နည်းပြ အယ်လီဂရီနဲ့ ချဲလ်ဆီးသဘောတူညီမှု ရထားလို့ သတင်းထွက်

Conte-Allegri_980x571.jpg

နည်းပြကွန်တီနေရာမှာ အစားထိုးဖို့ ချဲလ်ဆီးအသင်း အလိုရှိနေတဲ့ နည်းပြစာရင်းမှာဂျူဗင်တပ်နည်းပြ အယ်လီဂရီက ထိပ်ဆုံးမှာရှိနေပြီး လာမယ့်နွေရာသီမှာ ကွန်တီနေရာကို တာဝန်ယူဖို့ သဘောတူညီမှုရရှိထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရာသီကုန်ရင် ချဲလ်ဆီးအသင်းကနေ နည်းပြကွန်တီ ထွက်ခွာဖွယ်ရှိတယ်လို့ ထင်မှတ်နေကြပါတယ်။ အီတလီလက်ရွေးစင်အသင်းကို နည်းပြကွန်တီ တာဝန်ယူတဲ့ ၂၀၁၄ ခုနှစ်တုန်း ကလည်း အယ်လီဂရီက ကွန်တီရဲ့ဂျူဗင်တပ်နည်းပြနေရာမှာ အစားထိုးခံရဖူးသူ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့သတင်းတွေအရ ဂျူဗင်တပ်အသင်းကတော့ နည်းပြ အယ်လီဂရီကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ မလိုလားဘဲ စာချုပ်သက်တမ်းရှိနေတဲ့ ၂၀၂၀ အထိ အသင်းမှာ ဆက်ရှိစေချင်နေပါတယ်။

အယ်လီဂရီဟာ ဂျူဗင်တပ်နည်းပြအဖြစ် တာဝန်ယူတဲ့ ပထမဆုံး ၃ ရာသီအတွင်း ရာသီတိုင်း စီးရီးအေအမှတ်ပေးချန်ပီယံဆုရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး လက်ရှိရာသီမှာတော့ ဂျူဗင်တပ်ဟာ စီးရီးအေ ပြိုင်ပွဲမှာ အဆင့် ၂ နေရာမှာရှိနေပါတယ်။ နည်းပြ အယ်လီဂရီဟာ ဂျူဗင်တပ်အသင်းကို စီးရီးအေ ပြိုင်ပွဲ အောင်မြင်မှုရအောင် စွမ်းဆောင်ပေးရုံမက သူတာဝန်ယူတဲ့ သက်တမ်းအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲ နှစ်ကြိမ်တက်အောင် ကူညီပေးခဲ့ပြီးအဲဒီ နှစ်ကြိမ်စလုံး ဒုတိယသာ ရရှိခဲ့ပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : DailyMail : Allegri ‘agrees to take over at Chelsea next summer

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top