ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှုတွေကို သက်သာသွားစေမယ့် မရှိမဖြစ်ဆီ (၆) မျိုး

period_07.jpg

ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု

လစဉ်လတိုင်း ဓမ္မတာလာတာနဲ့အတူ နာကျင်ကိုက်ခဲမှုတွေက အမြဲတမ်း ဒွန်တွဲလို့နေပါတယ်။ တချို့အမျိုးသမီးတွေဆိုရင် ဓမ္မတာလာတဲ့အခါမျိုးမှာ ဗိုက်အောင့်တာ၊ နာကျင်ကိုက်ခဲတာတွေကို မခံမရပ်နိုင်အောင် ခံစားရပြီး အကိုက်အခဲပျောက်ဆေးတွေသောက်ရသလို နည်းမျိုးစုံနဲ့လည်း ကုသရပါတယ်။ ဓမ္မတာလာချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကို သက်သာသွားစေချင်ရင်တော့ မရှိမဖြစ်ဆီတွေကလည်း အစွမ်းထက်ပါတယ်။ မရှိမဖြစ်ဆီ (၂ -၃) စက်ကို ဗိုက်မှာလိမ်းပြီး နှိမ်နယ်ပေးတာ (သို့) ရေချိုးတဲ့အခါ ရေထဲထည့်ချိုးတာတွေလည်း လုပ်ပေးမယ်ဆိုရင် ဓမ္မတာလာချိန်ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာသွားစေမှာပါ။ ဒါကြောင့် ဓမ္မတာလာခြင်းကြောင့် နာကျင်ကိုက်ခဲမှုတွေကို သက်သာသွားစေမယ့် မရှိမဖြစ်ဆီတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု

ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု

လာဗင်ဒါဆီ

လာဗင်ဒါဆီက ရောင်ရမ်းနာကျင်ခြင်းတွေကို ဆန့်ကျင်ပေးတဲ့ဂုဏ်သတ္တိတွေ ပါဝင်တဲ့အတွက်ကြောင့် ရာသီလာချိန်ဖြစ်တတ်တဲ့ဝေဒနာတွေကို သက်သာသွားစေဖို့ ကူညီပေးပါတယ်။ ရာသီလာတဲ့အခါ သွေးကြောတစ်ဝိုက်မှာ ရောင်ရမ်းနာကျင်တာတွေဖြစ်တာကြောင့် လာဗင်ဒါဆီက သင့်ရဲ့ကြွက်သားတွေကို ပြေလျော့သွားအောင် ကူညီပေးပါတယ်။

ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု

ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု

သစ်ကြံပိုးခေါက်ဆီ

သစ်ကြံပိုးခေါက်က သားအိမ်နာကျင်ခြင်းကို လျော့ချတဲ့နေရာမှာ ထိရောက်ပါတယ်။ သစ်ကြံပိုးခေါက် (၂) စက်၊ (၃) စက်ကို သင့်လက်ထဲထည့်ပြီး ဝမ်းဗိုက်အောက်မှာ ပွတ်လိမ်းပေးရမှာပါ။ အဲဒီလိုလိမ်းပေးမယ်ဆိုရင် ရာသီလာတဲ့အချိန် နာကျင်ခြင်းတွေကို သက်သာသွားအောင် ကူညီပေးပါလိမ့်မယ်။

ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု

ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု

ကလျာဏီဆီ

ဒီဆီကလည်း ကြွက်သားနာကျင်ကိုက်ခဲတာတွေကို သက်သာသွားတဲ့ဆီအဖြစ် လူသိများပါတယ်။ ခန္ဓာကိုယ်အတွင်းက ဟော်မုန်းပမာဏညီအောင် ကူညီပေးပြီး စိတ်မတည်ငြိမ်တာ၊ ဖောရောင်တာတွေကဲ့သို့ လက္ခဏာရပ်တွေကိုလည်း ပြေပျောက်သွားအောင် ကူညီပေးနိုင်ပါတယ်။

ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု

ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု

ရိုမန် ချာမိုမိုင်းဆီ

ဒီဆီကို နာကျင်မှုတွေသက်သာသွားအောင် ရှေးခေတ်က အသုံးပြုခဲ့ကြပါတယ်။ ရိုမန် ချာမိုမိုင်းက ရာသီလာချိန်နာကျင်ကိုက်ခဲတဲ့အခါမျိုးမှာလည်း အတော်လေးထိရောက်ပါတယ်။ ရေဇလုံထဲကို ဆီအနည်းငယ်ထည့်ပြီး သင့်ခြေထောက်ကို စိမ်ထားလိုက်ပါ။ ဒါက နာကျင်ကိုက်ခဲခြင်းတွေကို ကုသဖို့ ရှေးခေတ်က အီဂျစ်လူမျိုးတွေရဲ့နည်းလမ်းဖြစ်ပါတယ်။

ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု

ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု

လေညှင်းဆီ

လေညှင်းဆီက ရာသီလာချိန်နာကျင်ကိုက်ခဲမှုတွေကနေ အလျင်အမြန်သက်သာသွားစေနိုင်သလို ရာသီလာတဲ့ရက်ကိုလည်း တိုတောင်းသွားစေပါတယ်။ ဒါ့အပြင် ဒီဆီက ရာသီသွေးအဆက်မပြတ်လာနေတာကိုလည်း ကန့်သတ်ပေးပါတယ်။

ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု

ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု

ပက်ပါမင့်ဆီ

ပက်ပါမင့်ဆီက ခေါင်းကိုက်တာ၊ အအေးမိတာ၊ ကြွက်သားနာကျင်တာတွေအတွက် အတော်လေး ထိရောက်ပါတယ်။ ဒီဆီက ရာသီလာချိန်ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုတွေကို ပြေလျော့အောင်လည်း ကူညီပေးပါတယ်။

Ref: TOI “6 essential oils that will ease your menstrual cramps”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top