(၁၉)နှစ်အရွယ် လူငယ်ကို ပေါင်သန်း(၃၀)နဲ့ ဂျူဗင်တပ်အသင်း ခေါ်ယူ

4-1.jpg

ဂျူဗင်တပ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှုအဖြစ် အတ္တလန ္တာကွင်းလယ်လူ ကူလူဆက်စကီးကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)နဲ့ ခေါ်ယူခဲ့ပါတယ်။ ဂျူဗင်တပ်ဟာ ပြောင်းရွှေ့ကြေးကို (၅)ရစ်ခွဲပေးရမှာဖြစ်ပြီး စာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ်အထိ ရှိပါတယ်။ ဒါပေမဲ့ စာချုပ်အခြေအနေပေါ်မူတည်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၇.၆ သန်း တိုးမြှင့်သွားဖို့ ရှိနေပါတယ်။ ကူလူဆက်စကီးဟာ အတ္တလန ္တာကနေ ပါးမားအသင်းမှာ အငှားသွားရောက်ကစားနေသူဖြစ်ပြီး ဒီရာသီမှာ (၁၉)ပွဲကစား၊ (၄)ဂိုးသွင်း၊ (၇)ဂိုး ဖန်တီးနိုင်ခဲ့သူပါ။

ဂျူဗင်တပ်က သူ့ကို ခေါ်ယူခဲ့ပေမဲ့ ရာသီကုန်အထိ ပါးမားအသင်းမှာ အငှားပြန်ချပေးခဲ့ပါတယ်။ အသက်(၁၉)နှစ်ရှိတဲ့ ကူလူဆက်စကီးကို ဒီရာသီမှာ အင်တာမီလန်နဲ့ မန်ယူအသင်းတွေကလည်း ပစ်မှတ်ထားခဲ့ပါတယ်။ ကူလူဆက်စကီးဟာ ၂၀၁၆ ခုနှစ်မှာ ဆွီဒင်ကလပ် ဘရွမ်မာပေါ့ကာနာအသင်းကနေ အတ္တလန ္တာကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘရွမ်မာပေါ့ကာနာအသင်းကလည်း ပြောင်းရွှေ့ကြေး တစ်စိတ်တစ်ဒေသ ခံစားခွင့်ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top