင့်လှစ်

icrc02.jpg

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)နဲ့ အကျဉ်းဦးစီးဌာနတို့ ပူးပေါင်းပြီးတော့ မန္တလေးဗဟို အကျဉ်းထောင်မှာ အသက်မွေးသင်တန်းကျောင်းတစ်ခုကို ဇန်နဝါရီ ၁၈ ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့ ICRC က သတင်းထုတ်ပြန်ထားပါတယ်။ အကျဉ်းသားတွေ အကျဉ်းထောင်ကနေ လွတ်မြောက်တဲ့အခါ ဘဝအသစ်စတင်ရာမှာ အထောက်အကူ ပေးနိုင်မယ့် အသက်မွေးမှုဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းတွေ တတ်မြောက်စေဖို့ ဒီသင်တန်းကျောင်းကို ဖွင့်လှစ် ခဲ့တာ ဖြစ်ပါတယ်။

”မြန်မာနိုင်ငံရဲ့ အကျဉ်းထောင် စနစ်တွေ ပြုပြင်ပြောင်းလဲရာမှာ အထောက်အကူ ဖြစ်စေဖို့ မျှော်လင့်တယ်” လို့ ICRC မြန်မာရဲ့ ဌာနေကိုယ်စားလှယ် Stephan Sakalian က ပြောပါတယ်။ဒီသင်တန်းကျောင်း ကနေ တစ်နှစ်ကို အကျဉ်းသားလူငယ် ၃၀၀ ကျော်ကို အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးသွားမှာဖြစ်ပြီး မြန်မာစီးပွားစီမံအမှုဆောင်များ အသင်းအပါအဝင် အေဂျင်စီအမျိုးမျိုး၊ အဖွဲ့အစည်း အမျိုးမျိုးတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

”လူငယ်အကျဉ်းသားတွေအတွက် အနာဂတ်လုပ်ငန်းခွင်မှာ အသုံးဝင်မယ့် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို တတ်မြောက်နိုင်မှာဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံအကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက ပြောပါတယ်။ ဒီသင်တန်းကျောင်းဖွင့်လှစ်ခြင်းက ICRC ရဲ့ အကျဉ်းထောင်လုပ်ငန်းတွေမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာလုပ်ငန်းတာဝန်နဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းများရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ICRC က ၂၀၁၃ ခုနှစ်ကစတင်ပြီး ရှေ့ပြေးစီမံကိန်းအနေနဲ့ မန္တလေးဗဟိုအကျဉ်းထောင်မှာ ပံ့ပိုး ကူညီမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီးတော့ အခုဆိုရင် လုပ်ငန်းပေါင်း ၅၀ ကျော်ကို ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Photo – ICRC
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top