ယာဉ်တိုက်မိတဲ့ဖြစ်ရပ်ကို ဝန်ခံတဲ့ ဟာမီလ်တန်ကို အတုယူဖို့ ဖာရာရီအသင်းသားတွေကို အကြီးအကဲဟောင်း တိုက်တွန်း

yyl-009-7.jpg

ဗြိတိန်ကားမောင်းသမား ဟာမီလ်တန်ကို အတုယူပြီး ဘရာဇီးဂရင်းပရီပြိုင်ပွဲမှာ အချင်းချင်း တိုက်မိခဲ့တဲ့ဖြစ်ရပ်အတွက် မှန်မှန်ကန်ကန် ဝန်ခံကြဖို့ ဖာရာရီအသင်း ပြိုင်ကားမောင်းသမား ၂ ယောက်ကို ဖာရာရီအသင်း အကြီးအကဲဟောင်း ရော့စ်ဘရွန်းက တိုက်တွန်းခဲ့ပါတယ်။

ဖာရာရီအသင်း ပြိုင်ကားမောင်းသမားတွေဖြစ်တဲ့ ဆီဘက်ရှန်ဗက်တဲနဲ့ ချားစ်လီကလက်တို့ဟာ ဘရာဇီးဂရင်းပရီပြိုင်ပွဲမှာ ၅ ပတ်ပတ်ဖို့ ကျန်နေသေးချိန်မှာ သူတို့အချင်းချင်း တိုက်မိခဲ့တာပါ။ ဒါပေမဲ့ သူတို့ ၂ ယောက်လုံးက ဘယ်သူ့အပြစ်ဆိုတာ ဝန်ခံခဲ့ခြင်းမရှိပါဘူး။ ဗြိတိန်ကားမောင်းသမား ဟာမီလ်တန်ကတော့ ပွဲချိန်နှောင်းပိုင်းမှာ ရက်ဘူးလ်အသင်း ကားမောင်းသမား အဲလက်စ်အယ်ဘွန်နဲ့ တိုက်မိခဲ့တာ သူ့အပြစ်လို့ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ ကားတိုက်မိတဲ့အတွက် ဟာမီလ်တန်ဟာ ၅ စက္ကန့်ပြစ်ဒဏ် ချမှတ်ခံခဲ့ရလို့ အဆင့်(၃)နေရာကနေ အဆင့်(၇)နေရာအထိ ရောက်ရှိသွားသလို အယ်ဘွန်ဟာလည်း ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ် ဆုဆွတ်ခူးနိုင်ခွင့် ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမဲ့ ဖာရာရီအသင်း ကားမောင်းသမားတွေကတော့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းမရှိပါဘူး။

ဖာရာရီအသင်း ပြိုင်ကားနှစ်စီး တိုက်မိခဲ့တဲ့ဖြစ်ရပ်မှာ ဆီဘက်ရှန်ဗက်တယ်က ပိုမှားခဲ့တဲ့ အနေအထားရှိပါတယ်။ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ မာစီးဒီးစ်အသင်း လွှမ်းမိုးမှုကို အဆုံးသတ်ချင်တယ်ဆိုရင် ဖာရာရီအသင်းက ပိုကောင်းတဲ့ကားတွေ ပ့ံပိုးပေးဖို့ လိုသလို အခုလို တိုက်မိတဲ့ဖြစ်ရပ်မျိုး နောက်တစ်ခေါက် မဖြစ်အောင် ဂရုစိုက်ဖို့ လိုတယ်လို့ ရော့စ်ဘရွန်းက မှတ်ချက်ပေးခဲ့ပါတယ်။ ဖာရာရီအသင်းအတွက် မိုက်ကယ်ရှူးမေဂါက ၅ နှစ်ဆက်တိုက် ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ချိန်တုန်းက ရော့စ်ဘရွန်းဟာ ဖာရာရီအသင်းမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သူပါ။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top