ပဲခူးရေဘေးသင့် အိမ်ခြေ ၆၀၀ အတွက် အခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများကို Samsung Myanmar လှူဒါန်း

18.10.23-yyl-7.jpg

Samsung Myanmar ၏ Love & Care လူမှုအကျိုးပြုအစီအစဉ်မှ ပဲခူးမြို့တွင်းရှိ သဘာဝရေဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် စုစုပေါင်း ကျပ်သိန်း ၁၅၀ တန်ဖိုးရှိ အခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က သွားရောက်လှူဒါန်းခဲ့သည်။ ရေကြီး၊ ရေလျှံမှုအပြီး ရေဘေးဒဏ်ကြောင့် ထိခိုက်မှုအများဆုံးဖြစ်သည့် ဖောင်တော်ဦး အနိမ့်ပိုင်းအခြမ်းများရှိ ရေဘေးသင့်အိမ်ခြေ ၆၀၀ အတွက် ပြည်သူများ အမှန်တကယ်လိုအပ်နေသည့် ဆန်၊ ဆီအပါအဝင် အလွယ်တကူ ချက်ပြုတ် စားသုံးနိုင်သော အစားအသောက်များ၊ လူသုံးကုန်ပစ္စည်းများကို ဂရုဏာလက်များ လူမှုကူညီရေး ပရဟိတအသင်း (ပဲခူးမြို့) နှင့်ပူးပေါင်းကာ လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

“အခုလို မမျှော်လင့်ပဲ ကျရောက်ခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ကျွန်တော်တို့ အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ ဒီလိုအချိန်မှာ Samsung Myanmar အနေနဲ့ သဘာဝရေဘေးဒဏ်ခံစားခဲ့ရတဲ့ ပဲခူးမြို့က ပြည်သူတွေနဲ့အတူ တစ်သားတည်း ရှိနေပြီး မြေပြင်ကသူတွေရဲ့ အကြံပြုချက်အတိုင်း ပြည်သူတွေ တကယ်လိုအပ်နိုင်မယ့် ပစ္စည်းတွေကို တတ်စွမ်းသမျှ ရွေးချယ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း လိုအပ်မှုတွေရှိနေတဲ့ နေရာတွေမှာ Samsung Myanmar အနေနဲ့ တတ်စွမ်းသမျှ ဖြည့်ဆည်းကူညီမှုတွေ ထပ်မံ ပြုလုပ်သွားဦးမှာပါ။” ဟု Samsung Myanmar ၏ Head of Mobile Experience Group ဖြစ်သူ ကို တင်မောင်ဝင်းမှ ပြောကြားခဲ့ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top