အိမ်မီးလောင်တဲ့အချိန် အိမ်မွေးတိရစ္ဆာန်တွေကို ကယ်တင်ဖို့ ကြိုးစားရင်းနဲ့ သေဆုံးခဲ့ရတဲ့ အဘိုးအဘွားဇနီးမောင်နှံ

2-8-2022-yyl04.jpg

ကယ်လီဖိုးနီးယားပြည်နယ်က အသက်ရွယ်အိုမင်းလှတဲ့ စုံတွဲတစ်တွဲရဲ့ မိသားစုဝင်တွေဟာ ဝမ်းနည်းပူဆွေးနေကြရပါတယ်။ ဘာလို့လဲဆိုရင် အိမ်မီးလောင်နေတဲ့အချိန် အိမ်မွေးတိရစ္ဆာန်တွေကို ကယ်တင်ဖို့ ကြိုးစားရင်းနဲ့ အဲဒီအဘိုးအဘွားဇနီးမောင်နှံ သေဆုံးသွားခဲ့ရလို့ပါပဲ။

စနေနေ့ညက ကာရို ကာတီ (အသက် ၈၁ နှစ်) နဲ့ ဂျိမ်း ကာတီ (အသက် ၈၂ နှစ်) တို့ရဲ့နေအိမ် မီးလောင်ခဲ့ပါတယ်။ မီးသတ်သမားတွေက သူတို့ဇနီးမောင်နှံကို အိမ်ထဲကနေ ကယ်ထုတ်နိုင်ခဲ့ပေမဲ့ ဆေးရုံရောက်ပြီး မကြာခင် သေဆုံးသွားခဲ့ပါတယ်။ သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေလည်း သေဆုံးခဲ့ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေက ခွေးလေး၊ ကြောင်လေးတွေဆိုတာကလွဲလို့ သူတို့မှာ အိမ်မွေးတိရစ္ဆာန် ဘယ်နှစ်ကောင်ရှိလဲဆိုတာတော့မသိရပါဘူး။ မီးလောင်ရတဲ့အကြောင်းရင်းကိုလည်း ပြောပြထားခြင်းမရှိပါဘူး။

“အဘိုးနဲ့အဘွားက သူတို့ရဲ့အိမ်ထဲကနေ အိမ်မွေးတိရစ္ဆန်လေးတွေကို အရင်ဆုံး ကယ်ထုတ်ဖို့ ကြိုးစားနေခဲ့တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားတယ်။ ကံမကောင်းစွာနဲ့ပဲ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ကယ်မထုတ်နိုင်ခဲ့ဘူး”လို့ အဘိုးအဘွားရဲ့မြေးလေး ဘရိန်းက ပြောပါတယ်။အဘိုးနဲ့အဘွားက သူတို့ရဲ့တိရစ္ဆာန်လေးတွေကို အခြားသူတွေဆီက ကယ်တင်ထားတာပါ။ သူတို့ကို ချစ်မြတ်နိုးပြီး သူတို့သေဆုံးသွားတဲ့အထိတောင် တိရစ္ဆာန်လေးတွေကို ကယ်တင်နေခဲ့တယ်လို့ ဘရိန်းကဆိုပါတယ်။

ဘရိန်းက အဘိုးနဲ့အဘွားရဲ့နာရေးစရိတ်အတွက် Go Fund Me ပေ့ချ်နဲ့ ရန်ပုံငွေရှပေးနေပါတယ်။ အခုဆို ရည်မှန်းထားတဲ့ ရန်ပုံငွေပမာဏ ဒေါ်လာ ၃၀၀၀၀ မှာ ဒေါ်လာ ၄၀၀၀ ကျော်ရရှိထားပါတယ်။

Ref: People “Elderly Couple Dies After Trying to Save Pets in House Fire, Family Says”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top