မက္ကဆီကိုနိုင်ငံမှာ ကလေးတွေကို သရေစာနဲ့ သကြားပါတဲ့ အချိုရည်ရောင်းချမှု ပိတ်ပင်

30-7-2020-yyl-019.jpg

မက္ကဆီကိုနိုင်ငံ အောက်ဆာကာပြည်နယ်မှာ အဝလွန်ခြင်းနဲ့ ဆီးချိုသွေးချိုပမာဏ လျှော့ချဖို့ ကြိုးပမ်းမှုအဖြစ် ကလေးငယ်တွေကို သရေစာတွေနဲ့ သကြားပါတဲ့ အချိုရည်တွေ ရောင်းချမှု ပိတ်ပင်ခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဝလွန်ကလေးငယ်ပမာဏ အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး အောက်ဆာကာပြည်နယ်ကတော့ မက္ကဆီကိုနိုင်ငံရဲ့ ပြည်နယ်တွေထဲမှာ အခုလို ဥပဒေထုတ်ပြန်တဲ့ ပထမဆုံးပြည်နယ်ပါ။ ဥပဒေချိုးဖောက်သူတွေဟာ ဒဏ်ငွေရိုက်ခံရမှာဖြစ်ပြီး သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေလည်း ပိတ်သိမ်းခံရမှာပါ။ နောက်တစ်ကြိမ် ထပ်ပြီးကျူးလွန်ရင်တော့ ထောင်ဒဏ်ချမှတ်ခံရမှာ ဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၀၀၀၀ လောက် ရှိလာခဲ့ပြီးနောက်မှာ အခုလို ဥပဒေထုတ်ပြန်ခဲ့တာပါ။ မက္ကဆီကိုနိုင်ငံဟာ အမေရိကန်နဲ့ ဘရာဇီးနိုင်ငံတို့ပြီးရင် ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။

အဝလွန်ခြင်းနဲ့ ခန္ဓာကိုယ်အလေးချိန် များပြားတာဟာ ပြင်းထန်တဲ့ ဝေဒနာတွေ ခံစားရနိုင်ခြေ ဒါမှမဟုတ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရနိုင်ခြေများတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ ၁၉၉၆ ခုနှစ်က မက္ကဆီကိုနိုင်ငံမှာ လူဦးရေရဲ့ ငါးပုံ၊ တစ်ပုံသာ အဝလွန်ခဲ့ပေမဲ့ အခုအခါမှာတော့ အဝလွန်သူ ၇၃ ရာခိုင်နှုန်းလောက် ရှိနေတယ်လို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းရဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top