ဘယ်လောက်ပဲချစ်ချစ် အတူတူအသုံးမပြုသင့်တဲ့ အသုံးအဆောင်များ

39441914_567320197016502_4944596896409714688_n.jpg

အိမ်မှာ မိဘနဲ့ပဲဖြစ်ဖြစ်၊ ကျောင်းမှာ သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် တစ်ခါတစ်လေမှာ အသုံးအဆောင်ပစ္စည်းတွေကို ဘာပြဿနာမှမရှိလောက်ပါဘူး ဆိုပြီးတော့ ဝေမျှအသုံးပြုတတ်ကြပါတယ်။ ဒါက တကယ်တော့

မှားယွင်းတဲ့အယူဆတစ်ခုပါပဲ။ ကိုယ့်မှာပိုလျှံလို့ အခြားသူတစ်ယောက်ကို ဝေမျှတာကတော့ ကောင်းပေမဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေကိုတော့ မျှဝေပြီးတော့ မသုံးစွဲသင့်ပါဘူး။ အချစ်ဆုံးသူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်၊ လူကြီးမိဘတွေနဲ့ပဲဖြစ်ဖြစ် မျှဝေပြီး မသုံးစွဲသင့်တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဦးထုပ်၊ ခေါင်းဆောင်း၊ ဘီးတွေကို မျှဝေသုံးစွဲတာကို တတ်နိင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။ တကယ်လို့ ဦးထုပ်တစ်လုံးထဲကို အတူတူဆောင်းမယ်၊ ဘီးတစ်ချောင်းထဲကိုပဲ အတူတူဖြီးမယ်ဆိုရင် ကျွန်တော်တို့မျက်စိနဲ့မြင်ဖို့မလွယ်တဲ့ သန်းတွေက တစ်ဦးကနေ တစ်ဦးကို အလျင်အမြန် ပျံနှံစေနိင်ပါတယ်။

ဒီအချက်ကတော့ မိန်းကလေးတွေအတွက် အရေးကြီးပါတယ်။ ဒါဘာလဲဆိုတော့ အလှကုန်ပစ္စည်းတွေကိုလည်း မျှဝေမသုံးစွဲသင့်ပါဘူး။ ဘာလို့လဲဆိုတော့ အလှကုန်ပစ္စည်းတွေအသုံးပြုတဲ့အခါ အဓိကအားဖြင့် လက်နဲ့သာ အသုံးပြူကြရပါတယ်။ တကယ်လို့ သင်က သူငယ်ချင်းတစ်ယောက်ရဲ့အလှကုန်ပစ္စည်းတစ်ခုခုကို သုံးစွဲမိလိုက်မယ်ဆိုရင် မလိုလားအပ်တဲ့ အရေပြားပြဿနာတွေ ဖြစ်ပေါ်လာနိင်ပါတယ်။

တကယ်လို့ သင်က ခရီးတစ်ခုထွက်ရာမှာ ခြေအိတ်အလုံအလောက်မပါလာခဲ့ဘူးဆိုရင် အခြားသူရဲ့ ခြေအိတ်ကို မျှဝေပြီး အသုံးမပြုပါနဲ့။ ခြေအိတ်မှာ ကပ်တွယ်နေတဲ့ ပိုးမွှားတွေ၊ မှိုတွေက သင့်ဆီကိုရောက်ရှိလာပြီး ယားယံခြင်းနဲ့အတူ အဖုအပိန့်တွေ ဖြစ်ပေါ်လာနိင်ပါတယ်။

သွားတိုက်ဆေးနဲ့သွားတိုက်တံတွေကို ဘာအကြောင်းကြောင့်နဲ့မှ ဝေမျှပြီး မသုံးစွဲသင့်ပါဘူး။ တစ်ဦးတည်းသုံးမယ်ဆိုရင်တောင် သွားတိုက်တံတစ်ချောင်းကို ၃ လတစ်ခါ အသစ်တစ်ချောင်း ပုံမှန်လဲလှယ်ပေးသင့်ပါတယ်။ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် သွားပွတ်တံနဲ့ သွားတိုက်ဆေးက အလွန်အရေးကြီးတာကြောင့် သေသေချာချာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။

မုတ်ဆိတ်မွှေးရိတ်တဲ့ သင်တုန်းဓားတွေကိုလည်း မျှဝေမသုံးစွဲသင့်ပါဘူး။ မျှဝေသုံးစွဲမယ်ဆိုရင် ဓားသွားမှာကပ်နေတဲ့ မျက်စိနဲ့မမြင်ရတဲ့ ဘတ်တီးရီးယားပိုးမွှားတွေကပ်ပါလာနိင်ပြီး HIV လို ပိုးတွေပါ ကူးစက်နိုင်ပါတယ်။ ကပ်ပါးမှိုများကြောင့်လည်း အရေပြားယားယံတာတွေ ဖြစ်ပေါ်လာနိင်ပါတယ်။

နောက်တစ်ခုမျှဝေမသုံးစွဲသင့်တာက ရေချိုးတဲ့အခါအသုံးပြုတဲ့ ဂျီး(ကြေး)တွန်းကျောက်ပါ။ ရေချိုးတဲ့အခါ ဂျီး(ကြေး)တွန်းကျောက်ကို ခန္ဓာကိုယ်ပေါ်မှ ဆဲလ်အသေတွေ ဖယ်ရှားဖို့ အသုံးပြူကြပါတယ်။ များသောအားဖြင့် မိသားစုတစ်စုလုံး ဂျီး(ကြေး)တွန်းကျောက်တစ်ခုတည်းကိုသာ မျှဝေအသုံးပြူတတ်ကြပါတယ်။ တကယ်လို့မျှဝေသုံးစွဲမယ်ဆိုရင် ကပ်တွယ်ညိနေတဲ့ ဆဲလ်အသေတွေက အခြားတစ်ယောက်စီ ရောက်ရှိသွားနိင်ပြီး အရေပြားယားယံတာတွေဖြစ်ပေါ်နိင်ပါတယ်။ ဒါကြောင့် ဂျီး(ကြေး)တွန်းကျောက်အသုံးပြုမယ်ဆိုရင်တော့ မျှဝေမသုံးဘဲ သီးသန့်အသုံးပြုသင့်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ လူငယ်တွေ အထူးသတိပြုပြီးသုံးစွဲသင့်တဲ့ နားကြပ်များပဲဖြစ်ပါတယ်။ သူငယ်ချင်းအချင်းချင်းပဲဖြစ်စေ၊ ချစ်သူစုံတွဲပဲဖြစ်စေ သီချင်းနားထောင်တဲ့အခါ နားကြပ်တစ်ယောက်တစ်ဘက်တပ်ပြီး နားထောင်လေ့ရှိပါတယ်။ ဒါဟာ အန္တရာယ်ရှိတဲ့ အပြုအမူပဲဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးမွှားတွေ တစ်ယောက်ကနေ တစ်ယောက်ကို အလွယ်တကူ ကူးစက်စေနိင်တာကြောင့် မျှဝေအသုံးပြုတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

Ref: “Scientists have shared which everyday items you keep to yourself”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top