ဒူဘိုင်းလေယာဉ်ပြပွဲမှာ ကမ္ဘာ့ပထမဆုံး ပြိုင်ပွဲဝင် လျှပ်စစ်လေယာဉ်ကို မိတ်ဆက်ပြသ

yyl-005-11.jpg

နိုဝင်ဘာလ ၁၇ ရက်နေ့ကနေ ၂၁ ရက်အထိ ကျင်းပခဲ့တဲ့ ဒူဘိုင်းလေယာဉ်ပြပွဲမှာ Airbus ကုမ္ပဏီရဲ့ တွဲဖက်ကုမ္ပဏီဖြစ်တဲ့ Condor Aviation က လျှပ်စစ်လေယာဉ်ကို မိတ်ဆက်ပြသခဲ့ပါတယ်။ Condor Aviation ကုမ္ပဏီဟာ ၁၉၇၉ ခုနှစ်က ဖော်မြူလာအဲ လေယာဉ်ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ ထိုင်ခုံတစ်ခုံပါ Cassutt လေယာဉ်ကို မွမ်းမံတည်ဆောက်ထားတာဖြစ်ပါတယ်။

White Lightning လို့ အမည်ပေးထားတဲ့ လျှပ်စစ်လေယာဉ်ဟာ မော်တာနှစ်လုံး တပ်ဆင်ထားပြီး ဝင်ရိုးတစ်ခုတည်းမှာ နှစ်ဘက်လည်နိုင်တဲ့ဒလက်တွေ တင်ဆင်ထားပါတယ်။ အဲဒီလေယာဉ်ကို ဖော်မြူလာအဲ ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေအတိုင်း အမြင့်ဆုံးပါဝါအဖြစ် ၁၅၀ ကီလိုဝပ် ကန့်သတ်ထားပေမဲ့ တစ်နာရီ မိုင် ၃၀၀ နှုန်းအထိ ပျံသန်းနိုင်မယ်လို့ ဆိုပါတယ်။ အလေးချိန် ၁၀၀ ကီလိုဂရမ်ရှိပြီး တစ်နာရီ ၂၀ ကီလိုဝပ် စွမ်းအင်ရှိတဲ့ လစ်သီယမ်ဘက်ထရီတွေကို လေယာဉ်ကိုယ်ထည်အောက်မှာ တပ်ဆင်ထားပါတယ်။ ဘက်ထရီတစ်လုံး အားသွင်းထားရင် အမြင့်ဆုံးနှုန်းနဲ့ ၅ မိနစ်၊ အရှိန်လျှော့ပြီး ပျံသန်းရင် ၁၀ မိနစ် ပျံသန်းနိုင်ပါတယ်။ လျှပ်စစ်လေယာဉ်ဟာ အလေးချိန် ပေါင် ၈၂၀ ကျော်ရှိပြီး တောင်ပံနှစ်ဖက်ပါ ထည့်ပြီး တိုင်းတာရင် အလျား ၁၅ ပေ၊ အရှည် ၁၃ ပေ ရှိပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply