ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းတိုးမယ်လို့ ဟာဇက် အခိုင်အမာပြော

480698CF00000578-0-image-a-32_1515715529738.jpg

ချဲလ်ဆီး အဓိကကွင်းလယ်လူ အီဒင်ဟာဇက်က အသင်းနဲ့စာချုပ်သက်တမ်းတိုး လက်မှတ်ရေးထိုးသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ ကွင်းလယ်လူ ဟာဇက်ဟာ သူရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတဲ့ ပရိသတ်တွေကို အခုလိုမျိုး အခိုင်အမာပြောဆိုခဲ့တာပါ။

ဘယ်လ်ဂျီယံကွင်းလယ်လူဟာ ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေထဲမှာ ထိပ်ဆုံးမှာပါဝင်နေသူ လည်းဖြစ်ပါတယ်။ ကွင်းလယ်လူ ဟာဇက်က ” ကျွန်တော့်အထင်တော့ ဂိုးသမား တော်တွိုက်စ် အသင်းနဲ့အရင် စာချုပ်ချုပ်မယ်၊ ပြီးရင် ကျွန်တော်လည်း အသင်းနဲ့ သက်တမ်းတိုး စာချုပ်လက်မှတ်ထိုးမယ်”လို့ ဇန်နဝါရီ ၁၁ ရက်နေ့ က လန်ဒန်မြို့မှာကျင်းပတဲ့ NBA ကစားပွဲကို တက်ရောက်ချိန်မှာ သူအနာဂတ်နဲ့ ပတ်သက်လို့ ပရိသတ်တွေကို ပထမဆုံးထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဂိုးသမား ကော်တွိုက်စ်ဟာ ချဲလ်ဆီးအသင်းနဲ့ တပတ်လုပ်ခ ပေါင် ၂ သိန်းရစေမယ့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ ဟာဇက်ဟာ လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေပါသေးတယ်။ ဒါပေမဲ့ ဟာဇက်ကသာ စာချုပ်သက်တမ်တိုးဖို့ ပယ်ချခဲ့မယ်ဆိုရင် အာဆင်နယ်မှာ တိုက်စစ်မှုး ဆန်းချက်ဇ် ဖြစ်နေသလို အခြေအနေမျိုး ကြုံရမှာကို ချဲလ်ဆီးအသင်းက မလိုလားလို့ စာချုပ်သစ်ချုပ်ဖို့ ပြင်ဆင်ခဲ့တာပါ။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : DailyMail : Eden Hazard confirms he WILL sign a new deal #KTN_yyl #Sports_yyl

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top