နှစ်တွေပြောင်းသွားလည်း စစ်မှန်တဲ့ချစ်ခြင်းတရားက မပြောင်းလဲကြောင်းပြသနေတဲ့ပုံများ

yyl-031-3.jpg

ကျွန်တော်တို့ဘဝမှာ ဖော်ပြဖို့ခက်ခဲတဲ့၊ နားလည်ဖို့ ခက်ခဲတဲ့အရာများစွာရှိပါတယ်။ အဲဒီအရာတွေထဲမှာ စစ်မှန်တဲ့ချစ်ခြင်းတရားလည်း တစ်ခုအပါအဝင်ပါပဲ။ စစ်မှန်တဲ့ချစ်ခြင်းတရားဆိုတာ ချစ်သူစုံတွဲတွေကြားမှာတင်ရှိတာမဟုတ်ပါဘူး။ မိဘနဲ့သားသမီး၊ သူငယ်ချင်းအချင်းချင်း၊ တိရစ္ဆာန်နဲ့လူသားတွေမှာလည်း စစ်မှန်တဲ့ချစ်ခြင်းတရားရှိကြပါတယ်။

တချို့လူတွေအတွက် စစ်မှန်တဲ့ချစ်ခြင်းတရားက အချိန်တွေနဲ့ကန့်သတ်ပစ်လိုက်လို့မရသလို အချိန်အကြာကြီးလည်း တည်မြဲနိုင်ပါတယ်။ စစ်မှန်တဲ့ချစ်ခြင်းတရားကို အချိန်တွေက ရပ်တန့်မပစ်နိုင်ကြောင်း၊ ဘယ်အရာကမှ သူတို့ရဲ့လမ်းကြောင်းမှာ အဟန့်အတားမဖြစ်ကြောင်း သက်သေပြနေတဲ့လူတွေရှိပါတယ်။ အဲဒီလိုသက်သေပြချက်တွေကို စာဖတ်ပရိသတ်တွေကို ပုံလေးတွေနဲ့ စုစည်းဖော်ပြပေးချင်ပါတယ်။ နှစ်တွေဘယ်လောက်ပြောင်းပြောင်း သူတို့ရဲ့စစ်မှန်တဲ့ချစ်ခြင်းတရားက ပြောင်းလဲမသွားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

(၁၅) နှစ်ကြာသွားတာတောင် သူငယ်ချင်းတွေဖြစ်နေဆဲပါပဲ

(၁၇) နှစ်ကြာတဲ့အထိ ခိုင်မြဲနေတဲ့ သူတို့လေးတွေရဲ့ချစ်ခြင်းတရား

နှစ် (၂၀) ကြာတဲ့အထိ တွဲလက်မဖြုတ်ကြသေးတဲ့ သူငယ်ချင်းတစ်စု

ချစ်ခြင်းမေတ္တာပေးရင် ချစ်ခြင်းမေတ္တာပြန်ရပါတယ်

ခိုင်မြဲတဲ့ချစ်ခြင်းမေတ္တာနဲ့ လွန်ခဲ့တဲ့ (၃၂) နှစ်ကနေရာလေးမှာ ဓာတ်ပုံပြန်ရိုက်ဖြစ်ခဲ့တဲ့ စုံတွဲ

အသက်အရွယ်အိုမင်းသွားတဲ့အထိ စစ်မှန်တဲ့ချစ်ခြင်းတရားနဲ့ အဘိုးအဘွားစုံတွဲ

(၄၅) နှစ်ကြာသွားလည်း အရင်ကအကျင့်တွေမပျောက်ကြသေးတဲ့ သူငယ်ချင်း (၂) ဦး

နှစ်တွေကြာတဲ့အထိ အတူတူရှိနေကြသူတွေ

နှစ်တွေဘယ်လောက်ပြောင်းပြောင်း မပြောင်းလဲသွားတဲ့ သူတို့လေးတွေရဲ့ချစ်ခြင်းတရား

ငယ်ငယ်က မင်္ဂလာပွဲတစ်ခုမှာတွေ့ဆုံခဲ့ကြတဲ့ ပန်းကြဲကောင်မလေးနဲ့ လက်စွပ်ဗန်းကိုင်ကောင်လေးတို့ကြားက စစ်မှန်တဲ့ချစ်ခြင်းတရား ( နှစ် (၂၀) အကြာမှာ လက်ထပ်ဖြစ်ခဲ့ကြပါသတဲ့)

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top