အလုပ်သစ်ရှာနေသူတိုင်းမှာရှိနေတတ်တဲ့ စိုးရိမ်ပူပန်မှုတွေ

job_01.jpg

အလုပ်တစ်ခုရှာဖွေတဲ့သူတိုင်းရဲ့စိတ်ထဲမှာ တွေးပူနေရတတ်တဲ့သောကတချို့ဆိုတာက ရှိကြစမြဲပါ။ ဒါက ပူနေရမယ့်ကိစ္စတော့မဟုတ်ပါဘူး။ ကိုယ်စိတ်ကူးထားတဲ့အလုပ်မျိုးမရခဲ့တောင် ကိုယ့်ဘဝကို ပျော်ပျော်ပဲဆက်ဖြတ်သန်းသွားလို့ရနေပါသေးတယ်။ ပူပန်မှုတွေကိုဖျောက်ပြီး ကိုယ်ကြိုးစားစရာကိုသာ ဆက်ကြိုးစားသွားရမှာပါပဲ။ အခုဒီဆောင်းပါးမှာ အလုပ်ရှာသူတိုင်း ရင်ဆိုင်ရလေ့ရှိတဲ့ပူပန်မှုတွေနဲ့ ဒါတွေကိုဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ဖော်ပြပေးထားပါတယ်။

အလုပ်သစ်ရှာနေသူ

အလုပ်သစ်ရှာနေသူ

(၁) အကြောင်းပြန်ကြားမှုမရလာမှာ

အကြောင်းပြန်ကြားမှုမရလာဘူးဆိုတာက အဲဒီအလုပ်နဲ့ကိုက်ညီဖို့လိုအပ်ချက်တစ်ခုခုရှိနေတာကြောင့်ဖြစ်ပါတယ်။ ငါဘာတွေမှားသွားလို့လဲ၊ ဒီအလုပ်မရလို့ နောက်ထပ်အလုပ်တစ်ခုမှာလည်း အဆင်ပြေနိုင်မှာမဟုတ်ဘူးလို့မတွေးလိုက်ပါနဲ့။ ကိုယ့်ရဲ့လိုအပ်ချက်တွေကိုပြင်ပါ။ ပြီးရင် နောက်ထပ်အလုပ်အသစ်တွေရှာဖွေပြီးလျှောက်လို့ရပါတယ်။

အလုပ်သစ်ရှာနေသူ

အလုပ်သစ်ရှာနေသူ

(၂) ကိုယ့်ကိုယ်ကိုယ်ဘယ်လိုဖော်ပြရမှန်း မရေမရာဖြစ်နေတာ

အလုပ်လျှောက်လွှာတစ်ခုမှာ ကိုယ့်ရဲ့အကြောင်းကိုပေါ်လွင်အောင်ဖော်ပြနိုင်ဖို့ကလည်း အရေးပါတဲ့ကိစ္စတစ်ခုပါ။ မပြနိုင်ရင်တော့ ကိုယ်လုပ်ချင်တဲ့အလုပ်ကိုရဖို့ အခွင့်အလမ်းနည်းမှာကျိန်းသေပါတယ်။ ဒီအလုပ်ကိုဘာကြောင့်လိုချင်ရသလဲဆိုတာပြောတဲ့နေရာမှာ ကိုယ်ကျွမ်းကျင်တဲ့လုပ်ငန်းနယ်ပယ်တွေမှာ ဘယ်လိုစွမ်းဆောင်နိုင်ကြောင်းဖော်ပြရမှာပါ။

အလုပ်သစ်ရှာနေသူ

အလုပ်သစ်ရှာနေသူ

(၃) ငြင်းပယ်ခံလိုက်ရမှာ

လျစ်လျူရှုခံရတာထက်ပိုဆိုးတာက ငြင်းပယ်ခံရခြင်းပါ။ ဘယ်သူမှဒါကိုသဘောမကျပါဘူး။ ကိုယ်တကယ်လိုချင်နေတဲ့အလုပ်တစ်ခုကိုလျှောက်ထားပြီး ငြင်းပယ်ခံရတယ်ဆိုရင်တော့ ကိုယ့်ရဲ့အိပ်မက်ကိုဖျက်ဆီးခံလိုက်ရသလိုခံစားရတတ်ပါတယ်။ မကစားတဲ့ကစားပွဲတစ်ခုမှ ာအနိုင်ရဖို့ဆိုတာမဖြစ်နိုင်သလို ကိုယ်မကြိုးစားရင်တော့ဘာမှရမလာနိုင်ပါဘူး။ အငြင်းခံရမှာကြောက်ပြီး အလုပ်မလျှောက်ရင်လည်း အလုပ်ရလာဖို့ ဘယ်တော့မှမမျှော်လင့်ပါနဲ့တော့။

အလုပ်သစ်ရှာနေသူ

အလုပ်သစ်ရှာနေသူ

(၄) ဒီအလုပ်ကို လုပ်မှလုပ်နိုင်ပါ့မလားတွေးမိတာ

အလုပ်တစ်ခုကနေ နောက်တစ်ခုကိုပြောင်းတဲ့အခါ တစ်ကပြန်စရတာမျိုးကိုကြုံရတတ်ပါတယ်။ အသစ်အသစ်သောအရာတွေက ကြိုလင့်နေတာပါ။ အဲဒါတွေကိုလုပ်နိုင်လောက်အောင် ကိုယ်ကအဆင်သင့်ဖြစ်ပြီလားဆိုတာ ပူပန်လာရပြန်ပါတယ်။ ပူပန်နေတာက ပြေလည်မသွားစေတဲ့အတွက် အဲဒီအသစ်တွေကြားမှာပဲ အံဝင်ခွင်ကျဖြစ်အောင်ကြိုးစားဖို့လိုတာကို မမေ့ထားပါနဲ့။

(၅) အပြောင်းအလဲကိုရင်ဆိုင်ရမှာ

အရင်အလုပ်မှာ မုန်းလောက်အောင်အလုပ်များပြီး နိုးကြားတက်ကြွနေရတာမျိုးမရှိခဲ့ဖူးရင် အလုပ်အသစ်မှာနေသားကျဖို့က အတော်လေးပြန်ကြိုးစားရနိုင်ပါတယ်။ အချိန်အတော်ကြာအောင်နေသားကျလာခဲ့တဲ့အခြေအနေကနေ ရုတ်ချည်းပြောင်းလိုက်ဖို့ခက်ခဲတတ်တာက သဘာဝတော့ကျပါတယ်။ ဒါပေမဲ့ အပြောင်းအလဲ ဆိုတာက ဆုလာဘ်တွေကိုယူလာပေးတတ်တဲ့အရာမျိုးပါ။ ဒါကြောင့် ကြိုးစားဖျစ်ညှစ်ပြီးပြောင်းလဲပါ။ ရှေ့ဆက်သွားလိုက်ပါ။

(၆) မှန်းထားတဲ့လစာပမာဏအတိုင်းမရနိုင်မှာ

ကိုယ်အမှန်တကယ်လုပ်ချင်နေတဲ့အလုပ်ဖြစ်နေခဲ့ရင် ငွေကြေးက ဒုတိယနေရာကိုရောက်သွားတတ်ပါတယ်။ အရာရာတိုင်းကိုငွေနဲ့ တန်ဖိုးဖြတ်ဝယ်လို့မရပေမဲ့လို့ အခြေခံလိုအပ်ချက်တွေအတွက်ကတော့ ငွေကြေးဆိုတာကို လိုအပ်ပြန်ပါတယ်။ ဒီတော့ အလုပ်ကရမယ့်လုပ်ခလစာကိုလည်းထည့်တော့တွက်ရမှာပါ။ လခညှိုနှိုင်းမှုနဲပပတ်သက်လို့ မပြောတတ်ဖြစ်နေရင် လက်ရှိလုပ်ခလစာနှုန်းထားတွေကို အင်တာနက်ကနေ ကြိုတင်လေ့လာသွားပါ။ သတိထားရမှာက ကိုယ်လိုချင်တဲ့လခထက်ပိုမြင့်တဲ့ပမာဏလောက်တောင်းဆိုထားဖို့ပါပဲ။ ဒါမှပြန်ညှိုနှိုင်းတဲ့အခါ ကိုယ်လိုချင်တဲ့ပမာဏနဲ့ နီးစပ်နိုင်မှာဖြစ်ပါတယ်။

လက်ရှိမှာကိုယ်က အလုပ်မရှိဖြစ်နေတာလား၊ နောက်အလုပ်သစ်တစ်ခုဆီပြောင်းချင်နေတာလား ဘာပဲဖြစ်ဖြစ် အလုပ်ရှာတဲ့အခါမှာ ဘာပူပန်စိတ်ထားမနေပါနဲ့။ ဘယ်အရာမဆို သင်္ခါရသဘောရှိတာကြောင့် အဆိုးပြီးရင် အကောင်းကိုပြန်ကြုံရပါလိမ့်မယ်။ လိုအပ်တာတွေကိုပြင်ဆင်ပြီး အခွင့်အလမ်းကောင်းတွေကို မျက်ခြေမပြတ် ဆက်လက်ရှာဖွေနိုင်ကြပါစေ…။

Ref: Lifehack.org “Common Fears of Every Job Seeker and How to Deal with Them”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top