တောင်ကိုရီးယားနိုင်ငံက ကိုယ်ပိုင်နည်းပညာနဲ့ တည်ဆောက်ထားတဲ့ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်

22-6-2022-yyl05.jpg

တောင်ကိုရီးယားနိုင်ငံက ကိုယ်ပိုင်နည်းပညာအသုံးပြု တည်ဆောက်ထားတဲ့ ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါပြီ။ ကိုရီးယားပြည်တွင်းဖြစ် နျူရီ ဒုံးပျံယာဉ်ပေါ်ကို ဂြိုဟ်တု ၅ လုံး တင်ဆောင်ပြီး အာကာသထဲ လွှတ်တင်ခဲ့တာပါ။

ဇွန်လ ၂၁ ရက်၊ ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ဆိုးလ်မြို့ရဲ့ တောင်ဘက် မိုင် ၃၁၀ ကွာဝေးတဲ့ ဂိုဟောင်ကောင်တီ၊ နာရိုအာကာသစင်တာကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ နျူရီဒုံးပျံဟာ ၁၅၄ ပေ ရှည်လျားပြီး အလေးချိန် တန် ၂၀၀ ရှိပါတယ်။ အခုလွှတ်တင်ခဲ့တဲ့ ဂြိုဟ်တုတွေဟာ ကမ္ဘာ့လေထု တိုင်းတာမှုလို ကမ္ဘာမြေစောင့်ကြည့်ရေးလုပ်ငန်းတွေကို ၂ နှစ်ကြာ လုပ်ဆောင်သွားမှာပါ။

ဒါဟာ တောင်ကိုရီးယားနိုင်ငံက ဒုတိယအကြိမ်မြောက် ဒုံးပျံလွှတ်တင်မှုဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလက ဂြိုဟ်တုပုံစံတူတစ်ခုကို အာကာသထဲ လွှတ်တင်ဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပါဘူး။ တောင်ကိုရီးယားနိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်ရောက်ရင် လကမ္ဘာပေါ်ကို အာကာသယာဉ်ဆင်းသက်နိုင်ဖို့ ရည်မှန်းဆောင်ရွက်နေတာပါ။

Ref: BBC & CNN

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top